သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြနေပေမဲ့ ထိုင်းဝန်ကြီးချုပ် ထွက်ပေးမှာမဟုတ်


ဘန်ကောက်မြို့က ဆန္ဒပြသူများ (ဇန်နဝါရီ ၁၄၊ ၂၀၁၄၊ အင်္ဂါနေ့)
ဘန်ကောက်မြို့က ဆန္ဒပြသူများ (ဇန်နဝါရီ ၁၄၊ ၂၀၁၄၊ အင်္ဂါနေ့)
ဘန်ကောက်မြို့တော်မှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အကြီးအကျယ် ဖြစ်ပွားနေခဲ့ပေမဲ့ ထိုင်းဝန်ကြီးချုပ် Yingluck Shinawatra ကတော့ ရာထူးက နှုတ်ထွက်ပေးဖို့ အတိုက်အခံတွေရဲ့ တောင်းဆိုမှုကို လိုက်လျောလိမ့်မယ် မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။

သူ့အနေနဲ့ ဝန်ကြီးချုပ်အဖြစ် ဆက်လက် ရပ်တည်သွားဖို့ ဖွဲ့စည်းပုံဥပဒေအရ တာဝန်ရှိနေပြီးတော့ ပူးပေါင်းဆောင်ရွက်မှု၊ စေ့စပ်ညှိနှိုင်းမှုတို့နဲ့သာ လအတန်ကြာ ဖြစ်လာခဲ့တဲ့ တိုင်းပြည်ရဲ့ နိုင်ငံရေးအတားအဆီးကို ဖြေရှင်းနိုင် မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ထောင်ပေါင်းများစွာသော အတိုက်အခံ ဆန္ဒပြသမားတွေ ဘန်ကောက်မြို့တော် ရဲ့ အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းသွားအောင် တောင်းဆို ဆန္ဒပြခဲ့ကြတဲ့ ဒုတိယနေ့မှာ ဝန်ကြီးချုပ် ယင်လတ်က အခုလို ပြောကြားလိုက်တာပါ။

ဆန္ဒပြခေါင်းဆောင် ဒုတိယဝန်ကြီးချုပ်ဟောင်း Suthep Thaugsuban ကတော့ ဆက်လက် ဆန္ဒပြသွားမှာဖြစ်ပြီး၊ ဝန်ကြီးချုပ်က အစောတလျင် ရာထူးက နှုတ်ထွက်မပေးဘူးဆိုရင် သူ့ရဲ့ပြိုင်ဖက်ဖြစ်တဲ့ ဒီဝန်ကြီးချုပ်နဲ့ သူ့ဝန်ကြီးတွေကို ထိန်းသိမ်းရမယ်လို့တောင် ခြိမ်းခြောက်လိုက်ပါသေးတယ်။

ဆန္ဒပြသမားတွေဟာ ဘန်ကောက်မြို့တော်ကို ပိတ်ဆို့ဖို့ ရည်ရွယ်ခဲ့ကြပေမဲ့ အင်္ဂါနေ့မှာတော့ ယာဉ်အသွားအလာ ပါးသွားတာကလွဲလို့ နေရာအတော် များများမှာ ပုံမှန်ရှိနေခဲ့ပါတယ်။
XS
SM
MD
LG