သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်သူတွေအပေါ် အကြမ်းမဖက်ဖို့ အစိုးရကို ထိုင်းတရားရုံး သတိပေး


ထိုင်းအစိုးရအနေနဲ့ ဆန္ဒပြသူတွေကို အင်အားသုံး ဖြိုခွင်းခြင်း မလုပ်ဖို့ တရားရုံးက အမိန့်ထုတ်ပြန်လိုက်ပါတယ်။ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့အကြား အကြမ်းဖက်မှုတွေ ဖြစ်ပေါ်ခဲ့ရာက လူ ၅ ဦးသေဆုံးပြီး တရက်အကြာမှာ တရားရုံးက အခုလို အမိန့်ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ဇန်နဝါရီလကုန်ပိုင်းတုန်းက အစိုးရက ထုတ်ပြန်ထားတဲ့ ရက် ၆၀ အရေးပေါ် ကြေညာချက်ကို ဖျက်သိမ်းပေးဖို့ အတိုက်အခံတွေရဲ့ တောင်းဆိုချက်ကိုတော့ အရပ်ဖက်တရားရုံးက ဒီကနေ့ ပယ်ချလိုက်ပါတယ်။

ဘန်ကောက်မြို့တော်မှာ သပိတ်စခန်းဖွင့် ဆန္ဒပြသူတွေနဲ့ အတိုက်အခံ ခေါင်းဆောင်တွေကို ဖမ်းဆီး ထိန်းသိမ်းဖို့ အစိုးရက အဲဒီ အရေးပေါ် ကြေညာချက်ကို အသုံးပြုနေတာ ဖြစ်ပါတယ်။

ဘန်ကောက်မြို့လယ်မှာ အင်္ဂါနေ့ နေ့လည်ပိုင်းက ဖြစ်သွားခဲ့တဲ့ ထိပ်တိုက် ရင်ဆိုင်မှုတွေအတွင်း ဆန္ဒပြသူ ၄ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် တဦးတို့ သေဆုံးခဲ့ပြီး ဒါဇင်နဲ့ချီ ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။

အကြမ်းဖက်မှုတွေ မနေ့က ဖြစ်ပေါ်ခဲ့ပေမဲ့ အတိုက်အခံတွေက ဆန္ဒပြပွဲတွေ ဒီကနေ့ ဆက်လက် ပြုလုပ်နေပြီး ထိပ်တိုက်ရင်ဆိုင်မှုတွေတော့ ထပ်မံ မဖြစ်တော့ပါဘူး။
XS
SM
MD
LG