သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကောက်အရေးပေါ် အခြေအနေ ရုပ်သိမ်း


ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ၂ လလောက်တုန်းက အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ကိုင်တွယ်နိုင်ဖို့ ပြဌာန်းထားတဲ့ အရေးပေါ် အခြေအနေ သတ်မှတ်ထားတာကို အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ လျော့ကျလာနေတဲ့ အခုချိန်မှာ ပြန်လည် ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။

ဒီလို လုပ်ဆောင်ရတာကတော့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူ နည်းပါးလာတာနဲ့ ခရီးသွားလုပ်ငန်းကို အထောက်အကူ ဖြစ်စေရေး နှစ်ရပ်စလုံးအတွက် အခုလို ရုပ်သိမ်းလိုက်တာ ဖြစ်တယ်လု့ိ ထိုင်းအကြီးတန်း အရာရှိတွေက ပြောပါတယ်။

အတိုက်အခံ ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ချိန် နိုဝင်ဘာလက စလို့ နိုင်ငံရေး အကြမ်းဖက်မှုတွေကြောင့် လူ ၂၃ ဦး သေဆုံးခဲ့ရသလို ရာပေါင်းများစွာသော လူတွေလည်း ဒဏ်ရာ ရခဲ့ပါတယ်။

တချိန်က ဆန္ဒပြသူတွေက ဘန်ကောက်မြို့ နေရာ အတော်များများကို သိမ်းပိုက်ခဲ့ကြပေမဲ့ အခုချိန်မှာတော့ ဘန်ကောက်မြို့ထဲက ပန်းခြံကိုပဲ အဓိကထား နေရာယူထားကြတာပါ။

ဝန်ကြီးချုပ် ယင်းလတ် ရာထူးက ဆင်းပေးဖို့ ဆန္ဒပြသူတွေက တောင်းဆိုနေကြပြီး သူမရဲ့ အစိုးရဟာ လွန်လွန်ကျွံကျွံ အကျင့်ပျက်နေတယ်လို့လည်း ပြောဆိုကြပါတယ်။

အရေးပေါ် အခြေအနေ သတ်မှတ်ထားတာကနေ ဗုဒ္ဓဟူးနေ့မှာတော့ တခြား သိပ်မပြင်းထန်လှတဲ့ အထူးဥပဒေ ပြည်တွင်း လုံခြုံရေး အက် ဥပဒေနဲ့ အစားထိုးမယ်လို့လည်း အရာရှိတွေက ပြောပါတယ်။ ဒီဥပဒေ အသစ်ကတော့ ဆန္ဒပြသူတွေကို ကိုင်တွယ်တဲ့နေရာမှာ လုံခြုံရေးအဖွဲ့တွေအနေနဲ့ ညမထွက်ရ အမိန့်တွေ၊ လုံခြုံရေး စစ်ဆေးရေး စခန်းတွေနဲ့ တခြား ကန့်သတ်ချက်တွေကို သုံးဖို့ ဆက်ပြီး ခွင့်ပြုထားတာ ဖြစ်ပါတယ်။
XS
SM
MD
LG