သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကောက်ကုန်တိုက်ပစ်ခတ်မှုမှာ တရုတ်လူမျိုးသေဆုံးသွားတဲ့အပေါ် ထိုင်းဝန်ကြီးချုပ်တောင်းပန်


ထိုင်းနိုင်ငံ ဘန်ကောက်မြို့က Siam Paragon ကုန်တိုက်ပစ်ခတ်မှုဖြစ်ပြီးတရက်အကြာ သတင်းထောက်တွေကို ဖြေကြားနေတဲ့ ထိုင်းဝန်ကြီးချုပ် Srettha Thavisin (အောက်တိုဘာ ၄၊ ၂၀၂၃)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့က Siam Paragon ကုန်တိုက်ပစ်ခတ်မှုဖြစ်ပြီးတရက်အကြာ သတင်းထောက်တွေကို ဖြေကြားနေတဲ့ ထိုင်းဝန်ကြီးချုပ် Srettha Thavisin (အောက်တိုဘာ ၄၊ ၂၀၂၃)

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ အင်္ဂါနေ့က ပစ်ခတ်မှုအတွင်း တရုတ်ခရီးသွားတဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်လို့ တရုတ်သံအမတ်ကြီး ကို တောင်းပန်ခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ် Srettha Thavisin (ဆက်သာ သာဗီစင်)က ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားခဲ့ပါတယ်။

“ဒီပစ်ခတ်မှုနဲ့ပတ်သက်လို့ အချက်အလက်အားလုံးသိရပြီးနောက် တရုတ်သံအမတ်ကြီးကို ဖုန်းခေါ်ပြီး ကျနော်တောင်းပန်ခဲ့ပါတယ်။ ထိုင်းအစိုးရအနေနဲ့ တတ်နိုင်သမျှ အဘက်ဘက်ကနေဆောင်ရွက်နေတယ်ဆိုတာကို အသေအချာ သူ့ကိုပြောပြခဲ့ပါတယ်” - လို့ ထိုင်းဝန်ကြီးချုပ်က ပြောသွားတာပါ။

ဒါအပြင် ဒီပစ်ခတ်မှုဟာ တရုတ်အစိုးရနဲ့ တရုတ်ခရီးသွားတွေရဲ့ ယုံကြည်မှုကို ထိခိုက်စေမှာမဟုတ်ဘူးလို့ တရုတ်သံအမတ်ကြီးက သူ့ကို ပြောဆိုခဲ့တယ်လို့ ထိုင်း၀န်ကြီးချုပ် Srettha Thavisin (ဆက်သာ သာဗီစင်)က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

မနေ့မွန်းလွဲပိုင်းက ဘန်ကောက်မြို့က Siam Paragon ကုန်တိုက်တခုတွင်း ထိုင်းဆယ်ကျော်သက်လူငယ်တဦး သေနတ်နဲ့ ပစ်ခတ်မှုကြောင့် တရုတ်ခရီးသွားတဦးနဲ့ မြန်မာအမျိုးသမီးတဦး သေဆုံးခဲ့ပါတယ်။ ပစ်ခတ်မှုဖြစ်တဲ့နေရာမှာတင် လူငယ်သေနတ်သမားကိုယ်တိုင် လက်နက်ချ အဖမ်းခံခဲ့ပါတယ်။ သူကိုင်ဆောင်ခဲ့တဲ့ သေနတ်ဟာ အပြင်မှာအလွယ်တကူ ၀ယ်လို့ရတဲ့ သေနတ်အတုကို ပစ်ခတ်လို့ရအောင် မွမ်းမံထားတာဖြစ်ပါတယ်။

Siam Paragon ကုန်တိုက်ကဖြစ်ရပ်ဟာ ကံဆိုးတဲ့ အဖြစ်အပျက်ပါဆိုပြီး ၀န်ကြီးချုပ် Srettha Thavisin က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ လူငယ်သေနတ်သမားဟာ စိတ်ဝေဒနာခံစားနေရသူဖြစ်တယ်ဆိုပြီး ရဲတပ်ဖွဲ့ တာ၀န်ရှိသူတွေဘက်က ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG