သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကောက်ကုန်တိုက် ပစ်ခတ်မှု မြန်မာတဦးသေဆုံး

ပစ်ခတ်မှုဖြစ်ပွားရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်က ကုန်တိုက်ထဲကနေ ဘေးလွတ်ရာကို ထွက်ပြေးလာကြသူများ (အောက်တိုဘာ ၃၊ ၂၀၂၃)
ပစ်ခတ်မှုဖြစ်ပွားရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်က ကုန်တိုက်ထဲကနေ ဘေးလွတ်ရာကို ထွက်ပြေးလာကြသူများ (အောက်တိုဘာ ၃၊ ၂၀၂၃)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်က Siam Paragon ကုန်တိုက်ကြီး မှာ အသက်၁၄နှစ်အရွယ်ထိုင်းလူငယ်တဦးက အောက်မြေညီထပ်ကစတင်ဝင်ရောက်ပြီး ကုန်တိုက်ထဲကလူတွေကိုပစ်ခတ်မှုလုပ်ခဲ့ရာမှာ ပစ်ခတ်မူကြောင့် မြန်မာအမျိုးသမီးတဦးအပါအဝင် ၂ ဦးသေဆုံးပြီး ၅ဦးဒဏ်ရာရကြောင်းထိုင်းရဲချုပ်ကသတင်းထုတ်ပြန်ပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်ပေးပို့ထားပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့က Siam Paragon ကုန်တိုက်ထဲကို အသက် ၁၄ နှစ်အရွယ် ထိုင်းလူငယ်တစ်ဦးဟာ ညနေ ၄နာရီ ၂၀လောက်ကဝင်ရောက်လာပြီး ကုန်တိုက်ထဲကလူတွေကို ၁၀ ချက်ထက်မနည်းပစ်ခတ်ခဲံ့တယ်လို့ ဘန်ကောက်ရဲက ပြောပါတယ်။ သူဟာ ၉မမ မီလီမီတာ ပစ်စတို သေနတ်တလက်နဲ့ ကုန်တိုက် အတွင်းမှာ မြင်တဲ့သူတွေမှန်သမျှလိုက်လံပစ်ခတ်ခဲ့တာပါ။
ဒီပစ်ခတ်မူ့ကြောင်း ၂ဦးသေဆုံးပြီး ၅ဦးဒဏ်ရာရတယ်လို့ အခင်းဖြစ်ပွားတဲ့ရောကိုရောက်လာတဲ့ထိုင်းရဲချုပ် Pol. Gen. Torsak Sukwimon က အခုလို့သတင်းစာရှင်းလင်းပွဲလုပ်ပြီးပြောဆိုသွားပါတယ်။
ထိုင်းရဲချုပ် Pol. Gen. Torsak Sukwimon သော်ဆပ် စို့ဝိမွန် ကတော့ "သေနတ်သမားဟာ အွန်လိုင်းဂိမ်းတွေဆော့ကရင်း စိတ်ရောဂါရနေသူလူငယ်ဖြစ်ပါတယ် သူဟာစိတ်ရောဂါဆေးရုံမှာပြသကုသနေရတဲ့သူလည်းဖြစ်ပါတယ်။ အခုလိုပစ်ခတ်မှုကြောင့် နှစ်ဦးသေဆုံး ငါးဦးဒဏ်ရာရခဲ့ပါတယ်။ သေဆုံးသူနှစ်ဦးဟာ တရုတ်နိုင်ငံသားတစ်ဦးနဲ့ မြန်မာတစ်ဦး"လို့ ထိုင်းရဲချုပ်က အတည်ပြုပြောဆိုသွားပါတယ်။
လက်ရှိအခြေအနေမှာ ကုန်တိုက်ကိုအရေးပေါ်ပိတ်ခဲ့ရပြီး ထိုင်းဝန်ကြီးချုပ်သစ်ကအခင်းဖြစ်ပွားခဲ့တဲ့နေရာကို သွားရောက်စစ်ဆေးခဲ့ပါတယ်။ အခင်းဖြစ်တဲ့နေရာကို လုံခြုံရေးရဲတပ်ဖွဲဝင်တွေ ရောက်လာတဲ့အချိန်မှာ သေနတ်သမားလူငယ်ဟာ လက်နက်ချအညံ့ခံခဲ့တယ်လို့ဆိုပါတယ်။
အခုလိုမျိုးပစ်ခတ်မှုလုပ်ခဲ့တဲ့ ဖြစ်စဉ်ဟာ ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၂ အောက်တိုဘာလ ၇ ရက်နေ့ကလည်းဖြစ်ခဲ့ပြီး Nong Bua Lamphu ခရိုင်က မူကြိုကျောင်းတခုမှာ မူးယစ်ဆေးစွဲနေသူသေနတ်သမား ဝင်ရောက်ပစ်ခတ်ခဲ့လို့ ကလေးငယ်တွေအပါဝင် ၃၇ ဦးသေဆုံးခဲ့ရတဲ့ဖြစ်စဉ်လည်းရှိခဲ့ပါတယ်။
This item is part of
XS
SM
MD
LG