သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗုံးဖေါက်ခွဲမှု စုံစမ်းရာမှာ မလေးရှားကူညီမှု ထိုင်းတောင်းခံ


ဗုံးဖေါက်ခွဲမှုဖြစ်ခဲ့သည့်နေရာအနီး ရဲကင်းလှည့်စဉ်

ထိုင်းနိုင်ငံမှာ ကြာသပတေးနဲ့ သောကြာနေ့တွေက ဖြစ်သွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုတွေမှာ အသုံးပြုခဲ့တယ်လို့ ယူဆရတဲ့ ဖုန်းပိုင်ရှင်ကို ကူညီ စုံစမ်းပေးဖို့ ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက မလေးရှားအာဏာပိုင်တွေထံ အကူအညီတောင်းခဲ့ကြောင်း မလေးရှားအခြေစိုက် Bernama သတင်းဌာနမှာ တနင်္ဂနွေနေ့က ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံ ဖူးခက်မှာ ဖြစ်သွားခဲ့တဲ့ ပေါက်ကွဲမှုကို စနက်တံဖြုတ်ဖို့အတွက် အသုံးပြုခဲ့တဲ့ မိုဘိုင်းဖုန်းဟာ မလေးရှား ဆက်သွယ်ရေးနဲ့ ရုပ်သံ ကော်မရှင်က ထုတ်ပေးထားတဲ့ Serial နံပတ် ပါနေတာကို သိသာထင်ရှားစွာ တွေ့ရှိခဲ့တဲ့အတွက် စုံစမ်း စစ်ဆေးရေးမှူးတွေက မလေးရှားနိုင်ငံက လာတယ်ဆိုတာကို ချိတ်ဆက်မိသွားတာ ဖြစ်ပါတယ်။

အဲဒီဖုန်းပိုင်ရှင် ဘယ်သူဖြစ်တယ်ဆိုတာကို စုံစမ်းပေးဖို့အတွက် ထိုင်းစုံစမ်း စစ်ဆေးရေးမှူးတွေက မလေးရှားအာဏာပိုင်တွေထံ အကူအညီ တောင်းခဲ့တယ်ဆိုတယ်လို့ မလေးရှားလုံခြုံရေးအသိုင်းဝိုင်းကို ကိုးကားပြီး Bernama သတင်းမှာ ဖော်ပြထားပါတယ်။

ဖူးခက်နဲ့ ဟွာဟင်း အပါအ၀င် ထိုင်းနိုင်ငံအတွင်းက နေရာအတော်များများမှာ ဖြစ်သွားခဲ့တဲ့ လက်ဖြစ်ဗုံးပေါက်ကွဲမှုတွေကို မိုဘိုင်းဖုန်းကို အသုံးပြုပြီး ဖောက်ခဲ့ခဲ့တာလို့ ဆိုပါတယ်။ ပေါက်ကွဲမှုတွေကြောင့် လူ ၄ ဦး သေဆုံးပြီး ၃၀ ကျော် ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။

မိုဘိုင်းဖုန်းပိုင်ရှင် အဆင့်ဆင့် ပြောင်းလဲမှု ရှိနိုင်တာကြောင့် ပိုင်ရှင်အစစ် ဘယ်သူဖြစ်တယ်ဆိုတာကို စုံစမ်းဖို့ လွယ်ကူမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG