သုံးရလွယ်ကူစေသည့် Link များ

ထိုင်းဝန်ကြီးချုပ် ကို သမ္မတ Trump အိမ်ဖြူတော်မှာလက်ခံတွေ့ဆုံ


ထိုင်းနိုင်ငံဝန်ကြီးချုပ် Prayuth Chan-ocha နဲ့ အမေရိကန်သမ္မတ Donald Trump

အမေရိကန်ပြည်ထောင်စုမှာ ရောက်နေတဲ့ ထိုင်းနိုင်ငံဝန်ကြီးချုပ် Prayuth Chan-ocha နဲ့ အမေရိကန်သမ္မတ Donald Trump ကတနင်္လာနေ့က အိမ်ဖြူတော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ ၂၀၁၄ ခုနှစ်က အာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ်ကြီးတယောက်ကို အိမ်ဖြူတော်မှာ သမ္မတက ရှားရှားပါးပါးတွေ့ဆုံခဲ့တာပါ။ အမေရိကန်နဲ့ ထိုင်းနိုင်ငံဆက်ဆံရေးမှာ ကုန်သွယ်ရေးဟာ ပိုပိုပြီး အရေးပါလာပြီလို့ သမ္မတ Trump က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းဖြုတ်ချခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း Yingluck Shinawatra ကို အာဏာ မလျှော်မကန် သုံးမှုနဲ့ တရားရုံးတခုက မျက်ကွယ်ပြစ်ဒဏ် ထောင်ဒဏ် ၅ နှစ်ချမှတ်ခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ ဝန်ကြီးချုပ် Prayuth နဲ့ သမ္မတ Trump တို့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက် လူ့အခွင့်အရေးနဲ့ လွတ်လပ်မှုတွေ ဆုံးရှုံးလာတယ်လို့ အမေရိကန်အစိုးရအပြင် လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ခဲ့တာပါ။

ထိုင်းနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်ကို လေးစားလိုက်နာဖို့ လိုအပ်တယ်ဆိုတာကို ထိုင်းအာဏာပိုင်တွေကို လူသိရှင်ကြားရော။ သီးသန့်နောက်ကွယ်မှာပါ အမေရိကန် ပုံမှန်တိုက်တွန်းနေတယ်လို့ နိုင်ငံခြားရေးဌာနပြောခွင့်ရသူက VOA ကိုတနင်္လာနေ့က ပြောကြားခဲ့ပါတယ်။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ ငြိမ်းချမ်းစွာစုဝေးခွင့်အပေါ် အကန့်အသတ်တွေ ရှိနေတဲ့အပေါ် သံတမန်တွေက စိုးရိမ်တယ်လို့လည်း သူကပြောပါတယ်။ ထိုင်းဝန်ကြီးချုပ်ကို အမေရိကန်ပြည်ထောင်စုလာဖို့ သမ္မတ Trump က April လ ထပ်မံဖိတ်ကြားခဲ့တာပါ။ သမ္မတ Trump ဟာ တရုတ် Vietnam ဖိလစ်ပိုင်အပါအဝင် အာရှ ၅ နိုင်ငံကို ရှေ့လထဲမှာ သွားရောက်မှာဖြစ်ပါတယ်။

XS
SM
MD
LG