သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နိုင်ငံခြားရေးဝန်ကြီး ထိုင်းဝန်ကြီးချုပ်နဲ့တွေ့ဆုံ


ကန်နိုင်ငံခြားရေးဝန်ကြီး ထိုင်းဝန်ကြီးချုပ်နဲ့တွေ့ဆုံ
ကန်နိုင်ငံခြားရေးဝန်ကြီး ထိုင်းဝန်ကြီးချုပ်နဲ့တွေ့ဆုံ

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson ဒီကနေ့ ထိုင်းနိုင်ငံကို ရောက်ရှိပြီး ကုန်သွယ်ရေး၊ ဒေသတွင်း လုံခြုံရေးဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ နျူးကလီးယားနဲ့ ဒုံးကျည် အစီအစဉ်တွေ အပေါ် ဖိအားပေးရေးနဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးပြောဆိုခဲ့တာပါ။

ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပတဲ့ ဒေသတွင်း လုံခြုံရေး ညီလာခံ အပြီး ဝန်ကြီး Tillerson ထိုင်းနိုင်ငံကို ဒီကနေ့ သွားရောက်တာဟာဆိုရင် ၂၀၁၄ ခုနှစ် ထိုင်းနိုင်ငံမှာ စစ်အာဏာသိမ်းပြီး နောက်ပိုင်း အမေရိကန် အစိုးရ အဆင်မြင့် တာဝန်ရှိသူ တဦးရဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။

ခရီးစဉ် အတွင်း ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha ၊ နောက် နိုင်ငံခြားရေး ဝန်ကြီး Don Pramudwinai တို့နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ဒေသတွင်း လုံခြုံရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ တခြားကိစ္စရပ်တွေမှာ အမေရိကန်နဲ့ ထိုင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးတို့ိကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Tillerson ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့တယ်လို့ အမေရိကန် သံရုံး ပြောခွင့်ရ တဦးက ကြေညာချက်ထုတ် ပြောဆိုပါတယ်။

မြောက်ကိုရီးယားရဲ့ လုံခြုံရေး ခြိမ်းခြောက်မှုတွေ အပါအဝင် ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ ကိစ္စတွေ၊ နောက် တောင်တရုတ် ပင်လယ်ပြင် အတွင်းက ဖြစ်ထွန်းမှုတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့လည်း ပြောခွင့်ရက ပြောပါတယ်။ မြောက်ကိုရီးယားရဲ့ နျူးကလီးယားနဲ့ ဒုံးကျည် အစီအစဉ်တွေအပေါ် ကုလသမဂ္ဂဘက်က ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို ချိုးဖောက်တဲ့ အတွက် မြောက်ကိုရီးယားကို အထီးကျန်ထားရှိရေး အမေရိကန်ရဲ့ မူဝါဒကို ထောက်ခံဖို့လည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ဆောင်ရွက်ခဲ့သလို ကုန်သွယ်ရေး ကိစ္စကိုလည်း ဆွေးနွေးခဲ့ပါတယ်။

ထိုင်းနိုင်ငံဟာဆိုရင် အမေရိကန်နဲ့ ကုန်သွယ်ရေး ကွာဟချက် အကြီးဆုံး အဆင့် ၁၁မှာ ရှိတဲ့ နိုင်ငံဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ကုန်သွယ်ရေး ကွာဟချက်က ဒေါ်လာ ၁၉ ဘီလီယံ နီးပါး ရှိခဲ့ပြီး ထိုင်းနိုင်ငံနဲ့ ကုန်သွယ်ရေး လုပ်နည်းလုပ်ဟန်ကို စုံစမ်းစစ်ဆေးဖို့ အမေရိကန် သမ္မတ Doanld Trump က သတ်မှတ်ထားတဲ့ နိုင်ငံတခု ဖြစ်ပါတယ်။ ဝန်ကြီး Tillerson က မလေးရှား အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ ကွာလာလမ်ပူကို ဆက်လက် ထွက်ခွာသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG