သုံးရလွယ်ကူစေသည့် Link များ

တောတွင်းနွံနစ်နေတဲ့ ဆင်ပေါက် ၆ ကောင် ထိုင်းသစ်တောအဖွဲ့ ကယ်တင်နိုင်ခဲ့


ထိုင်းနိုင်ငံ Kanchanaburi မြို့ရှိ ဆင်ပေါက်ကလေး (ဖေဖော်ဝါရီ၊ ၁၆၊ ၂၀၁၉)
ထိုင်းနိုင်ငံ Kanchanaburi မြို့ရှိ ဆင်ပေါက်ကလေး (ဖေဖော်ဝါရီ၊ ၁၆၊ ၂၀၁၉)

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အရှေ့ဘက်တောထဲက ရွှံ့ရေအိုင်ထဲမှာ ရက်နဲ့ချီ နွံနစ်နေကြတဲ့ ဆင်ပေါက်ကလေး ၆ ကောင်ကို ထိုင်းသစ်တောအဖွဲ့က ကယ်တင်နိုင်ခဲ့တယ်လို ထိုင်းတာဝန်ရှိသူတွေက ဒီကနေ့ ပြောပါတယ်။

အစိုးရသစ်တော ကြိုးဝိုင်းထဲမှာ တောခေါင်းအဖွဲ့တွေ ဗုဒ္ဓဟူးနေ့ နေ့ခင်းပိုင်း ကင်းလှည့်ကြတဲ့အချိန်မှာ ဆင်ပေါက်ကလေးတွေရဲ့ အော်သံတွေကို ကြားခဲ့ကြရတယ်လို့ သစ်တောကြီးကြပ်ရေးမှုး Prawatsart Chantheap က AFP သတင်းဌာနကို ပြောပါတယ်။

အသက် ၁ နှစ်နေ ၄ နှစ်ကြား အရွယ် ဆင်ပေါက်ကလေးတွေဟာ ချော်နေတဲ့ နွံတွင်းထဲကနေ ပြန်မတက်နိုင်ကြတဲ့အတွက် တောခေါင်းအဖွဲ့တချို့က မြေတူးဖို့ ပေါက်တူးပေါက်ပြားတွေစခန်းမှာ ပြန်သွားယူခဲ့ကြတဲ့အချိန်မှာ တချို့ တောခေါင်းတပ်ဖွဲ့ဝင်တွေကတော့ ကြောက်လန့်နေကြတဲ့ ဆင်ပေါက်ကလေးတွေကို စောင့်ကြည့်ဖို့ တောထဲမှာ ညအိပ်နေရစ်ခဲ့ကြတာပါ။

နောက်တနေ့မနက် ပေါက်တူးပေါက်ပြားတွေ ရောက်လာမှ နွံအိုင် တိမ်သွားအောင် အိုင်ပတ်ပတ်လည်ကို တူးဆွ ချဲ့ပေးခဲ့ကြတာပါ။ အဲဒီအခါမှ ဆင်ပေါက်ကလေးတွေ တကောင်ချင်း ပြန်တက်လာနိုင်တာ ဖြစ်ပါတယ်။

အဲဒီတောထဲက သိပ်မလှမ်းတဲ့နေရာမှာ တွေ့ရတဲ့ အကောင် ၃၀ လောက်ရှိတဲ့ ဆင်အုပ်ကြီးကနေ ဆင်ကလေးတွေ အုပ်စုကွဲသွားတာဖြစ်မယ်လို့လည်း Prawatsart ကပြောပါတယ်။ ဆင်တွေဟာ ထိုင်းနိုင်ငံရဲ့ အမျိုးသား သင်္ကေတ ဖြစ်ပြီး နိုင်ငံထဲက တချို့ဒေသတွေမှာ ဆင်တွေကို ဒီအတိုင်း လွတ်ထားပေးတာပါ။

ထိုင်းနိုင်ငံမှာ ၁၈၅၀ ခုနှစ်က ဆင်ကောင်ရေ တသိန်းလောက်ရှိရာက ခုဆိုရင်ကောင်ရေ ၂၇၀၀ လောက်ထိသာ ကျန်ပါတော့တယ်။

XS
SM
MD
LG