သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိပ်ကျွန်းလူသတ်မှု သေဒဏ်အယူခံ ပယ်ချ


မြန်မာ ရွှေ့ပြောင်း လူငယ် ကိုဝင်းဇော်ထွန် (ယာ) နဲ့ ကိုဇော်လင်း (ဝဲ) (ဒီဇင်ဘာ၊ ၂၄၊ ၂၀၁၅)
မြန်မာ ရွှေ့ပြောင်း လူငယ် ကိုဝင်းဇော်ထွန် (ယာ) နဲ့ ကိုဇော်လင်း (ဝဲ) (ဒီဇင်ဘာ၊ ၂၄၊ ၂၀၁၅)

ဗြိတိန်လူငယ် နှစ် ဦး ဖြစ်တဲ့ Hannah Witheridge နဲ့ David Miller တို့ အသတ်ခံရတဲ့ လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်လို့ သေဒဏ်ပေးခြင်း ခံထားရတဲ့ မြန်မာရွှေ့ပြောင်းလူငယ် နှစ် ဦး ရဲ့ နောက်ဆုံးအယူခံကို ထိုင်းနိုင်ငံ တရားလွှတ်တော်ချုပ်က သြဂုတ်လ၂၉ ရက်နေ့မှာပဲ သေဒဏ်အမိန့်ကို ပြန်ချမှတ်လိုက်ပါပြီ ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ဗြိတိန်လူငယ် နှစ်ဦး ဖြစ်တဲ့ Hannah Witheridge နဲ့ David Miller တို့အသတ်ခံရတဲ့ အမှုနဲ့ ပတ်သက်လို့ လူငယ် နှစ်ဦးကို သေဒဏ်ချမှတ်ကြောင်း နွန်ထဘူရီ ခရိုင်တရားရုံးမှာ ကြားနာစေခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်ကတည်းက ၅ နှစ် နီးပါးကြာခဲ့ပြီ ဖြစ်တဲ့ ဒီအမူကို တရားခံ အကျိုးဆောင်တွေဘက်က တရားရုံးအဆင့်ဆင့်ကနေ ခုခံချေပမူတွေလုပ်ခဲ့ပေမဲ့ သူတို့ကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှာ ကော့စမွေမြိုနယ် တရားရုံးကနေ အမြင့်ဆုံး ပြစ်ဒဏ်ဖြစ်တဲ့ သေဒဏ်ချမှတ်ခဲ့တာပါ။ ဒီအမှုနဲ့ ပတ်သက်လို့ သတ်ဖြတ်မှုကို မကျုးလွန်ခဲ့ကြောင်းနဲ့ လူသတ်လက်နက်မှာ တွေ့ရတဲ့ DNA မှာ မြန်မာလူငယ်ရဲ့ အထာက်အထားများ ရှိမနေတဲ့ အကြောင်းတွေ ပါဝင်တဲ့ နောက်ဆုံး အယူခံတင်ထားခဲ့တာတွေကို နွန်ထဘူရီတရားရုံးကနေ သြဂုတ်လ၂၉ ရက်နေ့မှာ စီရင်ချက်ချခဲ့တာ ဖြစ်ပါတယ်။

တရားရုံးကို သွားရောက်ခဲ့တဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းရဲ့ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်ကတော့ အခုလို ပြောပါတယ်။

“၂၀၁၅ ကနေ့ ချမှတ်ထားတဲ့ သေဒဏ်ကိုပဲ ချမှတ်လိုက်ပါတယ်။ ကျနော်တို့ရှံးတယ်လို့ ပြောလို့ ရပါတယ်။ မိသားစုအစား မြန်မာအစိုးရက ဘုရင်ကို အသနားခံစာတင်ဖို့ အကျိုးဆောင်ရှေ့နေတွေက အကြံပြုပါတယ်။"

အခုဆိုရင် မြန်မာလူငယ် နှစ် ဦး အကျဉ်းကျတာ ၅ နှစ် နီးပါး ရှိသွားပါပြီ။

မြန်မာသံရုံးဘက်ကတော့ ဥပဒေအကျိုးဆောင်ရှေ့နေ ဦးအောင်မျိုးသန့်နဲ့ အတူ ထိုင်းနိုင်ငံဘန်ကောက်မြို့က မြန်မာသံမှူးကြီးလည်း တရားရုံးကို တက်ရောက်လာခဲ့ပြီး ဥပဒေအကျိုးဆောင်ရှေ့နေ ဦးအောင်မျိုးသန့်ကတော့ ဒီလိုအမှုကို စီရင်ချက်ချမဲ့ကိစ္စနဲ့ ပတ်သက်လို့ တပတ် ကြိုတင်ပြီးအကြောင်းကြားရမှာ ဖြစ်တဲ့အကြောင်းနဲ့ အခုလိုချမှတ်လိုက်တဲ့အတွက် မြန်မာသံရုံးနဲ့ တရားခံ အကျိုးဆောင်တွေကတော့လူငယ် နှစ် ဦး ပြန်လည်လွတ်မြောက်ဖို့အတွက် နောက်ဆုံးအဆင့်အနေနဲ့ ထိုင်းဘုရင်ထံကို အသနားခံစာတင်ဖို့ ဆက်လုပ်သွားမှာ ဖြစ်တယ်လို့လည်း ပြောဆိုသွားပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမား ခန့်မှန်းခြေ ၄,၀၀၀ လောက် အလုပ်လုပ်ကိုင်နေတဲ့ ကော့တောင်အပန်းဖြေကျွန်း ဖြစ်တဲ့ လိပ်ကျွန်းမှာ ၂၀၁၄ ခုနှစ် စက်တင်ဘာလမှာ ဗြိတိန်လူငယ် နှစ် ဦး သတ်ခံခဲ့ရတာပါ။ ဒီအမှုမှာ မြန်မာရွှေ့ပြောင်းလူငယ် နှစ် ယောက်ဖြစ်တဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို လူသတ်မှု ဖြစ်ပြီး ၂ ပတ်ကျော်အကြာမှာ ဖမ်းဆီးခဲ့ပြီး လူသတ်မှု၊ မုဒိမ်းမှု၊ ပစ္စည်းလူယူမှု အပါအဝင် အမှု ၇ မှုနဲ့ တရားစွဲခဲ့ပါတယ်။ ထိုင်းနိုင်ငံ ကော့စမွေ အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ သူတို့ နှစ် ယောက်ကိုတော့ ၂၀၁၅ ခုနှစ်ကုန်မှာတော့ ထိုင်းနိုင်ငံ ကောစမွေတရားရုံးကနေ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် သေဒဏ်ပေးခဲ့ပြီး ဘန်ခွမ်အကျဉ်းထောင်မှာ ထိမ်းသိမ်းထားခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG