သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းမှာ ဘုရင်မဟာဝဇီယာလောင်ကွန်းကို ဘိသိက်မြှောက်

ထိုင်းဘုရင် မဟာဝဇီယာလောင်ကွန်းရဲ့ ဘိသိက်ခံနန်းတက်ပွဲ အခမ်းအနား (မေ၊ ၀၄၊ ၂၀၁၉)
ထိုင်းဘုရင် မဟာဝဇီယာလောင်ကွန်းရဲ့ ဘိသိက်ခံနန်းတက်ပွဲ အခမ်းအနား (မေ၊ ၀၄၊ ၂၀၁၉)

ထိုင်းဘုရင် မဟာဝဇီယာလောင်ကွန်းရဲ့ ဘိသိက်ခံနန်းတက်ပွဲ အခမ်းအနားကို ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။ အသက် ၆၆ နှစ်ရှိပြီဖြစ်တဲ့ ထိုင်းဘုရင် မဟာဝဇီယာလောင်ကွန်းရဲ့ နန်းတက်ပွဲအခမ်းအနားကို ဒီကနေ့ စနေနေ့က စတင်ပြီး ၃ ရက်ကြာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ သန်း ၃၀ လောက် အကုန်အကျခံကျင်းပခဲ့တဲ့ ထိုင်းဘုရင်ရဲ့ နန်းတက်ပွဲအတွက် ရုပ်သံကနေလည်း ထုတ်လွှင့်ပြသခဲ့ပါတယ်။

ထိုင်းဘုရင်ကြီး ဘူမိဘောအဒူလာဒက်ဟာ ၂၀၁၆ အောက်တိုဘာလမှာနတ်ရွာစံသွားပြီးတဲ့နောက်မှာ ရာမမင်းဆက်ရဲ့ ဒဿမမြောက်ဘုရင်အဖြစ် သားတော် ဝဇီယာလောင်ကွန်းက စည်းမျဉ်းခံ ဘုရင်စနစ်အရ ထီးနန်း အရိုက်အရာကို ဆက်ခံတာဖြစ်ပါတယ်။

ဘုရင်ကြီး ဘူမိဘောအဒူလာဒက်ဟာ ၁၉၅၀ ခုနှစ်က နန်းတက်ခဲ့တာကြောင့် ဒါဟာ နှစ်ပေါင်း ၇၀ နီးပါး အတွင်း ပထမဆုံးအကြိမ် ဘုရင်ရဲ့ နန်းတက်ပွဲဖြစ်သလို ထိုင်းနိုင်ငံသား အတော်များများအတွက်လည်း ဒါက ပထမဆုံးအကြိမ် နန်းတက်ပွဲ အခမ်းအနားကို တွေ့ဖူးတာဖြစ်ပါတယ်။

ထိုင်းဘုရင် မဟာဝဇီယာလောင်ကွန်းက တနင်္လာနေ့မှာတော့ နိုင်ငံခြားသံတမန်တွေ အပါအဝင် ထိုင်းပြည်သူတွေကို တွေ့ဆုံသွားမှာဖြစ်ပြီး အဲဒီနေ့ကို နိုင်ငံတော်အားလပ်ရက်အဖြစ် ကြေငြာထားပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကတော့ ဘုရင်ဝဇီယာလောင်ကွန်းဟာ နန်းတော်စောင့်တပ်ရဲ့ တပ်မှူး ဆုသီတာ ကို လက်ထပ်ထိမ်းမြှာက်ခဲ့ပြီး မိဖုရားတင်မြှောက်ခဲ့ပါတယ်။ ထိုင်းဘုရင်ဝဇီယာလောင်ကွန်းဟာ အရင်က အိမ်ထောင် ၃ ဆက်ရှိခဲ့ပြီး အဲဒီအိမ်ထောင်တွေနဲ့ သားသမီး ၇ ယောက် ရခဲ့ပါတယ်။

ထိုင်းမှာ ဘုရင်မဟာဝဇီယာလောင်ကွန်းကို ဘိသိက်မြှောက်
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG