သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ အနီးတဝိုက် အရေးပေါ် အခြေအနေ ကြေညာ


ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အစိုးရကို ဖြုတ်ချဖို့ ကြိုးစားတဲ့အနေနဲ့ အတိုက်အခံတွေက သီတင်းပတ်တွေနဲ့ချီ ဆန္ဒပြနေတာကို တုံ့ပြန်တဲ့အနေနဲ့ အစိုးရက ရက်ပေါင်း ၆၀ အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။

ဒီအရေးပေါ်အခြေအနေဟာ မနက်ဖြန် ဗုဒ္ဓဟူးနေ့မှာ စတင် အကျုံးဝင်မှာဖြစ်ပြီး ဘန်ကောက်မြို့နဲ့ အနီးဝန်းကျင် မြို့တွေပါ ပါတယ်လို့ အရာရှိတွေက ပြောပါတယ်။ ဒီကြေညာချက်အရ အစိုးရအနေနဲ့ ကာဖြူးထုတ်ခွင့်၊ သတင်းမီဒီယာအပေါ် ကန့်သတ်ခွင့်နဲ့ နိုင်ငံရေးအရ စုဝေးခွင့်တွေကို ကန့်သတ်နိုင်မှာ ဖြစ်ပါတယ်။

ဘန်ကောက်မြို့မှာ ဒီကနေ့ ၈ ရက်မြောက်နေ့အဖြစ် ဆက်က် ဆန္ဒပြနေကြတဲ့ အတိုက်အခံ အင်အားစုတွေကို ဒီကြေညာချက်က ဘယ်လို အကျိုးသက်ရောက်စေမယ်ဆိုတာတော့ အတိအကျ မသိနိုင်သေးပါဘူး။

ဆန္ဒပြပွဲတွေဟာ ပုံမှန်အားဖြင့် အေးအေးချမ်းချမ်းရှိပြီး ဒီကနေ့ ဆန္ဒပြပွဲတွေ ရှိနေပေမဲ့လည်း ဘန်ကောက်မြို့ဟာ အေးချမ်းနေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဆန္ဒပြသူတွေကို ဗုံးခွဲတိုက်မှုတချို့ ဖြစ်ပေါ်ခဲ့တဲ့အတွက် ထိုင်းနိုင်ငံရေးမှာ အကြမ်းဖက်မှုတွေ ရှိခဲ့တဲ့ခေတ်ကို ပြန်သွားဖို့ ခြိမ်းခြောက်သလို ဖြစ်နေပါတယ်။

ဆန္ဒပြသူတွေ စခန်းချနေတဲ့နေရာအနီး တနင်္ဂနွေနေ့က ဗုံးပေါက်ကွဲမှု ၂ ခု ဖြစ်သွားခဲ့တဲ့အတွက် အနည်းဆုံး လူ ၂၈ ဦး ထိခိုက် ဒဏ်ရာ ရသွားခဲ့ပါတယ်။ ဘန်ကောက်မြို့မှာ သောကြာနေ့က ဖြစ်သွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုမှာတော့ လူတဦး သေဆုံးခဲ့ပါတယ်။
XS
SM
MD
LG