ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲတွေဟာ
နိုင်ငံတဝန်း တနေ့ထဲမှာကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေမဟုတ်တဲ့အတွက်
ဖွဲ့စည်းပုံ ဥပဒေနဲ့ ဆန့်ကျင်နေတာမို့ တရားမဝင်ဘူးလို့ နိုင်ငံရဲ့
ဖွဲ့စည်းပုံ တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။
ဒီကနေ့ ဆုံးဖြတ်ချက်ကြောင့် ဝန်ကြီးချုပ် Yingluck Shinawatra နဲ့ သူ့ရဲ့ အိမ်စောင့်အစိုးရရဲ့ အစိုးရသစ်ဖွဲ့နိုင်ဖို့ အားထုတ်မှုတွေ ထပ်ပြီး နှောင့်နှေးသွားစေခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၂ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ အစိုးရ ဆန့်ကျင်သူတွေရဲ့ တားဆီး နှောင့်ယှက်မှုတွေကြောင့် တချို့ဒေသတွေမှာ
မဲပေးပွဲပျက်ခဲ့ပါတယ်။
ဒါကြောင့် လွှတ်တော်ထဲမှာ လွှတ်တော်စည်းဝေးပွဲကျင်းပနိုင်ဖို့နဲ့ ဝန်ကြီးချုပ် ကို ရွေးချယ်နိုင်ဖို့ လိုအပ်တဲ့ အမတ်နေရာ ၉၅ ရာခိုင်နှုန်း မပြည့်မှီခဲ့ပါဘူး၊ ရွှေးကောက်ပွဲသစ် ဘယ်တော့ထပ်
ကျင်းပမယ်ဆိုတာကိုတော့ အခုချိန်ထိ အစိုးရက ဘာမှမပြောသေးပါဘူး။