သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကောက်ဘုန်းကြီးကျောင်းထဲ ဖျက်ချထားတဲ့ သန္ဓေသားအလောင်း ၂ ထောင်ကျော်တွေ့


ဘန်ကောက်ဘုန်းကြီးကျောင်းထဲ ဖျက်ချထားတဲ့ သန္ဓေသားအလောင်း ၂ ထောင်ကျော်တွေ့
ဘန်ကောက်ဘုန်းကြီးကျောင်းထဲ ဖျက်ချထားတဲ့ သန္ဓေသားအလောင်း ၂ ထောင်ကျော်တွေ့

ဘန်ကောက်မြို့က ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း တကျောင်းထဲမှာ စွန့်ပစ်သန္ဓေသား ၂ ထောင်ကျော် ဖွက်ထားတာကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ထိုင်းရဲဌာနက ပြောပါတယ်။ ဒီစွန့်ပစ်သန္ဓေသားတွေဟာ တရားမဝင် သန္ဓေဖျက်ချတဲ့ ဆေးခန်းတွေကနေ လာတာလို့ ယူဆကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ဒီသန္ဓေသား အများစုကို ဘုန်းကြီးကျောင်းရဲ့ အသုဘချရာ ရုပ်အလောင်းတွေကို ထားတဲ့ အခန်းကနေ တွေ့ခဲ့တာပါ။ ဒီတပတ်ထဲ အစောပိုင်း ရက်တွေတုန်းကတော့ ပလပ်စတစ်အိတ်တွေနဲ့ ထုတ်ထားတဲ့ သန္ဓေသားအလောင်း ၃၀၀ ကျော်ကို ရှာတွေ့ခဲ့ပါသေးတယ်။

ဒီသန္ဓေသားတွေကို ခုလို စွန့်ပစ်ထားတာ တနှစ်ကျော်လောက် ရှိပြီလို့ ခန့်မှန်းကြောင်း ရဲချုပ်က ပြောပါတယ်။

ဘုန်းကြီးကျောင်းမှာ နေထိုင်အလုပ်လုပ်နေကြသူ အများအပြားကို ဖမ်းဆီးထားပြီး သုဘရာဇာ တယောက်ကတော့ ခုလို စွန့်ပစ်သန္ဓေသား ရုပ်အလောင်းတွေကို ထုပ်ပိုးရာမှာ သူ ပါဝင်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

ထိုင်းနိုင်ငံဟာ တရားဝင်သန္ဓေဖျက်ချခွင့်ကို အကန့်အသတ်နဲ့ ခွင့်ပြုထားတဲ့ တခုတည်းသော နိုင်ငံဖြစ်ပါတယ်။ ကျန်းမာရေး အခြေအနေမကောင်းတဲ့ မိခင်ရဲ့ သန္ဓေသားနဲ့ အဓ္ဓမပြုကျင့်ခံရပြီး ရလာတဲ့ သန္ဓေသားတွေကို ဖျက်ချခွင့်ပြုထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG