သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် ဦးဆောင်တဲ့ Cobra Gold စစ်ရေးလေ့ကျင့်မှု ထိုင်းမှာ စတင်


ထိုင်းနိုင်ငံမှာ လုပ်တဲ့ ရွှေမြွေဟောက် စစ်ဆင်ရေး (ဖေဖော်ဝါရီ၊ ၂၀၂၃)
ထိုင်းနိုင်ငံမှာ လုပ်တဲ့ ရွှေမြွေဟောက် စစ်ဆင်ရေး (ဖေဖော်ဝါရီ၊ ၂၀၂၃)

အမေရိကန်နဲ့ ထိုင်းနိုင်ငံတို့ ဦးစီးပြီး အရှေ့တောင်အာရှရဲ့ နိုင်ငံစုံပါဝင်တဲ့ အရှည်ကြာဆုံး စစ်ရေးလေ့ကျင့်မှု "ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှု" Cobra Gold 2024 ကို မနေ့က တရားဝင်စတင် ဖွင့်လှစ်ပါတယ်။

"ရေကြောင်းနဲ့ ကုန်းလမ်း နှစ်သွယ် ကမ်းတက် လေ့ကျင့်မှု၊ အမိန့်ပေးစနစ်နဲ့ ထိန်းချုပ်ရေး၊ ကျည်အစစ်နဲ့ ပစ်ခတ်မှု စတဲ့ ပူးပေါင်းလေ့ကျင့်မှုတွေအပြင် ဆိုက်ဘာနဲ့ လူသားချင်းစာနာမှု ကူညီရေး လုပ်ငန်းတွေ ပါဝင်ပြီး ဒီနှစ် ရွှေမွှေဟောက် စစ်ဆင်ရေးဟာ အနာဂတ်မှာ ပေါ်လာနိုင်ခြေရှိတဲ့ စိန်ခေါ်မှုအသစ်တွေနဲ့ လက်ရှိ ရင်ဆိုင်နေရတာတွေအတွက် ပြင်ဆင်တာဖြစ်တယ်" - လို့ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Robert Godec က ပြောဆိုသွားတာပါ။

စစ်ရေးလေ့ကျင့်မှုမှာ နိုင်ငံပေါင်း ၃၀ က တပ်ဖွဲ့ဝင် ကိုးထောင်ကျော် ပါဝင်ပြီး မတ်လ ၈ ရက်နေ့အထိ တရားဝင်ကျင်းပမယ်လို့ ကြေညာထားပါတယ်။ ထိုင်းနဲ့ ဆက်ဆံရေး နီးကပ်တဲ့ မြန်မာနိုင်ငံကတော့ အရင်က လေ့လာသူအဖြစ် တက်ရောက်ဖူးပေမဲ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက ပါဝင်တာ မတွေ့ရပါဘူး။

တရုတ်နိုင်ငံက လူသားချင်းစာနာမှု အကူအညီပေးရေး လေ့ကျင့်မှုမှာ တစိတ်တပိုင်း ပါဝင်တယ်လို့ တရုတ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုတာကို ရိုက်တာ သတင်းမှာ ဖေါ်ပြထားပါတယ်။ ၁၉၈၂ ခုနှစ်က စတင်ခဲ့တဲ့ ဒီ Cobra Gold စစ်ရေးလေ့ကျင့်မှုဟာ အမေရိကန်ပြည်ထောင်စုရဲ့ အာရှပစိတ်ဖိတ်ဒေသ မဟာမိတ်တွေနဲ့ လက်တွဲအင်အားပြတဲ့ အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှု ဖြစ်ပါတယ်။

ကန် ဦးဆောင်တဲ့ Cobra Gold စစ်ရေးလေ့ကျင့်မှု ထိုင်းမှာ စတင်
please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG