သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဒုက္ခသည်တွေကူညီဖို့ ထိုင်းဦးဆောင်စီစဉ်မှု ကန်ချီးကျူး


ထိုင်းနိုင်ငံ၊ မဲဆောက်မြို့အနီး Moei မြစ်ကမ်းနဘေးက မြန်မာစစ်ဘေးရှောင်စခန်း၊ ဖေဖော်ဝါရီ ၈၊ ၂၀၂၄
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့အနီး Moei မြစ်ကမ်းနဘေးက မြန်မာစစ်ဘေးရှောင်စခန်း၊ ဖေဖော်ဝါရီ ၈၊ ၂၀၂၄

ထိုင်းနိုင်ငံမှာ မြန်မာ့အရေး ထိုင်းတာဝန်ရှိသူတွေနဲ့ မကြာသေးခင်က သွားရောက် ဆွေးနွေးခဲ့တဲ့ အမေရိကန် အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမြဲတမ်းအတွင်းဝန် Daneil Kritenbrink က မြန်မာဘက်ကနေ ထွက်ပြေးခိုလှုံလာသူတွေကို ကူညီစောင့်ရှောက်တဲ့ ထိုင်းကို ကျေးဇူးတင်ကြောင်းနဲ့ ဒေသတွင်း လုံခြုံရေးနဲ့ ကြွယ်ဝစေရေးအတွက် အမေရိကန်ကထိုင်းနဲ့ လက်တွဲဆောင်ရွက်မှာ ဖြစ်ကြောင်း ကြာသပတေးနေ့ အမေရိကန် နိုင်ငံခြားရေးဌာန သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

ထိုင်းနိုင်ငံဟာ အရင်နှစ်ပေါင်း အတော်ကြာကစပြီး အခုအချိန်အထိ မြန်မာနိုင်ငံက ထွက်ပြေးခိုလှုံလာတဲ့ ဒုက္ခသည်တွေအတွက် လူသားစာနာမှု အကူညီပေးရုံတင်မကပဲ မကြာသေးခင်ကပဲ အာဆီယံအဖွဲ့ဝင် ထိုင်းဝန်ကြီးချုပ် Srettha အစိုးရအနေနဲ့ နယ်စပ်ကျော်ဖြတ်ပြီး လူသားစာနာမှု အကူညီတွေ တိုးပေးဖို့ လုပ်လာတာအတွက် အထူးကျေးဇူးတင်ကြောင်းလည်း ပြောပါတယ်။

ဒါ့အပြင် အမေရိကန်ပြည်ထောင်စု အနေန့ ပြည်တွင်းနဲ့ ပြည်ပရောက် မြန်မာဒုက္ခသည်တွေ အတွက် လူသားစာနာမှု အကူအညီ ဒေါ်လာ သန်း၃၀၀ ကျော် အပါအဝင် အကူအညီတွေပေးအပ်နေကြောင်း ဒီအကူအညီတွေဟာ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ တရားမျှတမှုတွေ တိုးတက်လာစေဖို့ ဖြစ်ကြောင်း ပြောပါတယ်။

လူသားစာနာမှု အကူအညီ အများစုကို ထိုင်းအစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ပံ့ပိုးကူညီမှု တွေနဲ့ အကောင်ထည် ဖေါ်နေပြီလို့လည်း ပြောပါတယ်။ မြန်မာအပါအဝင် ဒေသတွင်း အရေးကိစ္စတွေမှာ ထိုင်းအစိုးရရဲ့ ဦးဆောင်မှုကို ကျေးဇူးတင်ကြောင်းနဲ့ အထူးသဖြင့် အကူအညီတွေလိုအပ်နေတဲ့ မြန်မာအတွက် အကူအညီပေးတာကို ကျေးဇူးတင်ကြောင်းလည်း ပြောပါတယ်။

ပြီးခဲ့တဲ့လက စင်္ကာပူမှာ ကျင်းပတဲ့ ၆ ကြိမ်မြောက် အမေရိကန်- စင်္ကာပူ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးဆွေးနွေးပွဲမှာလည်း Mr Kritenbrink က မြန်မာ့အရေးကို ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG