သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာဇဝတ်မှုများကို ထိုင်းစစ်ခုံရုံးစစ်ဆေးမှု အဆုံးသတ်


Sombat Boonngam-anong စစ်ခုံရုံးကိုရောက်ရှိလာစဉ် (ဇွန် ၁၂၊ ၂၀၁၄)
Sombat Boonngam-anong စစ်ခုံရုံးကိုရောက်ရှိလာစဉ် (ဇွန် ၁၂၊ ၂၀၁၄)

ထိုင်းနိုင်ငံမှာ အရပ်ဘက် ရာဇဝတ်မှုတွေကို စစ်ခုံရုံးက ကိုင်တွယ်နေတာတွေ အဆုံးသတ်ဖို့ ထိုင်းစစ်အစိုးရက ဆုံးဖြတ်လိုက်တဲ့အတွက် လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ရှေ့နေတွေက သတိကြီးကြီးထားပြီး ကြိုဆိုလိုက်ကြပါတယ်။

လွတ်လပ်စွာ စုဝေးခွင့်ပြုတာ အပါအဝင် ရှေ့ဆက် လုပ်ဆောင်သွားရမယ့် အရာတွေ ရှိနေသေးတယ်လို့လည်း သူတို့က ပြောပါတယ်။ ပြည်တွင်းလုံခြုံရေးကို နှောက်ယှက်တာ၊ သွေးထိုး လှုံ့ဆော်တာတွေနဲ့ တော်ဝင်မိသားစုကို အကြည်ညိုပျက်အောင် လုပ်တာတွေနဲ့ဆက်နွယ်တဲ့ အမှုတွေအပေါ်မှာ စစ်ခုံရုံးတွေကနေ တရားစီရင်တာတွေကို အဆုံးသတ်ဖို့ ဝန်ကြီးချုပ် Prayut Chan-o-cha က အမိန့်ထုတ်ပြန်လိုက်တာပါ။

ထိုင်းနိုင်ငံမှာ ၂၀၁၄ ခုနှစ် မေလက စစ်အာဏာသိမ်းပြီး မကြာခင်မှာပဲ စစ်တပ်ဟာ ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး နိုင်ငံတော် ကော်မတီ NCPO လို့ လူသိများတဲ့ ထိုင်းစစ်အစိုးရဟာ နောက်ပိုင်းမှာလည်း စစ်ခုံရုံးတွေကနေ အမှုတွေကို စီရင်ခွင့်ပြုတဲ့ ယာယီဖွဲ့စည်းပုံကို ပြဌာန်းပြီး အာဏာကို ဆက်လက် ချုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်ကစလို့ စစ်ခုံရုံးတွေမှာ နိုင်ငံတဝှမ်းက လူပေါင်း ၁၈၀၀ ကျော် ပါဝင်တဲ့ အမှုပေါင်း ၁၅၀၀ ကျော်ကို ကြားနာ စစ်ဆေးခဲ့ပြီး အများစုကတော့ လက်နက်နဲ့ဆိုင်တဲ့ စွပ်စွဲချက်တွေနဲ့ ဖြစ်ပါတယ်။

အခုလို စစ်ခုံရုံးတွေမှာ တရားစီရင်မှုတွေကို အဆုံးသတ်လိုက်တဲ့ အမိန့်သစ်ဟာ အစိုးရအနေနဲ့ တိုင်းပြည်ကို တည်တည်ငြိမ်ငြိမ် ထိန်းထားနိုင်ပြီဆိုတဲ့ ယုံကြည်ချက် ခိုင်မာမှုကို ထင်ဟပ်ပြနေတယ်လို့ ထိုင်း ဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ ကာကွယ်ရေးဝန်ကြီးလည်း ဖြစ်တဲ့ Prawit Wonsuwan က ပြောပါတယ်။ ဒါပေမဲ့ ပြည်တွင်းအခြေအနေတွေ ပြန်ပြီး ပြောင်းသွားခဲ့မယ်ဆိုရင်တော့ အခုအမိန့်ကို ပြန်ရုပ်သိမ်းနိုင်တယ်လို့လည်း သူက ထိုင်း သတင်းမီဒီယာတွေကို သတိပေး ပြောဆိုခဲ့ပါတယ်။

ရာဇဝတ်မှုများကို ထိုင်းစစ်ခုံရုံးစစ်ဆေးမှု အဆုံးသတ်
please wait

No media source currently available

0:00 0:01:15 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG