(Zawgyi / Unicode)
ထိုင္း-ျမန္မာ နယ္စပ္ျဖတ္ေက်ာ္တဲ့ ခ်စ္ၾကည္ေရးတံတား အမွတ္ ၁ ထိပ္ ျမဝတီၿမဳိ႕ဘက္ျခမ္းမွာ ဧၿပီ ၂၃ စေနေန႔ညက ကားဗုံးေထာင္ေပါက္ကဲြမႈ ျဖစ္ခဲ့ၿပီးေနာက္ ထိုင္းႏိုင္ငံဘက္က နယ္စပ္ေဒသကို လုံၿခဳံေရး တင္းက်ပ္ထားလိုက္ေၾကာင္း Bangkok Post သတင္းစာက ေရးပါတယ္။
စေနေန႔ည ေပါက္ကြဲသံႀကီးဟာ ျမဝတီရဲ႕တဖက္ကမ္း မဲေဆာက္ၿမဳိ႕ကေတာင္ ရွင္းရွင္းလင္းလင္း ၾကားခဲ့ရတယ္လို႔ ဆိုပါတယ္။
ခ်စ္ၾကည္ေရးတံတားထိပ္က ျမဝတီ စစ္ေဆးေရးဂိတ္ေရွ႕မွာ ရပ္ထားတဲ့ ကားထဲမွာ ဗုံးေထာင္ထားခဲ့တာ ျဖစ္ႏိုင္တယ္လို႔ ယူဆရၿပီး စစ္ေကာင္စီဆန္႔က်င္တဲ့ အင္အားစုေတြရဲ႕လက္ခ်က္ ျဖစ္ႏိုင္တယ္လို႔ Bangkok Post သတင္းက ေရးပါတယ္။
ေပါက္ကဲြမႈျဖစ္ၿပီးခ်ိန္မွာ အဲဒီေနရာနားတဝိုက္ လွ်ပ္စစ္မီး ျပတ္ေတာက္သြားၿပီး ေသနတ္ပစ္ခတ္သံ အခ်က္ ၃၀ ေလာက္ ၾကားရတယ္လို႔ ဆိုပါတယ္။
ဒီေပါက္ကြဲမႈေၾကာင့္ အနီးဝန္းက်င္က အေဆာက္အဦတခ်ဳိ႕နဲ႔ ေမာ္ေတာ္ကား အေတာ္မ်ားမ်ား ထိခိုက္ပ်က္စီးခဲ့ေပမဲ့ ခုခ်ိန္ထိေတာ့ လူအေသအေပ်ာက္ သတင္းကို မၾကားရေသးပါဘူး။
ေပါက္ကြဲမႈ ျဖစ္ၿပီးခ်ိန္မွာ ျမန္မာစစ္တပ္နဲ႔ BGF နယ္ျခားေစာင့္တပ္ဖြဲ႔ဝင္ေတြ ေရာက္လာၿပီး ပိတ္ဆို႔ရွာေဖြၾကပါတယ္။ မီးသတ္သမားေတြကလည္း မီးေလာင္ကၽြမ္းသြားတဲ့ ကားနဲ႔ ေဘးပတ္ဝန္းက်င္ကို မီးၿငိႇမ္းသတ္ခဲ့ပါတယ္။
အခုဆိုရင္ Naresuan အေရးေပၚလုံၿခဳံေရးကုမၸဏီနဲ႔ ထိုင္းနယ္ျခားေစာင့္ ရဲတပ္ဖြဲ႔တို႔ ပူးေပါင္းၿပီး မဲေဆာက္ၿမဳိ႕မွာ ကင္းလွည့္ စစ္ေဆးေနပါတယ္။
ျမဝတီတံတားထိပ္ ေပါက္ကြဲမႈ မတိုင္ခင္မွာ ထိုင္းႏိုင္ငံထဲ ခိုးဝင္လာတဲ့ ျမန္မာအမ်ဳိးသား ၂၄ ဦးနဲ႔ အမ်ဳိးသမီး ၂၅ ဦးတို႔ကို ထိုင္းနယ္ျခားေစာင့္ ကင္းလွည့္တပ္ဖြဲ႔က ဖမ္းမိခဲ့ၿပီး သူတို႔ ၄၉ ဦးကို စစ္ေဆးရာမွာေတာ့ ဘန္ေကာက္နဲ႔ တျခားၿမဳိ႕ေတြမွာ အလုပ္အကိုင္ရရွိဖို႔ ေစာင့္ဆိုင္းေနတုန္း ခုလို အဖမ္းခံရတာလို႔ ထြက္ဆိုၾကပါတယ္။
-------------------------------
(Unicode)
မြဝတီတံတားဗုံးကွဲပြီး ထိုင်းနယ်စပ် လုံခြုံရေးတင်းကျပ်
ထိုင်း-မြန်မာ နယ်စပ်ဖြတ်ကျော်တဲ့ ချစ်ကြည်ရေးတံတား အမှတ် ၁ ထိပ် မြဝတီမြို့ဘက်ခြမ်းမှာ ဧပြီ ၂၃ စနေနေ့ညက ကားဗုံးထောင်ပေါက်ကွဲမှု ဖြစ်ခဲ့ပြီးနောက် ထိုင်းနိုင်ငံဘက်က နယ်စပ်ဒေသကို လုံခြုံရေး တင်းကျပ်ထားလိုက်ကြောင်း Bangkok Post သတင်းစာက ရေးပါတယ်။
စနေနေ့ည ပေါက်ကွဲသံကြီးဟာ မြဝတီရဲ့တဖက်ကမ်း မဲဆောက်မြို့ကတောင် ရှင်းရှင်းလင်းလင်း ကြားခဲ့ရတယ်လို့ ဆိုပါတယ်။
ချစ်ကြည်ရေးတံတားထိပ်က မြဝတီ စစ်ဆေးရေးဂိတ်ရှေ့မှာ ရပ်ထားတဲ့ ကားထဲမှာ ဗုံးထောင်ထားခဲ့တာ ဖြစ်နိုင်တယ်လို့ ယူဆရပြီး စစ်ကောင်စီဆန့်ကျင်တဲ့ အင်အားစုတွေရဲ့လက်ချက် ဖြစ်နိုင်တယ်လို့ Bangkok Post သတင်းက ရေးပါတယ်။
ပေါက်ကွဲမှုဖြစ်ပြီးချိန်မှာ အဲဒီနေရာနားတဝိုက် လျှပ်စစ်မီး ပြတ်တောက်သွားပြီး သေနတ်ပစ်ခတ်သံ အချက် ၃၀ လောက် ကြားရတယ်လို့ ဆိုပါတယ်။
ဒီပေါက်ကွဲမှုကြောင့် အနီးဝန်းကျင်က အဆောက်အဦတချို့နဲ့ မော်တော်ကား အတော်များများ ထိခိုက်ပျက်စီးခဲ့ပေမဲ့ ခုချိန်ထိတော့ လူအသေအပျောက် သတင်းကို မကြားရသေးပါဘူး။
ပေါက်ကွဲမှု ဖြစ်ပြီးချိန်မှာ မြန်မာစစ်တပ်နဲ့ BGF နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ ရောက်လာပြီး ပိတ်ဆို့ရှာဖွေကြပါတယ်။ မီးသတ်သမားတွေကလည်း မီးလောင်ကျွမ်းသွားတဲ့ ကားနဲ့ ဘေးပတ်ဝန်းကျင်ကို မီးငြှိမ်းသတ်ခဲ့ပါတယ်။
အခုဆိုရင် Naresuan အရေးပေါ်လုံခြုံရေးကုမ္ပဏီနဲ့ ထိုင်းနယ်ခြားစောင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး မဲဆောက်မြို့မှာ ကင်းလှည့် စစ်ဆေးနေပါတယ်။
မြဝတီတံတားထိပ် ပေါက်ကွဲမှု မတိုင်ခင်မှာ ထိုင်းနိုင်ငံထဲ ခိုးဝင်လာတဲ့ မြန်မာအမျိုးသား ၂၄ ဦးနဲ့ အမျိုးသမီး ၂၅ ဦးတို့ကို ထိုင်းနယ်ခြားစောင့် ကင်းလှည့်တပ်ဖွဲ့က ဖမ်းမိခဲ့ပြီး သူတို့ ၄၉ ဦးကို စစ်ဆေးရာမှာတော့ ဘန်ကောက်နဲ့ တခြားမြို့တွေမှာ အလုပ်အကိုင်ရရှိဖို့ စောင့်ဆိုင်းနေတုန်း ခုလို အဖမ်းခံရတာလို့ ထွက်ဆိုကြပါတယ်။