သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး IPU ဂျီနီဗာ ညီလာခံမှာဆွေးနွေး


ထိုင်း ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Russ Jalichandra (ယခင်ပုံဟောင်း)
ထိုင်း ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Russ Jalichandra (ယခင်ပုံဟောင်း)

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပနေတဲ့ IPU ခေါ် နိုင်ငံတကာ လွှတ်တော်အမတ်များ သမဂ္ဂ ညီလာခံမှာ မြန်မာ့အရေး အရေးပေါ် အခြေအနေ တင်ပြချက်နဲ့ အဆိုပြုချက်ကို ထိုင်းနိုင်ငံက ထောက်ခံဆွေးနွေးနေပြီး ဒီလို ပါဝင်တာဟာ မြန်မာ့အရေး ထိုင်းနိုင်ငံရဲ့ ကြားနေရပ်တည်ချက်ကို ပြောင်းလဲတာ မဟုတ်တဲ့အကြောင်း ထိုင်း ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Russ Jalichandra က ပြောဆိုပါတယ်။

အောက်တိုဘာ ၁၃ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ IPU ခေါ် နိုင်ငံတကာ လွှတ်တော်အမတ်များ သမဂ္ဂ ၁၄၉ ကြိမ်မြောက် ညီလာခံကျင်းပနေပြီး မြန်မာနိုင်ငံ အခြေအနေကို အရေးပေါ် အခြေအနေအဖြစ် ထည့်သွင်းဆွေးနွေးဖို့ အဆိုပြုချက်တွေ ပါရှိပါတယ်။ ဒီဆွေးနွေးချက်တွေနဲ့ ပတ်သက်လို့ ထိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီးရဲ့ ဖြေရှင်းချက်တွေကို ဘန်ကောက်ပို့စ် သတင်းစာနဲ့ ထိုင်းနိုင်ငံထုတ် သတင်းစာတွေမှာ ရေးသားပါတယ်။

လာမယ့် ဒီဇင်ဘာလ အာဆီယံနိုင်ငံတွေအကြား မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးဖို့ ထိုင်းနိုင်ငံက စီစဉ်နေပြီး အာဆီယံ အဖွဲ့က ထောက်ခံထားတဲ့အကြောင်း ထိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ဂျနီဗာမှာကျင်းပနေတဲ့ IPU ညီလာခံမှာ ဝင်ရောက်ပါဝင်ဆွေးနွေးနေတာဟာ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံ၊ နယ်စပ်ကျော် ရာဇဝတ်မှုနဲ့ သဘာဝဝန်းကျင် ထိမ်းသိမ်းရေးလို ကိစ္စတွေကို ထိခိုက်နိုင်သလို၊ မြန်မာ့အရေး ထိုင်းလွှတ်တော်ရဲ့ လုပ်ဆောင်ချက်တွေကို ထိခိုက်နိုင်တယ်ဆိုပြီး ထိုင်း လွှတ်တော်အမတ်တချို့နဲ့ လေ့လာသူတွေက ဝေဖန်ပါတယ်။

ထိုင်း ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Russ Jalichandra က ထိုင်းလွှတ်တော်ရဲ့ လုပ်ဆောင်ချက်တွေကို နိုင်ငံခြားရေးဝန်ကြီးဌာအနေနဲ့ ဝင်ရောက် နှောင့်ယှက်တာ မဟုတ်ဘဲ၊ မြန်မာ့အရေး အတိမ်းအစောင်းမခံတဲ့အကြောင်းနဲ့၊ အထူးသတိထား ကိုင်တွယ်ရမယ်ဆိုတာ နားလည်တဲ့အကြောင်း ပြန်လည် ဖြေရှင်းထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG