သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း


၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မိန့်ခွန်းပြောနေတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa (စက်တင်ဘာ ၂၈၊ ၂၀၂၄)
၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မိန့်ခွန်းပြောနေတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa (စက်တင်ဘာ ၂၈၊ ၂၀၂၄)

မြန်မာနိုင်ငံပဋိပက္ခမှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအကြား ငြိမ်းငြိမ်းချမ်းချမ်း အဖြေရှာရေးကို ထိုင်းနိုင်ငံအနေနဲ့ ထောက်ခံသလို မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုအကူအညီတွေ ပေးပို့နေတဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa ပြောဆိုတာကို ဘန်ကောက်ပို့ သတင်းစာမှာ ရေးသားပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris ဟာ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာကျင်းပနေတဲ့ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ တက်ရောက်နေပြီး နိုင်ငံတကာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ပဋိပက္ခဖြေရှင်းရေး အကြောင်းအရာတွေနဲ့အတူ ကုလသမဂ္ဂ ပိုပြီး ခိုင်မာအားကောင်းလာအောင် ပြုပြင်ပြောင်းလဲရေးကိစ္စတွေကို ပါဝင်ဆွေးနွေးနေပါတယ်။

ထိုင်းနိုင်ငံဟာ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိက ငါးနိုင်ငံနဲ့ စတင်ဖွဲ့စည်းထားတဲ့ BRICS ခေါ် စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှာ အဖွဲ့ဝင်ဖြစ်ဖို့ ကမ်းလှမ်းနေပြီး ပါဝင်ခွင့်ရဖို့ အရေးကြီးတယ်လို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ အမေရိကန် ဒေါ်လာနဲ့ ကုန်သွယ်မှုတွေကို လျှော့ချပြီး ကြားခံငွေကြေးစနစ် တခုအသုံးပြုရေးနဲ့ ဖွံ့ဖြိုးဆဲ အဖွဲ့ဝင်နိုင်ငံတွေကို ထောက်ပံ့ရေး အတွက် ရည်မှန်းထားတဲ့ BRICS အဖွဲ့မှာ မြန်မာစစ်ကောင်စီကလည်း လေ့လာသူအဖြစ် ပါဝင်ခွင့်ရဖို့ ကမ်းလှမ်းထားပါတယ်။

ဒီအဖွဲ့ဟာ မြန်မာစစ်တပ် အုပ်ချုပ်မှုအပေါ် တရားဝင်မှုနဲ့ ငွေကြေးအရ ကြားကန်ပေးနိုင်ဖို့ စစ်ကောင်စီဘက်က တွက်ဆထားပုံရတဲ့အကြောင်း မနေ့က ထုတ်တဲ့ The South China Morning Post သတင်းစာမှာလည်း ရေးသားထားပါတယ်။

Forum

XS
SM
MD
LG