သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေသတွင်း ရေဘေးအခြေအနေ စစ်ကောင်စီနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆွေးနွေး


ဖိလစ်ပိုင်နိုင်ငံ Makati မြို့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ထိုင်းနိုင်ခြားရေးဝန်ကြီး Maris Sangiampongsa ကို တွေ့ရစဉ် (ဇူလိုင် ၄၊ ၂၀၂၄)
ဖိလစ်ပိုင်နိုင်ငံ Makati မြို့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ထိုင်းနိုင်ခြားရေးဝန်ကြီး Maris Sangiampongsa ကို တွေ့ရစဉ် (ဇူလိုင် ၄၊ ၂၀၂၄)

ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa ဟာ မြန်မာစစ်ကောင်စီ အရာရှိတွေနဲ့ တွေ့ဆုံပြီး ဒေသတွင်း ရေဘေးဒဏ်က သက်သာရာရစေဖို့ နှစ်ဖက် သဘောတူညီနိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးနေတဲ့အကြောင်း ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးပါတယ်။

ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံအကြားမှာ မိုးရေကြီးတဲ့အခါ မြစ်ချောင်း ဆည်မြောင်းတွေဆီ စီးဆင်းနိုင်မယ့် နေရာတွေကို တိုးချဲ့ သတ်မှတ် ရှာဖွေ သွားမယ်လို့လည်း ဝန်ကြီး Maris က ပြောပါတယ်။ မကြာသေးခင်က တိုက်ခတ်ခဲ့တဲ့ Yagi တိုင်ဖွန်မုန်တိုင်းကြောင့် မြန်မာနိုင်ငံမှာ ရေလွှမ်းမိုးမှုတွေ အကြီးအကျယ်ကြုံခဲ့ရပြီး သံလွင်မြစ်ထဲကို တောင်ကျရေတွေ ဒလဝေါ စီးဝင်ခဲ့ပါတယ်။

ရေလွှမ်းမိုးမှုတွေကြောင့် မဲခေါင်မြစ်ဝှမ်းနိုင်ငံအားလုံး ထိခိုက်ခဲ့တဲ့အကြောင်းနဲ့ ထိုင်းမြန်မာ နယ်စပ် တာချီလိတ်မြို့မှာဆိုရင် နှစ်ပေါင်း ၃၀ အတွင်း အဆိုးဝါးဆုံး ဘေးဒုက္ခတွေ ကြုံခဲ့ရတယ်လို့လည်း ဝန်ကြီး Maris က ပြောပါတယ်။ ဒီအတောအတွင်း မဲခေါင်မြစ်ဝှမ်းနိုင်ငံတချို့ ရေလွှမ်းမိုးခဲ့တာဟာ တရုတ်နိုင်ငံက Jinghong ဆည် ရေတွေ ဖေါက်ချခဲ့လို့ဆိုပြီး သတင်းမီဒီယာ တချို့က ရေးသားချက်ကို ဘန်ကောက်မှာရှိတဲ့ တရုတ်သံရုံးက ငြင်းဆိုတဲ့ ကြေညာချက်တစောင် ထုတ်ပြန်ပါတယ်။ ဆည်ထဲက ရေတွေကို အတတ်နိုင်ဆုံး ထိန်းထားပြီး ဒေသတွင်း နိုင်ငံတွေရေလွှမ်းမိုးတာဟာ တရုတ်နိုင်ငံက Jinghong ဆည်နဲ့ မဆိုင်တဲ့အကြောင်း တရုတ်နိုင်ငံက ပြန်လည် ငြင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG