သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ်ထောက်ခံတဲ့ပါတီ ထိုင်းအစိုးရသစ်မှာ ချန်လှပ်ခံရ


ထိုင်းဝန်ကြီးချုပ်သစ် Paetongtarn Shinawatra
ထိုင်းဝန်ကြီးချုပ်သစ် Paetongtarn Shinawatra

ထိုင်းဝန်ကြီးချုပ်အသစ်က အစိုးရအဖွဲ့သစ် အမည်စာရင်းကို ဒီကနေ့ စက်တင်ဘာ ၄ ရက်နေ့မှာ ထုတ်ပြန်တာမှာ စစ်တပ်နဲ့ ဆက်နွယ်မှုရှိတဲ့ ပါတီဝင်တွေကို ချန်လှပ်ထားခဲ့တာကြောင့် ဒါဟာ စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ နိုင်ငံ‌ရေးပါတီတွေအနေနဲ့ ၂၀၁၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အစိုးရအဖွဲ့ထဲ မပါတော့တာ ဖြစ်ပါတယ်။

Pheu Thai ပါတီက ဝန်ကြီးချုပ် Paetongtarn Shinawatra တင်သွင်းတဲ့ ဝန်ကြီးအဖွဲ့ အမည်စာရင်းကို ထိုင်းဘုရင် Maha Vajiralongkorn ကလည်း တရားဝင် အသိအမှတ်ပြု လက်ခံလိုက်ပြီ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်က သူ့အစိုးရရဲ့ မူဝါဒအသစ်တွေကို လွှတ်တော်ကို ရှေ့သီတင်းပတ်အတွင်း တင်သွင်းမှာ ဖြစ်ပါတယ်။

အရင်ဝန်ကြီးချုပ် Srettha Thavisin ကို ကျင့်ဝတ်ဖောက်ဖျက်မှုနဲ့ အပြစ်ရှိကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးကဆုံးဖြတ်လိုက်တာကြောင့် ဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra ရဲ့ သမီးဖြစ်သူ Paetongtarn က ထိုင်းနိုင်ငံမှာ အသက်အငယ်ဆုံး ဝန်ကြီးချုပ်အဖြစ် ပြီးခဲ့တဲ့ ဩဂုတ်လမှာ ရွေးချယ်ခံခဲ့ရတာပါ။

အစိုးရအဖွဲ့အတွင်းက ဝန်ကြီးရာထူးအတော်များများ ပြောင်းလဲမှုမရှိပေမယ့် Pheu Thai ပါတီဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရမှာ နဂိုက ပါဝင်ခဲ့တဲ့ စစ်ဦးစီးချုပ်ဟောင်းလည်းဖြစ် အာဏာသိမ်းခေါင်းဆောင်လည်း ဖြစ်ခဲ့တဲ့ Prawit Wongsuwan ဦးဆောင်တဲ့ Palang Pracharath Party (PPRP) ကတော့ ပါဝင်လာခြင်း မရှိတော့ပါဘူး။

စစ်တပ်အကြီးအကဲတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးဖို့ အရပ်သားအသွင်ဆောင်ထားတဲ့ ဒီ Palang Pracharath Party ဟာ မနှစ်က ရွေးကောက်ပွဲမှာ မရှုံးနိမ့်ခင်အထိ ထိပ်က ဦးဆောင်နေခဲ့တဲ့ပါတီလည်း ဖြစ်ပါတယ်။

စစ်တပ်ထောက်ခံတဲ့ပါတီ ထိုင်းအစိုးရသစ်မှာ ချန်လှပ်ခံရ
please wait

No media source currently available

0:00 0:01:22 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG