သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဝန်ကြီးချုပ်သစ်ခန့်ဖို့ သက်ဆင်ရဲ့သမီးကို ညွန့်ပေါင်းပါတီရွေးချယ်


ဝန်ကြီးချုပ်သစ်အဖြစ် ထိုင်းအာဏာရညွန့်ပေါင်းပါတီတွေ ရွေးချယ်လိုက်တဲ့ Pheu Thai ပါတီခေါင်းဆောင် Paetongtarn Shinawatra (ဩဂုတ် ၁၅၊ ၂၀၂၄)
ဝန်ကြီးချုပ်သစ်အဖြစ် ထိုင်းအာဏာရညွန့်ပေါင်းပါတီတွေ ရွေးချယ်လိုက်တဲ့ Pheu Thai ပါတီခေါင်းဆောင် Paetongtarn Shinawatra (ဩဂုတ် ၁၅၊ ၂၀၂၄)

ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra ရဲ့ သမီး Paetongtarn Shinawatra ကိုဝန်ကြီးချုပ်သစ်ခန့်အပ်ဖို့ အာဏာရညွန့်ပေါင်းပါတီတွေ ရွေးချယ်လိုက်ပါတယ်။ ကျင့်ဝတ်ဖောက်ဖျက်မှုနဲ့ ဝန်ကြီးချုပ် Srettha Thavisin မှာ အပြစ်ရှိကြောင်း ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးက မနေ့က ဆုံးဖြတ်ပြီး ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက် ဝန်ကြီးချုပ်သစ်ခန့်ဖို့ အာဏာရ Pheu Thai ပါတီခေါင်းဆောင်တွေ ဒီနေ့ စည်းဝေးခဲ့ကြတာပါ။ ထိုင်းနိုင်ငံအနေနဲ့ ခေါင်းဆောင် အပြောင်းအလဲကို ငြိမ်းငြိမ်းချမ်းချမ်း ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ဒုတိယပြောခွင့်ရက ပြောကြားခဲ့ပါတယ်။

ထိုင်းဖွဲ့စည်းပုံအခြေခံဥပ‌ဒေတရားရုံး ဆုံးဖြတ်ချက်အရ ထိုင်းဝန်ကြီးချုပ်ရော အစိုးရတဖွဲ့လုံး နုတ်ထွက်လိုက်ရတာကို သိရှိတဲ့အကြောင်းနဲ့ ဝန်ကြီးချုပ်သစ် ရွေးချယ်ပြီး အဆင်ပြေ ချောမွေ့တဲ့ အာဏာလွှဲပြောင်းရေး ပေါ်ပေါက်လာဖို့ကို အမေရိကန်ပြည်ထောင်စုအနေနဲ့ စိတ်အားထက်ထက်သန်သန် စောင့်ဆိုင်းနေတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ပြောခွင့်ရ Vedant Patel က မနေ့က ပြောဆိုသွားတာပါ။ နက်ဖြန်သောကြာနေ့ကျရင် ထိုင်းလွှတ်တော်မှာ ဝန်ကြီးချုပ်သစ်ကို မဲခွဲရွေးချယ်မှာဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဟောင်း Srettha Thavisin ဟာ တရားသူကြီးကို လာဘ်ထိုးဖို့ ကြိုးပမ်းမှုနဲ့ ထောင်ဒဏ်ချမှတ်ခံခဲ့ရသူကို အစိုးရအဖွဲ့မှာ တာဝန်ပေးခဲ့တဲ့အတွက် ကျင့်ဝတ်ဖောက်ဖျက်ရာ ရောက်တယ်ဆိုပြီး ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးက တရားသူကြီးအများစုက ဗုဒ္ဓဟူးနေ့က ဆုံးဖြတ်ခဲ့ကြပါတယ်။ သူဟာ ဝန်ကြီးချုပ်ရာထူး တနှစ်မပြည့်ခင်မှာပဲ ထိုင်း ဖွဲ့စည်းပုံ အခြေခံ ဥပ‌ဒေတရားရုံးက ဖယ်ရှားတာခံရတဲ့ Pheu Thai ပါတီက တတိယမြောက် ဝန်ကြီးချုပ်လည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG