သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျင့်ဝတ်ဖောက်ဖျက်မှုနဲ့ ထိုင်းဝန်ကြီးချုပ် ရာထူးကထွက်ပေးရမည်

 အစိုးရရုံးရှေ့မှာ သတင်းထောက်တွေကိုစကားပြောနေတဲ့ ထိုင်းဝန်ကြီးချုပ် Srettha Thavisin (ဩဂုတ် ၁၄၊ ၂၀၂၄)
အစိုးရရုံးရှေ့မှာ သတင်းထောက်တွေကိုစကားပြောနေတဲ့ ထိုင်းဝန်ကြီးချုပ် Srettha Thavisin (ဩဂုတ် ၁၄၊ ၂၀၂၄)

ထိုင်းဝန်ကြီးချုပ် Srettha Thavisin ကို ကျင့်ဝတ်ဖောက်ဖျက်မှုနဲ့ အပြစ်ရှိကြောင်း ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးက ဒီနေ့ပဲ ဆုံးဖြတ်လိုက်တာကြောင့် ရာထူးကနုတ်ထွက်ရမှာ ဖြစ်ပါတယ်။

တရားသူကြီးကို လာဘ်ထိုးဖို့ ကြိုးပမ်းမှုနဲ့ ထောင်ဒဏ်ချမှတ်ခံခဲ့ရသူကို အစိုးရအဖွဲ့မှာ တာဝန်ပေးခဲ့တာဟာ ကျင့်ဝတ်ဖောက်ဖျက်ရာရောက်ကြောင်း စွဲချက်အပေါ် တရားသူကြီး ၉ ဦးအနက် ၅ ဦးက အပြစ်ရှိကြောင်း မဲပေးခဲ့တာ ဖြစ်ပါတယ်။

ဧပြီလတုန်းက အစိုးရအဖွဲ့အပြောင်းအလဲမှာ ဝန်ကြီးချုပ်ရုံး ဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရတဲ့ Pichit Chuenban ဟာ ဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra ရဲ့ အမှုတမှုမှာ တရားသူကြီးကို လာဘ်ထိုးဖို့ ကြိုးပမ်းခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပြီး တရားရုံးကို မထေမဲ့မြင်မှုနဲ့ ၂၀၀၈ ခုနှစ်မှာ ထောင်ဒဏ် ၆ လ ကျခံခဲ့ရတာပါ။

အငြင်းပွားစရာ အခြေအနေတွေ ပေါ်ပေါက်ခဲ့ရာက ရာထူးခန့်အပ်ခံခဲ့ရပြီး သီတင်းပတ်တွေ အတွင်းမှာပဲ Pichit နုတ်ထွက်သွားခဲ့ပါတယ်။ ပြစ်ဒဏ်ကျခံခဲ့ပြီး ဖြစ်ပေမဲ့ သူ့လုပ်ရပ်ဟာ မသမာတဲ့ လုပ်ရပ်ဖြစ်တာကြောင့် အခုလို ဆုံးဖြတ်ခဲ့တာလို့လည်း တရားရုံးက ပြောပါတယ်။

အစိုးရအဖွဲ့ကတော့ လွှတ်တော်က ဝန်ကြီးချုပ်သစ်ရွေးချယ်တဲ့ အချိန်အထိ ယာယီဆက်လက် တာဝန်ယူသွားမှာပါ။ လွှတ်တော်အနေနဲ့ ဝန်ကြီးချုပ်သစ် ရွေးချယ်ဖို့ အချိန်ကန့်သတ်ချက်တော့ မရှိပါဘူး။

ကျင့်ဝတ်ဖောက်ဖျက်မှုနဲ့ ထိုင်းဝန်ကြီးချုပ် ရာထူးကထွက်ပေးရမည်
please wait

No media source currently available

0:00 0:00:47 0:00
တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG