သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်စပ်လုံခြုံရေး ထိပါးခံမည်မဟုတ် (ထိုင်းဝန်ကြီးချုပ်)


ထိုင်းဝန်ကြီးချုပ် Srettha Thavisin
ထိုင်းဝန်ကြီးချုပ် Srettha Thavisin

ထိုင်း-မြန်မာနယ်စပ်တောင်ပိုင်းမှာ ထိုင်းနိုင်ငံရဲ့ လေကြောင်းအပါအ၀င် နယ်စပ်လုံခြုံရေးကို ထိပါးခံမှာမဟုတ်ဘူးလို့ ထိုင်း၀န်ကြီးချုပ် Srettha Thavision ကပြောကြားလိုက်ပါတယ်။ မြန်မာစစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေပြင်းထန်နေတဲ့ ထိုင်း-မြန်မာနယ်စပ်တောင်ပိုင်းမှာ ရာနဲ့ချီတဲ့ စစ်ပြေးဒုက္ခသည်တွေ ထိုင်းဘက်ကို ရောက်လာနေတဲ့ အခြေအနေကို ထိုင်း၀န်ကြီးချုပ် ဦးဆောင်တဲ့ အဖွဲ့ ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ သွားရောက်ကြည့်ရှုခဲ့တာနဲ့ ပတ်သက်လို့ ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာက အကြောင်းစုံပြောပြမှာပါ။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့မှာ တိုက်ပွဲများတွေဖြစ်ပွားအပြီး ထိုင်းနယ်စပ် ကိုဒုက္ခသည်တွေရောက်ရှိလာပြီးနောက် ထိုင်း-မြန်မာနယ်စပ်ကို ထိန်းချုပ်ဖို့ ထိုင်းလေတပ်၊ ကြည်းတပ်က တာဝန်ရှိသူတွေဟာ နယ်စပ်လုံခြုံရေးကိုကိုင်တွယ်နေကြောင်း ထိုင်းဝန်ကြီးချုပ် Srettha Thavision က ပြောကြားလိုက်ပါတယ်။ မေလ ၁၂ရက်နေ့ကကန်ချနဘူရီ့ ခရိုင် ကိုလာရောက်ခဲ့တာနဲဲ့ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲပြုလုပ်ရာမှာ ထိုင်း၀န်ကြီးချုပ်က အခုလို ပြောသွားပါတယ်။

"အခြေအနေအားလုံး ထိန်းချုပ်ထားနိုင်ပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ မြန်မာနယ်စပ်မှာဖြစ်နေတဲ့ စစ်ပွဲ တွေကြောင့် မငြိမ်မသက် ဖြစ်မှုတွေဟာ ထိုင်းနယ်မြေအတွင်း ကိုပါထိပါးရိုက်ခတ်လာမယ့်ကိစ္စ လုံး၀လက်ခံမှာ မဟုတ်ပါဘူး။ လေကြာင်းကျူးကျော်တာပဲဖြစ်ဖြစ် ထိုင်းနိုင်ငံဘက်က လက်မခံ နိုင်ပါဘူး။ နယ်စပ်လုံခြုံရေးနဲ့ ပါတ်သက်လို့ ထိုင်းလေတပ်နဲ့ ကြည်းတပ် တာ၀န်ရှိသူတွေနဲ့လည်း တွေဆုံပြီးတိုက်ရိုက် ကိုင်တွယ်နေပါတယ်။"

ထိုင်း၀န်ကြီးချုပ် Srettha Thavision နဲ့ အတူ ကာကွယ်ရေး ၀န်ကြီး Suthin Khlangsaeng ပါ၀င်တဲ့ အဖွဲ့ဟာ ထိုင်း မြန်မာ နယ်စပ် ကန်ချဘူရီ ခရိုင် နယ်စပ် စီပွားရေး ဇုံကို မေလ၁၁ ရက် နေ့က စစ်ရဟတ်ယာဥ် နဲ့ ရောက်ရှိလာပြီး နယ်စပ်လုံခြုံရေးအခြေအနေတွေကို လာရောက်စစ်ဆေးခဲ့တာပါ။

ထိုင်းမြန်မာနယ်စပ် စံခလာဘူရီမြို့နဲ့ ကပ်နေတဲ့ မြန်မာဘက်က ဘုရားသုံးဆူဒေသမှာ ပြီးခဲတဲ့ သောကြာနေ့ နေ့လည်ပိုင်းက စစ်ကောင်စီနဲ့ တော်လှန်ရေး တိုင်းရင်းသားတပ်တွေကြားတိုက်ပွဲ ဖြစ်ပွားခဲ့တဲ့အတွက် ရာဂဏန်းရှိတဲ့ စစ်ပြေးဒုက္ခသည်တွေ ထိုင်းနိုင်ငံထဲကို ထွက်ပြေးလာခဲ့ကြတာပါ ။
ဘုရားသုံးဆူ ဒေသခံ ၁၀၀ ကျော်လောက် ထိုင်းနိုင်ငံအတွင်း ပြေးဝင်လာခဲ့ပြီး၊ ထိုင်းဘက်က အမှတ် ၁၃၄ နယ်ခြားစောင့်တပ် အပါအဝင်၊ ရဲ တပ်ဖွဲ့တွေက နယ်စပ်ကို စောင့်ကြပ်ထားခဲ့ကြပါတယ် ။အခြေအနေတွေတည်ငြိမ်ပြီးတဲ့နောက်နေရပ်ကိုပြန်ပို့ခဲ့တာပါ။ ဒီအတွက်ကြောင့်နယ်စပ်လုံခြုံရေးကို ထိုင်းဝန်ကြီးချုပ်က အလေးထားပြောဆိုသွားတာဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ်နဲ့အဖွဲ့ဟာ ကန်ချနဘူရီခရိုင် စခံလဘူရီမြို့နယ်ထဲမှာရှိတဲ့ မွန်တံတားအဖြစ် ခေါ်ဝေါ်တဲ့ ဥတ္တမနုစန်တံတား Uttamanusorn Bridge ( Mon Bridge) ကိုလည်း သွားရောက်ခဲ့ပြီး ဒေသခံတွေနဲ့တွေ့ဆုံရာမှာ ခရီးသွားလုပ်ငန်းတွေဖွံဖြိုးတိုးတက်နိုင်ရေးကိစ္စတွေကို ပြောဆိုခဲ့ပါတယ်။ ဒါအပြင် နယ်စပ်ကုန်သွယ်ရေးကိစ္စတွေကိုလည်းအလေးထားလာရောက်ကြည့်ရှုခဲ့သလို ထိုင်းမြန်မာ နယ်စပ်ကနေ မူးယစ်ဆေး၀ါးတွေ သယ်ယူနေတဲ့ အခြေအနေတွေရှိနေတာနဲ့ ပါတ်သက်ပြီးလည်း အထူးကြပ်မတ်စစ်ဆေးလုပ်ဆောင်သွားမှာဖြစ်တဲ့ အကြာင်းကိုလည်း ထိုင်း၀န်ကြီးချုပ်က တဆက်တည်းပြောသွားပါတယ်။

ထိုင်း ၀န်ကြီချုပ်နဲ့ အဖွဲဟာ အမှတ် (၉) စစ်‌ ‌ဒေသ ကတာ၀န်ရှိ စစ်ဖက်ဆိုင်ရာ အရာရှိတွေ နဲ့ အတူ ကန်ချဘူရီမြို့မှာ လည်း နယ်စပ်လုံခြုံရေး အစည်း‌၀ေးပြုလုပ်ခဲ့သလို မဲဆောက်-ရနောင်း-ကမ်ချနဘူရီ ‌နယ်စပ်တလျှောက် မူးယစ်ဆေး၀ါးရောင်းဝယ်မှုတွေကိုလည်း ရက်ပေါင်း ၉၀အတွင်းအပြီးသတ်ပိတ်ဆို့နှိမ်နင်းသွားမယ်လို့ ထိုင်းအစိုးရက သတင်းထုတ်ပြန်ထားပါတယ် ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG