သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းပေါ်ပြန်ရောက်အောင် ထိုင်းကြိုးစားနေ


ဂျပန်နိုင်ငံရောက်နေတဲ့ ထိုင်းဝန်ကြီးချုပ် Srettha Thavisin (မေ ၂၄၊ ၂၀၂၄)
ဂျပန်နိုင်ငံရောက်နေတဲ့ ထိုင်းဝန်ကြီးချုပ် Srettha Thavisin (မေ ၂၄၊ ၂၀၂၄)

မြန်မာနိုင်ငံရဲ့ အကျပ်အတည်း ပဋိပက္ခတွေ အဆုံးသတ်ရေးအတွက် ထိုင်းနိုင်ငံအနေနဲ့ အာဆီယံနဲ့ လက်တွဲပြီး မနားမနေ ကြိုးစားနေပါတယ်လို့ ထိုင်းဝန်ကြီးချုပ် Srettha Thavisin က ဒီနေ့ ဂျပန်နိုင်ငံ တိုကျိုမြို့တော်မှာ အာရှအနာဂတ်ခေါင်းစဉ်နဲ့ Nikkei Forum ဆွေးနွေးပွဲမှာ ပြောကြားသွားပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဖြစ်လာအောင်၊ တည်ငြိမ်အောင်နဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်အောင် လိုအပ်တာ ပံ့ပိုးနိုင်ဖို့ ထိုင်းနိုင်ငံအနေနဲ့ လုပ်နေပါတယ်လို့ ဝန်ကြီးချုပ် Srettha ကပြောပါတယ်။

လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်တဲ့ လာအိုနိုင်ငံနဲ့ လက်တွဲပြီး မြန်မာ့အရေးကို ကူညီဖြေရှင်းနိုင်အောင် ကြိုးပမ်းနေတဲ့အကြောင်းနဲ့ ထိုင်းမြန်မာနယ်ခြားမှာ ခိုလှုံနေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လူသားချင်း စာနာမှု အကူအညီပိုပြီး ပေးနိုင်အောင် လုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။

ထိုင်းနဲ့ကပ်နေတဲ့ မြန်မာနိုင်ငံ နယ်စပ်ဒေသတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး မြန်မာ စစ်တပ်ရဲ့ အဓိက ခြေကုတ်စခန်းတော်တော်များ ဆုံးရှုံးခဲ့ပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေက ဒုက္ခသည် အများအပြားလည်း ထိုင်းနိုင်ငံထဲကို ထွက်ပြေးခိုလှုံနေကြပါတယ်။ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားနေသူတွေ၊ စစ်တပ်ကို ဆန့်ကျင်သူတွေကတော့ လူသားချင်းစာနာမှု အကူအညီပေးရေးအပါအဝင် ထိုင်းနိုင်ငံရဲ့ မြန်မာနိုင်ငံအရေး ချဉ်းကပ်မှုတွေဟာ စစ်ကောင်စီ အုပ်ချုပ်မှုကို တရားဝင် အသိအမှတ်ပြုတာမျိုး ဖြစ်မသွားစေဖို့ သတိပေး ပြောဆိုနေကြပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းပေါ်ပြန်ရောက်အောင် ထိုင်းကြိုးစားနေ
please wait

No media source currently available

0:00 0:01:13 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG