သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ဆွေးနွေးဖို့ ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် သြစတြေးလျ သွားမည်


ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ဟာ မြန်မာ့အရေး ဆွေးနွေးဖို့ သြစတြေးလျနိုင်ငံကို သီတင်း ၁ ပတ်ကျော်ကြာ သွားရောက်မယ်လို့ ဒီကနေ့ပဲ ပြောလိုက်ပါတယ်။

လာမယ့် အောက်တိုဘာ ၁ ရက်ကနေ ၁၀ ရက်နေ့အထိ ခရီးစဉ်အတွင်း သြစတြေးလျအစိုးရကိုယ်စားလှယ်တွေနဲ့ မြို့တော် ကင်ဘာရာမှာ တွေ့ဆုံသွားမှာဖြစ်ပြီး၊ မြန်မာ့အရေး သြစတြေးလျရဲ့ အမြင်သဘောထားနဲ့ မြန်မာပြည်သူတွေရဲ့ လူ့အခွင့်အရေးအတွက် သြစတြေးလျဘက်က ရပ်တည်နိုင်မယ့်နည်းလမ်းတွေကို ဆွေးနွေးမယ်လို့လည်း ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။

လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟာ ဆစ်ဒနီနဲ့ မဲလ်ဘုန်းမြို့တွေကိုလည်း သွားရောက်မှာဖြစ်ပြီး မြန်မာနိုင်ငံကနေ ရောက်ရှိလာကြသူတွေကို ကူညီပံ့ပိုးပေးမယ့် ကျွမ်းကျင်သူတွေ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာနဲ့ ဒုက္ခသည်အဖွဲ့အစည်းတွေ၊ သြစတြေးလျ အရပ်ဘက်အဖွဲ့အစည်း တွေနဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးနောက် သြစတြေးလျမှာ လာရောက် အခြေချ နေထိုင်နေတဲ့ ဒုက္ခသည်တွေအပါအဝင်၊ အလွှာပေါင်းစုံက မြန်မာတွေနဲ့လည်း တွေ့ဆုံဆွေးနွေးဖို့လည်း စီစဉ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG