သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိန်းချုပ်လို့မရတော့တဲ့တိုင်းပြည်ကို စစ်ကောင်စီ ဖျက်ဆီးဖို့ ကြိုးစားနေ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က လူ့အခွင့်အရေးဆိုင်ရာကုလမဟာမင်းကြီးရုံးမှာကျင်းပတဲ့ ထိုင်းအမျိုးသားလုံခြုံရေးအဖွဲ့နဲ့ မြန်မာ့အရေး ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာစကားပြောနေတဲ့ ကုလအထူးကိုယ်စားလှယ် Tom Andrews (ဇူလိုင် ၁၁၊ ၂၀၂၄)

မြန်မာ အာဏာသိမ်း စစ်ကောင်စီဟာ သူတို့ ထိန်းချုပ်လို့ မရတော့တဲ့ တိုင်းပြည်ကို ဖျက်ဆီးဖို့ ကြိုးစားနေပုံ ရတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews က ဒီကနေ့ သတိပေးလိုက်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ်တွေနဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေ ရပ်တန့်အောင် တရုတ်အစိုးရက ပြီးခဲ့တဲ့ ဇန်နဝါရီလကစလို့ ကြားဝင် ညှိနှိုင်းပေးနေတဲ့ ဆွေးနွေးပွဲတွေဟာလည်း ခုချိန်ထိတော့ မအောင်မြင်သေးပါဘူး။

မြန်မာစစ်တပ်ဟာ သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေ၊ တပ်စခန်းတွေနဲ့ နယ်မြေတွေ အများအပြားကို လက်လွတ် ဆုံးရှုံးနေပြီး သူတို့ ထိန်းချုပ်လို့ မရတော့တဲ့ အခြေအနေမှာ တိုင်းပြည်ကို ဖျက်ဆီးဖို့ ကြိုးစားနေပုံရတယ်လို့ ဒီကနေ့ မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ထိုင်းအမျိုးသား လုံခြုံရေးအဖွဲ့နဲ့ မြန်မာ့အရေး ဆွေးနွေးချိန်မှာ ကုလ အထူးကိုယ်စားလှယ် Tom Andrews က သတိပေး ပြောဆိုသွားတာပါ။

စစ်ကောင်စီဟာ ရှုံးမဲ မဲပြီး အရပ်သားပြည်သူတွေကို ပိုပြီး တိုက်ခိုက်လာနေတယ်လို့လည်း အထူးကိုယ်စားလှယ် Andrews က ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၆ လအတွင်း တိုက်ခိုက်ခံရတဲ့ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ ဘာသာရေး အဆောက်အအုံတွေ သိသိသာသာ တိုးလာတာကို ထောက်ပြပြီး မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အင်မတန် စိုးရိမ်စရာ ကောင်းနေပြီလို့ ပြောဆိုသွားခဲ့ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က လူ့အခွင့်အရေးဆိုင်ရာကုလမဟာမင်းကြီးရုံးမှာကျင်းပတဲ့ ထိုင်းအမျိုးသားလုံခြုံရေးအဖွဲ့နဲ့ မြန်မာ့အရေး ဆွေးနွေးပွဲ (ဇူလိုင် ၁၁၊ ၂၀၂၄)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့က လူ့အခွင့်အရေးဆိုင်ရာကုလမဟာမင်းကြီးရုံးမှာကျင်းပတဲ့ ထိုင်းအမျိုးသားလုံခြုံရေးအဖွဲ့နဲ့ မြန်မာ့အရေး ဆွေးနွေးပွဲ (ဇူလိုင် ၁၁၊ ၂၀၂၄)

ရှမ်းမြောက်ဒေသမှာ တအာန်း TNLA ၊ ကိုးကန့် MNDAA နဲ့ အာရက္ခတပ်တော် AA ညီနောင် မဟာမိတ် သုံးဖွဲ့ပေါင်းပြီး ပြီးခဲ့တဲ့ အောက်တိုဘာလက စစ်ဆင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယအကြော့အဖြစ် ဇွန်လ ၂၅ ရက်နေ့ကစလို့ တိုက်ပွဲတွေ ပြန်လည် ပြင်းထန်နေပါတယ်။ စစ်ရေးအရ အရေးပါတဲ့ စစ်ကောင်စီ တပ်စခန်းတချို့နဲ့ မြို့နယ်တွေကို တိုင်းရင်းသား မဟာမိတ် အဖွဲ့တွေက ထိုးစစ်ဆင်သိမ်းယူတာတွေ ရှိနေပြီး နှစ်ဘက်တိုက်ပွဲတွေကြောင့် ဒေသခံတွေ သောင်းနဲ့ချီ အိုးအိမ်တွေကို စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG