သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ လက်နက်ကုန်သွယ်မှု Tom Andrews ထုတ်ပြန်ချက် စင်္ကာပူ တုံ့ပြန်

နေပြည်တော်မှာ ကျင်းပတဲ့ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား (မတ်လ ၂၇၊ ၂၀၁၇)
နေပြည်တော်မှာ ကျင်းပတဲ့ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား (မတ်လ ၂၇၊ ၂၀၁၇)

မြန်မာနိုင်ငံအခြေအနေဟာ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်ဆိုင်ရာ ငွေကြေးထောက်ပံ့မှု အန္တရာယ်ရှိနိုင်တာကိုတွေ့ရတဲ့အတွက် စင်္ကာပူငွေကြေးအာဏာပိုင်အဖွဲ့ MAS က စင်္ကာပူဘဏ်အဖွဲ့အစည်းနဲ့ လက်တွဲပြီး တားဆီးဖို့ကြိုးစားခဲ့ကြောင်းနဲ့ မြန်မာနိုင်ငံကို လက်နက်ရောက်စေမယ့် ငွေကြေးလွှဲပြောင်းမှု မလုပ်ခဲ့ကြောင်းပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews ရဲ့ ဇွန်လ ၂၆ ရက်က ထုတ်ပြန်တဲ့ Banking on the Death Trade ခေါ် “သေမင်းတမန် ကုန်သွယ်မှုဆိုင်ရာ ဘဏ်လုပ်ငန်း” စာရင်းမှာ မြန်မာစစ်ကောင်စီအတွက် စစ်ဘက်ဆိုင်ရာပစ္စည်း ဝယ်ယူမှုနဲ့ ဆက်စပ်တဲ့ ငွေလွှဲပြောင်းမှု အပါအဝင် ဝန်ဆောင်မှုပေးနေတဲ့ နိုင်ငံပေါင်း ၇ နိုင်ငံက ဘဏ်ပေါင်း ၁၆ ခု ထဲမှာ စင်္ကာပူက ဘဏ်တွေကို ဖေါ်ပြထားတာနဲ့ ပတ်သက်လို့ ဇွန်လ ၂၈ ရက်မှာ စင်္ကာပူနိုင်ငံခြားရေးဌာနက မဟုတ်မမှန်ကြောင်း တုံ့ပြန်လိုက်ပါတယ်။

စင်္ကာပူနိုင်ငံအနေနဲ့ ၂၀၂၁ ဖေဖေါ်ဝါရီလကစပြီး မြန်မာနိုင်ငံရဲ့အခြေအနေဟာ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်ဝါဒဆိုင်ရာ ငွေကြေးထောက်ပံ့မှု အန္တရာယ် ရှိလာနိုင်တာကို တွေ့ရတဲ့အတွက် စင်္ကာပူ ငွေကြေးအာဏာပိုင်အဖွဲ့ MAS က (FI) စင်္ကာပူဘဏ် အဖွဲ့အစည်းတွေနဲ့ အနီးကပ် လက်တွဲပြီး ဒါကိုတားဆီးဖို့ ကြိုးစားခဲ့ကြောင်းနဲ့ စင်္ကာပူဘဏ်တွေဟာ မြန်မာနိုင်ငံကို လက်နက် ရောက်သွားစေမယ့် ရောင်းချမှုတွေ၊ ငွေကြေး လွှဲပြောင်းမှုတွေကို မလုပ်ခဲ့ကြောင်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင် မြန်မာကုမ္ပဏီတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ ပတ်သက်တဲ့ ငွေကြေးလွှဲပြောင်းမှုတွေကို FATA ငွေကြေးဆိုင်ရာ အလုပ်အဖွဲ့ရဲ့ ၂၀၂၂ အောက်တိုဘာလမှာ ထုတ်ပြန်တဲ့ အမည်မည်းစာရင်းမှာ ပါမပါ စစ်ဆေးခဲ့ကြောင်း၊ တချိန်ထဲမှာပဲ မြန်မာနိုင်ငံတွင်းက လူသားစာနာမှု အကူအညီပေးသူတွေ၊ တရားဝင် ထောက်ပံ့ကူညီနေတဲ့ အဖွဲ့တွေရဲ့ ငွေကြေးဆိုင်ရာ လုပ်ငန်းတွေကို ထိခိုက်မှု မရှိအောင် ဂရုစိုက် လုပ်ဆောင်နေတာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ ၂၀၂၁ မတ်လ ရန်ကုန် ဆန္ဒပြပွဲအတွင်း ပြည်သူတဦးကို စစ်တပ်က ဖမ်းဆီးနေစဥ်။ REUTERS
စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ ၂၀၂၁ မတ်လ ရန်ကုန် ဆန္ဒပြပွဲအတွင်း ပြည်သူတဦးကို စစ်တပ်က ဖမ်းဆီးနေစဥ်။ REUTERS

စင်္ကာပူနဲ့ မြန်မာ ၂ နိုင်ငံကြား တရားဝင်ကုန်သွယ်ရေးနဲ့ ငွေကြေးဆက်ဆံမှုတွေဟာ မြန်မာလူထုရဲ့ လူနေမှုဘဝ ရှင်သန်ရေးကို အထောက်အကူပြုနေတဲ့အတွက် လိုအပ်နေတာဖြစ်ပြီး ဒါကို မထိခိုက်အောင် ကြိုးစားလုပ်ဆောင်နေတယ်လို့လည်း ဖေါ်ပြထားပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂရဲ့ မြန်မာ့လူ့အခွင့်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် ရုံး ကနေ ပေးအပ်လာမယ့် နောက်ထပ် အချက်အလက်တွေကို စောင့်ဆိုင်းနေကြောင်းလည်း ပြောပါတယ်။

ထိုင်းက Siam Commercial Bank – SCB ဘဏ်ကလည်း ထိုင်းနဲ့ မြန်မာနိုင်ငံကြား ငွေကြေး အလွှဲအပြောင်း လုပ်မှုတွေမှာ တရားမဝင် လုပ်ခဲ့တာမျိုး မရှိဘူးလို့ သောကြာနေ့မှာပဲ တုံ့ပြန်ခဲ့ပါတယ်။

မြန်မာနဲ့ လက်နက်ကုန်သွယ်မှု Tom Andrews ထုတ်ပြန်ချက် စင်္ကာပူ တုံ့ပြန်
please wait

No media source currently available

0:00 0:01:18 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG