သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘဏ်ကိစ္စ Tom Andrews အစီရင်ခံမှု  ဗဟိုဘဏ်ကန့်ကွက်


နေပြည်တော်မှာရှိတဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အဆောက်အဦ (မေ ၁၇၊ ၂၀၁၂)
နေပြည်တော်မှာရှိတဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အဆောက်အဦ (မေ ၁၇၊ ၂၀၁၂)

စစ်ကောင်စီလက်နက်ဝယ်ယူတာမှာ နိုင်ငံတကာဘဏ်တွေ၊ ပြည်တွင်းနိုင်ငံပိုင်ဘဏ်နဲ့ ပုဂ္ဂလိကဘဏ်တချို့ ပါဝင်နေတယ်လို့ လူ့အခွင့်အရေးကောင်စီကို တင်ပြတဲ့ အစီရင်ခံစာကို မြန်မာဘက်က ကန့်ကွက်လိုက်ပါတယ်။

ထိုင်းအပါအဝင် နိုင်ငံ (၇) နိုင်ငံက ဘဏ် (၁၆) ခု ဟာ မြန်မာစစ်ကောင်စီလက်နက်ဝယ်ယူဖို့ ငွေလွှဲမှုထဲပါဝင်ခဲ့တယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးစုံစမ်းရေးမှူး Tom Andrews ကလူ့အခွင့်အရေးကောင်စီကို ဇွန်လ ၂၆ ရက်နေ့က တင်ပြခဲ့အပြီး မြန်မာနိုင်ငံ ဗဟိုဘဏ်၊ ဘဏ်များအသင်း၊ နိုင်ငံပိုင်ဘဏ်များနဲ့ ပုဂ္ဂလိကဘဏ်များဆိုပြီး ဒီနေ့ ဇွန်လ ၂၈ ရက်နေ့စွဲနဲ့ ထုတ်ပြန် တုံ့ပြန်လိုက်တာပါ။
လူ့အခွင့်အရေးကောင်စီကိုတင်တဲ့ အစီရင်ခံစာမှာ ဘဏ်တွေကို အရေးယူဖို့တိုက်တွန်းထားတာကြောင့် ဒီတောင်းဆိုမှုဟာ မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားသာမက တခြားနိုင်ငံတွေနဲ့ ဆက်ဆံရေးကိုပါ ထိခိုက်စေတာကြောင့် အပြင်းအထန် ကန့်ကွက်တယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

မြန်မာနိုင်ငံက ပြည်တွင်း ပြည်ပ ငွေကြေးလွှဲပြောင်းမှုတွေဟာ မြန်မာနိုင်ငံသားတွေအတွက် အဓိက မရှိ မဖြစ်လိုအပ်တဲ့ အခြေခံကုန်တွေဖြစ်တဲ့ ဆေးဝါး၊ စိုက်ပျိုးမွေးမြူရေး၊ ဓါတ်မြေဩဇာ၊ စက်သုံးဆီ၊ စားသုံးဆီတွေ တင်သွင်းဖို့ ဆောင်ရွက်တာဖြစ်တယ်လို့ ထောက်ပြပါတယ်။ ကုန်စည်တွေ တင်သွင်းဖို့ ငွေပေးချေတဲ့ ကုန်သွယ်မှုဆိုင်ရာ သက်သေခံ စာရွက် စာတမ်း အထောက်အထားတွေကို စိစစ်ဆောင်ရွက်နေတယ်လို့လည်း ဆိုထားပါတယ်။

ပြည်တွင်းဘဏ်တွေအနေနဲ့ နိုင်ငံတကာ ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ FATF ရဲ့ စံသတ်မှတ်ချက်တွေအတိုင်း ဆောင်ရွက်နေတယ်လို့လည်း ဥပမာပေး ဖော်ပြထားပါတယ်။
ကုလသမဂ္ဂအထူးစုံစမ်းရေးမှူး Tom Andrews ရဲ့ အစီရင်ခံစာမှာ စစ်လက်နက်ဝယ်ယူတဲ့ကိစ္စအဓိက ပြောထားပေမဲ့ ဗဟိုဘဏ်နဲ့ ဘဏ်တွေ ပူးတွဲထုတ်ပြန်ချက်မှာတော့ ဒီအကြောင် တစုံတရာ ပြောထားခြင်း မရှိပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG