သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်နက်ရရေး ထိုင်းဘဏ်တွေကို စစ်ကောင်စီ ပိုအားကိုးလာ (ကုလအထူးကိုယ်စားလှယ်)


ဆွန်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာကျင်းပတဲ့ ၅၁ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီအတွင်းတွေ့ရတဲ့ ကုလမြန်မာအထူးကိုယ်စားလှယ် Tom Andrews
ဆွန်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာကျင်းပတဲ့ ၅၁ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီအတွင်းတွေ့ရတဲ့ ကုလမြန်မာအထူးကိုယ်စားလှယ် Tom Andrews

ထိုင်းနိုင်ငံက ဘဏ်တွေဟာ မြန်မာစစ်ကောင်စီအတွက် အဓိက ချိတ်ဆက် လုပ်ဆောင်ပေးနေတဲ့ ဘဏ်တွေအဖြစ် ပြောင်းလဲ နေရာယူလာနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews ရဲ့ ဒီကနေ့ ဇွန်လ ၂၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အစီရင်ခံစာအသစ်မှာ ဖေါ်ပြပါတယ်။

စင်္ကာပူနိုင်ငံအတွင်း မြန်မာ စစ်ကောင်စီအတွက် အဓိက ချိတ်ဆက် လုပ်ဆောင်ပေးနေတဲ့ ဘဏ်တွေကို စင်္ကာပူအစိုးရက ကန့်သတ် အရေးယူမှုတွေ လုပ်ဆောင်လာတာကြောင့် စစ်ကောင်စီက ထိုင်းနိုင်ငံကဘဏ်တွေကို ပြောင်းလဲ အသုံးပြုလာနေတာပါ။

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို တင်ပို့ခဲ့တဲ့ စစ်လက်နက်နဲ့ စစ်ပစ္စည်း တန်ဖိုးဟာ အရင်နှစ်ကထက် နှစ်ဆပိုများခဲ့ပြီး အမေရိကန် ဒေါ်လာ သန်း ၁၂၀ ဖိုးအထိ ရှိတဲ့အကြောင်းလည်း Tom Andrews ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်အတွင်း နိုင်ငံပေါင်း (၇) နိုင်ငံက ဘဏ်ပေါင်း (၁၆) ခုဟာ မြန်မာစစ်ကောင်စီအတွက် စစ်ဘက်ဆိုင်ရာပစ္စည်းတွေ၀ယ်ယူရေး စစ်ပိုင်းဆိုင်ရာကိစ္စရပ်တွေနဲ့ ဆက်စပ်ပြီး ငွေလွှဲပြောင်းမှုအပါအ၀င် ဘဏ်၀န်ဆောင်မှုတွေ ပေးခဲ့ကြောင်း ဒီကနေ့ ထုတ်ပြန်တဲ့ Tom Andrews ရဲ့ အစီရင်ခံစာအသစ်မှာ ဖေါ်ပြပါတယ်။

နိုင်ငံတကာ ဘဏ်တချို့နဲ့ အစိုးရ တချို့ဟာ အာဏာသိမ်း စစ်ကောင်စီနဲ့ ဘယ်လို ဆက်စပ် ပံ့ပိုးမှုတွေပေးနေသလဲ ဆိုတာကို လေ့လာ စုံစမ်းထားတဲ့ ဒီအစီရင်ခံစာမှာ “သေမင်းတမန်ကုန်သွယ်မှုဆိုင်ရာ ဘဏ်လုပ်ငန်းတွေ” - ဆိုပြီး ဘဏ်တွေရဲ့ အမည်တွေကို ဖေါ်ပြထားတာပါ။

ဒီ အစီရင်ခံစာနဲ့ ပတ်သက်လို့ စင်္ကာပူနဲ့ ထိုင်း ဘဏ်တွေဘက်ကတော့ တစုံတရာ တုံ့ပြန်ချက် မပေးသေးပါဘူး။ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဗဟိုဘဏ်ကို ၀န်ဆောင်မှုပေးနေတဲ့ နောက်ထပ် နိုင်ငံခြားဘဏ် ၂၅ ဘဏ်ရဲ့ အမည်စာရင်းတွေကိုလည်း လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews ရဲ့ အစီရင်ခံစာသစ်မှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG