သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်က ရိုဟင်ဂျာတွေအတွက် နိုင်ငံတကာအကူအညီ အရေးပေါ်လိုအပ် (Tom Andrews)


စစ်ဘေးရှောင်မွတ်ဆလင်များကို AA ကကြိုဆိုခဲ့ကြောင်း ထုတ်ပြန်ခဲ့သည့်မှတ်တမ်းဓာတ်ပုံ (မေ ၁၃၊ ၂၀၂၄)
စစ်ဘေးရှောင်မွတ်ဆလင်များကို AA ကကြိုဆိုခဲ့ကြောင်း ထုတ်ပြန်ခဲ့သည့်မှတ်တမ်းဓာတ်ပုံ (မေ ၁၃၊ ၂၀၂၄)

ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ထောင်နဲ့ချီရဲ့ အသက်တွေကို ကယ်တင်နိုင်ဖို့ နိုင်ငံတကာရဲ့ အရေးပေါ်ဆောင်ရွက်မှု လိုအပ်နေပြီလို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးစုံစမ်းရေးမှူး Tom Andrews ကပြောကြားလိုက်ပါတယ်။

ရခိုင်မှာ ရိုဟင်ဂျာတွေအပေါ် နောက်တကြိမ် သတ်ဖြတ်နေပုံရတဲ့ အခြေအနေတွေကို နိုင်ငံတကာအသိုင်းအဝိုင်းက မတုံ့ပြန်ဘူးဆိုရင် နောက်ထပ် အပြစ်မဲ့သူ ထောင်နဲ့ချီ အသက်ဆုံးရှုံးလိမ့်မယ်လို့ ဒီနေ့ ကြေညာချက် ထုတ်ပြန်တာဖြစ်ပါတယ်။ ဂြိုလ်တုက ရတဲ့ ပုံတွေအရ ဘူးသီးတောင်မြို့နယ် နေရာတော်တော်များများ မီးလောင်ကျွမ်းထားတာနဲ့ သောင်းနဲ့ချီ အိုးအိမ်မဲ့ ဖြစ်နေကြတယ်ဆိုတဲ့ သတင်းတွေကို ထုတ်ပြန်ချက်မှာ ထောက်ပြထားပါတယ်။

စစ်တပ်က အင်တာနက်ဖြတ်တောက်ထားတာမို့ ရခိုင်မြောက်ပိုင်းက သတင်းအချက်အလက်တွေရရှိနိုင်ဖို့ ခက်ခဲနေချိန်မှာ သတ်ဖြတ်မှု၊ ဖမ်းဆီးခံရပြီးပျောက်ဆုံးသွားမှု၊ ကျယ်ကျယ်ပြန့်ပြန့် မီးရှို့မှုတွေရှိနေတယ်ဆိုတဲ့ ယုံကြည်ရလောက်တဲ့ သတင်းတွေ စိုးရိမ်စရာကောင်းလောက်အောင် ထွက်ပေါ်လာနေတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးစုံစမ်ရေးမှူး Tom Andrews ကပြောပါတယ်။

ဒီသတင်းတွေကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အရေးပေါ် တုံ့ပြန်ဆောင်ရွက်ဖို့ လိုအပ်နေပြီလို့ သူကတောင်းဆိုပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ လက်နက်ကိုင်ထားတဲ့ စစ်တပ်၊ အာရက္ခတပ်တော် AA အပြင် ARSA ရိုဟင်ဂျာအဖွဲ့အပါအဝင် ရိုဟင်ဂျာအဖွဲ့တွေ လှုပ်ရှားနေကြတာမို့ အဲဒီအဖွဲ့တွေအားလုံးအနေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေတွေအတိုင်း လိုက်နာကြဖို့နဲ့ အပြစ်မဲ့အရပ်သားတွေရဲ့ အသက်တွေကို ကာကွယ်နိုင်အောင် လိုအပ်တာမှန်သမျှလုပ်ကြဖို့ တောင်းဆိုတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ အရေးပေါ် လူသားချင်းစာနာတဲ့ အကူအညီတွေပေးနိုင်ရေး ဆောက်ရွက်မှုတွေ ချက်ချင်းလုပ်ရမယ်လို့လည်း မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးစုံစမ်ရေးမှူး Tom Andrews ကပြောကြားထားပါတယ်။

ရခိုင်က ရိုဟင်ဂျာတွေအတွက် နိုင်ငံတကာအကူအညီ အရေးပေါ်လိုအပ် (Tom Andrews)
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG