သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာမှာ လူသားမျိုးနွယ်နဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခြင်း ရှိ မရှိ ဆန်းစစ်နေ (IIMM) 


စစ်ဘေးရှောင်မွတ်ဆလင်များကို AA ကကြိုဆိုခဲ့ကြောင်း ထုတ်ပြန်ခဲ့သည့်မှတ်တမ်းဓာတ်ပုံ (မေ ၁၃၊ ၂၀၂၄)
စစ်ဘေးရှောင်မွတ်ဆလင်များကို AA ကကြိုဆိုခဲ့ကြောင်း ထုတ်ပြန်ခဲ့သည့်မှတ်တမ်းဓာတ်ပုံ (မေ ၁၃၊ ၂၀၂၄)

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခြင်း ရှိ မရှိဆိုတာကို ဆန်းစစ်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား IIMM ကထုတ်ပြန်ပါတယ်။

ဘူးသီးတောင်မြို့နယ်ထဲမှာ တိုးလာနေတဲ့ အကြမ်းဖက်မှုတွေနဲ့ နေအိမ်တွေ မီးရှို့ ဖျက်စီးခံရမှုတွေကြောင့် ရိုဟင်ဂျာ ထောင်နဲ့ချီ အိုးအိမ်မဲ့ ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေ၊ ရခိုင်နဲ့ ဟိန္ဒူလူမှုအသိုင်းအဝိုင်းတွေအပေါ်လည်း သက်ရောက်မှုရှိနေတဲ့ အခြေအနေတွေအပါအဝင် စစ်တပ်နဲ့ အာရက္ခတပ်တော် AA တို့ကြားဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်လို့ ရရှိတဲ့ သတင်းတွေကို သုံးသပ်နေတယ်လို့ IIMM ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ ရခိုင်ပြည်နယ်အပြင် မြန်မာနိုင်ငံ တခြားနေရာတွေမှာ တိုးလာနေတဲ့ ပဋိပက္ခတွေမှာလည်း ကြီးလေးတဲ့ နိုင်ငံတကာဥပဒေတွေ ချိုးဖောက်ခဲ့ခြေရှိနိုင်တဲ့ အထောက်အထားတွေကို စုဆောင်းနေတယ်လို့ IIMM ကပြောပါတယ်။

IIMM အနေနဲ့ ပြစ်မှုကျူးလွန်မှုတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေပဲဖြစ်ဖြစ်၊ လက်နက်ကိုင်အဖွဲ့တွေကပဲဖြစ်ဖြစ် ကြီးလေးတဲ့နိုင်ငံတကာ ဥပဒေချိုးဖောက်သူ ဘယ်သူကိုမဆို စုံစမ်းရမယ့် တာဝန်ရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံဘယ်နေရာမှာမဆို ကြီးလေးတဲ့ ရာဇဝတ်ကျူးလွန်မှုတွေရှိခဲ့တယ်ဆိုရင် လုံခြုံစိတ်ချရတဲ့နည်းတွေသုံးပြီး IIMM ကို သတင်းပေးဖို့လည်း တောင်းဆိုထားပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ တာဝန်ပေးချက်အရ IIMM ကို ၂၀၁၈ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ၂၀၁၁ ခုနှစ်ကတည်းက မြန်မာနိုင်ငံက ကြီးလေးတဲ့နိုင်ငံတကာဥပဒေချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးနေတာဖြစ်ပါတယ်။
ဘူသီးတောင်မြို့နယ်ကို အပြီးသတ်သိမ်းပိုက်နိုင်ပြီလို့ AA အဖွဲ့က မေလ ၁၈ ရက်နေ့မှာ ကြေညာခဲ့ပြီးနောက် ရိုဟင်ဂျာနေအိမ်တွေ မီးရှို့ခံခဲ့ရပါတယ်။ AA ကတော့ ရခိုင်မှာ လူမျိုး၊ ဘာသာ မခွဲခြားဘဲ အားလုံးကို အကာအကွယ်ပေးသွားမယ်လို့ ဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၇ ခုနှစ်က စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း ရိုဟင်ဂျာတွေ ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေခံခဲ့ရသလို အများအပြား အိမ်နီးချင်း ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြတာမို့ ရိုဟင်ဂျာ ၃ ပုံ ၁ ပုံလောက်ပဲ ဘူးသီးတောင်မြို့နယ်မှာ ကျန်နေပါတယ်။ မကြာသေးခင် တိုက်ပွဲတွေအတွင်း နေအိမ်တွေ မီးရှို့ခံရတာနဲ့ အတင်းအကျပ်မောင်းထုတ်ခံနေရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့အကြောင်း အရပ်ဖက် အဖွဲ့အစည်း သုံးဆယ်နီးပါးကလည်း ဗုဒ္ဓဟူးနေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG