သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္လူနာေတြကို အလုပ္ဆင္းခိုင္းတဲ့ ထိုင္းစက္႐ုံ အာဏာပိုင္ေတြစစ္ေဆး


ဇူလိုင္လ ၂၃ ရက္က စက္႐ုံကိုနယ္ေျမအာဏာပိုင္ေတြလာေရာက္စစ္ေဆးေနပုံ (CJ)

Zawgyi/Unicode

ထိုင္းႏိုင္ငံ၊ ခြၽန္ဘူရီ ျပည္နယ္အတြင္းမွာ ကိုဗစ္-ေရာဂါ ကူးစက္ေနတဲ့အလုပ္သမားေတြကို ဆက္လက္အလုပ္ဆင္းခိုင္းေစေနတဲ့ Super fast Tecnology co.ltd စက္အပိုပစၥည္းထုတ္ေနတဲ့စက္႐ုံကို နယ္ေျမအာဏာပိုင္နဲ႔အလုပ္သမားအဖြဲ႔ေတြက ဇူလိုင္လ ၂၃ ရက္ေန႔က စစ္ေဆးေနတဲ့အေၾကာင္း ထိုင္းအေျခစိုက္ ဗီြအိုေအသတင္းေထာက္ မေအးေအးမာကေျပာျပေပးမွာပါ။

ထိုင္းႏိုင္ငံထဲမွာ ေန႔စဥ္ ကုိဗစ္ကူးစက္သူေတြ ေသာင္းနဲ႔ခ်ီၿပီး ရွိေနခ်ိန္မွာ ျမန္မာအလုပ္သမားေတြအမ်ားဆံုး လုပ္ကိုင္ေနတဲ့ ထိုင္းနိုင္ငံ ခ်ြန္ဘူရီျပည္နယ္ ေနာင္စိုင္ၿမိဳ႕က စက္အပိုပစၥည္းထုတ္စက္႐ံုမွာ ကိုဗစ္ကူးစက္ခံထားရတဲ့ ေရႊ႕ေျပာင္းအလုပ္သမားေတြကို ပံုမွန္အတုိင္း ဆက္ၿပီး အလုပ္ဆင္းခုိင္းထားတာပါ။

စက္ရံုအတြင္းမွာ အလုပ္သမား ၁၀၀ ေက်ာ္ ေရာဂါပိုးကူးဆက္ေနေပမယ့္ စက္ရံုတာဝန္ရွိသူေတြက အလုပ္သမားေတြကို လူနာနဲ႔ လူေကာင္းပါ ဆက္လက္အလုပ္ဆင္းခိုင္းေနတာေၾကာင့္ ေရာဂါပိုးကူးဆက္ခံရမွာ စိုးရိမ္ေနတဲ့ အလုပ္သမားေတြဟာ အလုပ္ဆက္မဆင္းရဲျဖစ္ေနတာပါ။ ဒီအေျခအေနကို နယ္ေျမလူထုနဲ႔ ေက်းရြာသူႀကီးက သက္ဆိုင္ရာအာဏာပိုင္ေတြဆီ တိုင္ၾကားခဲ့တာျဖစ္ပါတယ္။

မေန႔၊ ဇူလိုင္လ ၂၃ ရက္ေန႔က ခ်ြန္ဘူရီ ျပည္နယ္အုပ္ခ်ဳပ္ေရးမႉး Mr. Sukon Suwan Saksin ဦးေဆာင္တဲ့ နယ္ေျမအာဏာပိုင္ေတြနဲ႔ က်န္းမာေရး-အလုပ္သမား ကာကြယ္ေရးအဖြဲ႔ေတြဟာ ဒီစက္ရံုကို သြားေရာက္ စစ္ေဆးခဲ့ၾကခ်ိန္မွာ အုပ္ခ်ဳပ္ေရးမႉးMr. Sukon Suwan Saksin က ထုိင္းဘာသာနဲ႔ အခုလို ေျပာသြားပါတယ္။

အခုလို စက္ရံုတြင္း ေရာဂါပိုးကူးစက္ေနျပီဆိုရင္ ပိုးေတြ႔လူနာေတြကို သီးသန္႔ဖယ္ထုတ္ထားျပီး စက္ရံုကို ေရာဂါပိုးသန္႔စင္ေအာင္ ပုိးသတ္ေဆးျဖန္းတာမ်ိဳးေတြလုပ္ရပါမယ္၊ စက္ရံုလုပ္ငန္းရွင္ေတြအနဲ႔ ဒီအခ်က္ေတြကို လိုက္နာလုပ္ေဆာင္မွုမရွိဘူးဆိုရင္ ကပ္ေရာဂါအေရးေပၚဥပေဒအရ ဆက္လက္အေရးယူခံရမယ္-လို ့ေျပာသြားတာပါ။

ထိုင္းနိုင္ငံ ခ်ြန္ဘူရီျပည္နယ္ဟာ ေရာဂါကူးဆက္မွုနံွုးအျမင့္ဆံုး ျဖစ္လာေနတာေၾကာင့္ နယ္ေျမအတြင္း ပိုမိုတင္းၾကပ္တဲ့ဥပေဒေတြထုတ္ျပန္ဖို့ ျပင္ဆင္ေနတဲ့ ျပည္နယ္လည္း ျဖစ္ပါတယ္။

ထိုင္းႏိုင္ငံအတြင္းမွာ အခုဆုိရင္ ကုိဗစ္အတည္ျပဳလူနာ ၄၈၀,၀၀၀ ေက်ာ္ရွိျပီး ဇူလိုင္လ ၂၄ ရက္ေန့မွွာ လူနာအသစ္ ၁၄,၀၀၀ ေက်ာ္ ထပ္တိုးလာေနပါတယ။ဒီထဲမွာျမန္မာေရႊ႕ေျပာင္းအလုပ္သမားေတြလည္း ပါဝင္ေနပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္


=========

Unicode

ကိုဗစ်လူနာတွေကို အလုပ်ဆင်းခိုင်းတဲ့ ထိုင်းစက်ရုံ အာဏာပိုင်တွေစစ်ဆေး

ထိုင်းနိုင်ငံ၊ ချွန်ဘူရီ ပြည်နယ်အတွင်းမှာ ကိုဗစ်-ရောဂါ ကူးစက်နေတဲ့အလုပ်သမားတွေကို ဆက်လက်အလုပ်ဆင်းခိုင်းစေနေတဲ့ Super fast Tecnology co.ltd စက်အပိုပစ္စည်းထုတ်နေတဲ့စက်ရုံကို နယ်မြေအာဏာပိုင်နဲ့အလုပ်သမားအဖွဲ့တွေက ဇူလိုင်လ ၂၃ ရက်နေ့က စစ်ဆေးနေတဲ့အကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာကပြောပြပေးမှာပါ။

ထိုင်းနိုင်ငံထဲမှာ နေ့စဉ် ကိုဗစ်ကူးစက်သူတွေ သောင်းနဲ့ချီပြီး ရှိနေချိန်မှာ မြန်မာအလုပ်သမားတွေအများဆုံး လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံ ချွန်ဘူရီပြည်နယ်။ နောင်စိုင်မြို့က စက်အပိုပစ္စည်းထုတ်စက်ရုံမှာ ကိုဗစ်ကူးစက်ခံထားရတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ပုံမှန်အတိုင်း ဆက်ပြီး အလုပ်ဆင်းခိုင်းထားတာပါ။

စက်ရုံအတွင်းမှာ အလုပ်သမား ၁၀၀ ကျော် ရောဂါပိုးကူးဆက်နေပေမယ့် စက်ရုံတာဝန်ရှိသူတွေက အလုပ်သမားတွေကို လူနာနဲ့ လူကောင်းပါ ဆက်လက်အလုပ်ဆင်းခိုင်းနေတာကြောင့် ရောဂါပိုးကူးဆက်ခံရမှာ စိုးရိမ်နေတဲ့ အလုပ်သမားတွေဟာ အလုပ်ဆက်မဆင်းရဲဖြစ်နေတာပါ။ ဒီအခြေအနေကို နယ်မြေလူထုနဲ့ ကျေးရွာသူကြီးက သက်ဆိုင်ရာအာဏာပိုင်တွေဆီ တိုင်ကြားခဲ့တာဖြစ်ပါတယ်။

မနေ့၊ ဇူလိုင်လ ၂၃ ရက်နေ့က ချွန်ဘူရီ ပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Sukon Suwan Saksin ဦးဆောင်တဲ့ နယ်မြေအာဏာပိုင်တွေနဲ့ ကျန်းမာရေး-အလုပ်သမား ကာကွယ်ရေးအဖွဲ့တွေဟာ ဒီစက်ရုံကို သွားရောက် စစ်ဆေးခဲ့ကြချိန်မှာ အုပ်ချုပ်ရေးမှူးMr. Sukon Suwan Saksin က ထိုင်းဘာသာနဲ့ အခုလို ပြောသွားပါတယ်။

အခုလို စက်ရုံတွင်း ရောဂါပိုးကူးစက်နေပြီဆိုရင် ပိုးတွေ့လူနာတွေကို သီးသန့်ဖယ်ထုတ်ထားပြီး စက်ရုံကို ရောဂါပိုးသန့်စင်အောင် ပိုးသတ်ဆေးဖြန်းတာမျိုးတွေလုပ်ရပါမယ်၊ စက်ရုံလုပ်ငန်းရှင်တွေအနဲ့ ဒီအချက်တွေကို လိုက်နာလုပ်ဆောင်မှုမရှိဘူးဆိုရင် ကပ်ရောဂါအရေးပေါ်ဥပဒေအရ ဆက်လက်အရေးယူခံရမယ်-လို့ပြောသွားတာပါ။

ထိုင်းနိုင်ငံ ချွန်ဘူရီပြည်နယ်ဟာ ရောဂါကူးဆက်မှုနံှုးအမြင့်ဆုံး ဖြစ်လာနေတာကြောင့် နယ်မြေအတွင်း ပိုမိုတင်းကြပ်တဲ့ဥပဒေတွေထုတ်ပြန်ဖို့ ပြင်ဆင်နေတဲ့ ပြည်နယ်လည်း ဖြစ်ပါတယ်။

ထိုင်းနိုင်ငံအတွင်းမှာ အခုဆိုရင် ကိုဗစ်အတည်ပြုလူနာ ၄၈၀,၀၀၀ ကျော်ရှိပြီး ဇူလိုင်လ ၂၄ ရက်နေ့မှာ လူနာအသစ် ၁၄,၀၀၀ ကျော် ထပ်တိုးလာနေပါတယ။ဒီထဲမှာမြန်မာရွှေ့ပြောင်းအလုပ်သမားတွေလည်း ပါဝင်နေပါတယ်ရှင်။

#MyanmarMigrants #Covid19 #ThailandCovid #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG