သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံ သေဒဏ်စီရင်မှု Amnesty International ဝေဖန်


ထိုင်းနိုင်ငံ အကျဉ်းထောင်တခု
ထိုင်းနိုင်ငံ အကျဉ်းထောင်တခု

ထိုင်းနိုင်ငံမှာ ၂၀၀၉ ခုနှစ်နောက်ပိုင်း ပထမဆုံး သေဒဏ်စီရင်ခဲ့တာနဲ့ ပတ်သက်လို့ Amnesty International အဖွဲ့ကြီးက ပြစ်တင် ဝေဖန်လိုက်ပါတယ်။ ဘန်ကောက်မြို့တော် အပြင်ဘက်က အကျဉ်းထောင် တခုမှာ အသက် ၂၆ နှစ်အရွယ် Theerasak Longi ကို တနင်္လာနေ့က ဆေးထိုးပြီး သေဒဏ်စီရင်ခဲ့တယ်လို့ အကျဉ်းထောင် ဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့တာပါ။

သူဟာ ၂၀၁၂ ခုနှစ်က မိုဘိုင်းဖုန်းကိုလိုချင်တဲ့အတွက် ဖုန်းပိုင်ရှင် အသက် ၁၇ နှစ်အရွယ် ယောကျာ်းလေးတဦးကို သတ်ဖြတ်ခဲ့ပါတယ်။

တနင်္လာနေ့က သေဒဏ် စီရင်ခဲ့တာဟာ ဥပဒေချိုးဖေါက်သူတွေ၊ ကြီးလေးတဲ့ ရာဇဝတ်ပြစ်မှု ကျူးလွန်ချင်သူတွေကို ပြင်းပြင်းထန်ထန် သတိပေးလိုက်တာဖြစ်တယ်လို့ အကျဉ်းဦးစီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ ထိုင်းနိုင်ငံဆိုင်ရာ AI အဖွဲ့ ပြောခွင့်ရ Katherine Gerson ကတော့ ဒီလို သေဒဏ်စီရင်တာဟာ အသက်ရှင်သန်ရမယ့် အခွင့်အရေးအပေါ် ကြောက်မက်ဖွယ်ရာ ချိုးဖေါက်မှုဖြစ်တယ်လို့ ဒီကနေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။ အခုအဖြစ်အပျက်ဟာ သေဒဏ်စီရင်မှုကို အဆုံးသတ်မယ့် ထိုင်းနိုင်ငံရဲ့ သန္နိဋ္ဌာန်ချမှတ်ထားမှုကနေ သွေဖီသွားတာအပြင် ဒီသေဒဏ်နဲ့ ပါတ်သတ်လို့ နိုင်ငံတကာရဲ့ ရပ်တည်မှုကနေ လမ်းကြောင်းလွဲသွားတာဖြစ်ကြောင်းလည်း ပြောပါတယ်။

ထိုင်းနိုင်ငံဟာ သေဒဏ်စီရင်ချက်ကို ပယ်ဖျက်ထားတဲ့နိုင်ငံဖြစ်ပြီး လာမယ့် ၂၀၁၉ ခုနှစ်မှာ ဒီသေဒဏ်စီရင်မှု ပယ်ဖျက်ထားတာ ဆယ်နှစ်ပြည့်မြောက်မယ့် အထိမ်းအမှတ်အဖြစ် မှတ်တမ်းတင်ဖို့ နီးကပ်နေချိန်မှာပဲ သေဒဏ်ကို အခုလို ပြန်ကျင့်သုံးတာဖြစ်ကြောင်း Gerson က ပြောပါတယ်။ ထိုင်းနိုင်ငံမှာ အမျိုးသမီး ၉၄ ဦးအပါအဝင် အကျဉ်းသား ၅၀၀ ကျော်ဟာ သေဒဏ်စီရင်ချက်ကို စောင့်ဆိုင်းနေရတာဖြစ်ပြီး Theerasak ဟာ ဆေးထိုး သေဒဏ်စီရင်ခံရတဲ့ ၇ ဦးမြောက်ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ ၂၀၀၃ ခုနှစ်မတိုင်ခင်တုန်းကတော့ သေနတ်ပစ်အဖွဲ့နဲ့ သေဒဏ်စီရင်တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံ သေဒဏ်စီရင်မှု Amnesty International ဝေဖန်
please wait

No media source currently available

0:00 0:01:26 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG