သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒဏ်ရာရ ထိုင်းဆန္ဒပြသူ သေဆုံး


အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတစ်ဦးက ရဲစခန်းအတွင်း ဝင်ရောက်ဆန္ဒပြဖို့ကြိုးပမ်းတဲ့အနေနဲ့ ရဲစခန်းအဝင်တခါးကို ဖွင့်စဉ်၊ (ဇန်နဝါရီ ၁၈၊ ၂၀၁၄)
အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတစ်ဦးက ရဲစခန်းအတွင်း ဝင်ရောက်ဆန္ဒပြဖို့ကြိုးပမ်းတဲ့အနေနဲ့ ရဲစခန်းအဝင်တခါးကို ဖွင့်စဉ်၊ (ဇန်နဝါရီ ၁၈၊ ၂၀၁၄)
ထိုင်းနိုင်ငံက အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေဟာ စနေနေ့မှာတော့ ရဲဌာနချုပ် အဆောက်အအုံဝင်းအတွင်းမှာ ဝင်ရောက်ဆန္ဒပြကြပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ဒီအဆောက်အအုံဝင်းမှာ တဖက်နဲ့တဖက် တင်းမာမှုတချို့ ရှိခဲ့ပုံရပေမယ့် စနေနေ့မှာတော့ ရဲတွေက ဌာနချုပ် အဝင်တံခါးကို ဖွင့်ပေးခဲ့ပြီး ဆန္ဒပြသူတွေကို အထဲကို ဝင်ရောက်ခွင့်ပေးခဲ့ပါတယ်။

ဆန္ဒပြသူတွေက ရဲဌာန အဆောက်အအုံထဲကိုတော့ မဝင်ခဲ့ဘဲ အပြင်ကနေပဲ မိန့်ခွန်းတွေကို နားထောင်နေကြပါတယ်။ ဆန္ဒပြပွဲတွေ လုပ်ဆောင်နေတဲ့ လူထုဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ကော်မတီက ရဲတွေဟာ အစိုးရကို ထောက်ခံနေတယ်လို့ ရှုမြင်ကြပြီး ဆန္ဒပြပွဲတွေ စတင်စုစည်းခဲ့ချိန် ပြီးခဲ့တဲ့နှစ်ကတည်းက ထိပ်တိုက်တွေ့နေတာ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေက ထိုင်း ဝန်ကြီးချုပ် ယင်းလတ် ရှင်နာဝပ်ကို ရာထူးက ဖယ်ရှားပစ်ဖို့ တောင်းဆိုနေကြပြီး ဝန်ကြီးချုပ် ယင်းလတ်ဟာ နိုင်ငံရေးစနစ်အတွင်း အဂတိ လိုက်စားမှုတွေကနေ အကျိုးအမြတ်တွေ ရယူနေပြီး ဒါကို ပြုပြင်ပြောင်းလဲရမယ်လို့ ပြောဆိုနေတာ ဖြစ်ပါတယ်။

သောကြာနေ့တုန်းကလည်း ဆန္ဒပြ ချီတက်မှုအတွင်းမှာ ဗုံးပေါက်ကွဲတာကြောင့် ဆိုးဆိုးဝါးဝါး ထိခိုက်ဒဏ်ရာရခဲ့သူတဦး သေဆုံးခဲ့ရပါတယ်။ ဗုံးကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ အသက် ၄၆ နှစ် အရွယ် Prakong Chuhan ဟာ စနေနေ့ မနက်အစောပိုင်းမှာ သေဆုံးသွားတာ ဖြစ်ပါတယ်။ သောကြာနေ့က ဆန္ဒပြသူတွေ ချီတက်နေကြတဲ့ လူအုပ်အတွင်း ပေါက်ကွဲစေတဲ့ပစ္စည်းကို ပစ်သွင်းခဲ့တာလို့ ရဲတွေက ပြောပါတယ်။
XS
SM
MD
LG