သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရွေးကောက်ပွဲအကြို ပစ်ခတ်မှုတွေဖြစ်ပွား


အဓိကလမ်းမကြီးတွေပေါ်မှာ လမ်းရှင်းနေတဲ့ ထိုင်းရဲတပ်ဖွဲ့ဝင်များ။
အဓိကလမ်းမကြီးတွေပေါ်မှာ လမ်းရှင်းနေတဲ့ ထိုင်းရဲတပ်ဖွဲ့ဝင်များ။
ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲမကျင်းပခင်တစ်ရက်အလို စနေနေ့က ဘန်ကောက်မြို့တော်မှာ ဆန္ဒပြသူတွေနဲ့ အစိုးရထောက်ခံသူတွေအကြား အပြန်အလှန်ပစ်ခတ်ခဲ့ကြတဲ့အတွက် လူ (၇) ယောက်ထက်မနည်း ဒဏ်ရာရသွားပါတယ်။

ခြောက်လုံးပြူးသေနတ်တွေ၊ ရိုင်ဖယ်တွေ၊ ဗြောက်အိုးတွေ၊ ကျောက်ခဲတွေနဲ့ တစ်ဘက်နဲ့တစ်ဘက် ပစ်ခတ်ခဲ့ကြတဲ့နေရာကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေ ပါတယ်။

မဲပေးပွဲကို နှောင့်ယှက်ဟန့်တားဖို့ ကြိုးစားနေတဲ့ ဆန္ဒပြသူတွေက မဲပုံးတွေထားတဲ့ ဘန်ကောက်မြို့တော်မြောက်ပိုင်းက ခရိုင်ရုံးတစ်ခုကို ဝိုင်းထားတဲ့အချိန် အစိုးရထောက်ခံသူတစ်စုက အဲဒီနေရာဆီ ရောက်သွားပြီးတဲ့နောက် ထိပ်တိုက်တွေ့ခဲ့တာပါ။

အခင်းဖြစ်တဲ့နေရာဆီ မှုခင်းဆိုင်ရာဆန်းစစ်တဲ့ တာဝန်ရှိသူတွေရောက်သွားပြီး တစ်စစီပြန့်ကျနေတဲ့ မှန်ကွဲအစအနတွေကို အထောက်အထားအဖြစ် ကောက်ယူစုဆောင်းချိန်မှာတော့ အခြေအနေက တည်ငြိမ်သွားပါပြီ။

အစိုးရကိုဖြုတ်ချဖို့ ကြိုးပမ်းတဲ့ ဆန္ဒပြပွဲတွေ နိုဝင်ဘာလမှာ စဖြစ်ခဲ့ကတည်းကဆိုရင် အကြမ်းဖက်မှုတွေကြောင့် လူ ၁၀ ယောက် သေဆုံးခဲ့ရပြီး ၆၀၀ လောက်အထိ ဒဏ်ရာရခဲ့ကြပြီးဖြစ်ပါတယ်။
XS
SM
MD
LG