သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးပြေး ရိုဟင်ဂျာ ဒုက္ခသည် ၉၀ ကျော် ထိုင်းမှာ အဖမ်းခံထားရ


လှေစီးပြေး ရိုဟင်ဂျာ ဒုက္ခသည် ၉၀ ကျော် ထိုင်းမှာ အဖမ်းခံထားရ
လှေစီးပြေး ရိုဟင်ဂျာ ဒုက္ခသည် ၉၀ ကျော် ထိုင်းမှာ အဖမ်းခံထားရ

ထိုင်းတောင်ပိုင်း ကမ်းခြေကို သင်္ဘောပျက်ပြီး ရောက်လာတဲ့ ရိုဟင်ဂျာ ၉၁ ယောက်ကို ဒီရက်ပိုင်းအတွင်း နေရပ်ပြန်ပို့မယ်လို့ ထိုင်းရဲက ဒီနေ့ တနင်္လာနေ့မှာ ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံကနေ မလေးရှားကိုသွားဖို့ ကြိုးစားကြတဲ့ ရိုဟင်ဂျာ လှေစီးပြေး ဒုက္ခသည်တွေရဲ့ သင်္ဘောဟာ စက်ပျက်ပြီး စနေနေ့ ညနေပိုင်းက ထိုင်းကမ်းခြေကို ရောက်လာတဲ့အတွက် ထိန်းသိမ်းထားတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

အသက်အရွယ်စုံ အမျိုးသား ရိုဟင်ဂျာတွေကို ဆုန်ခလခရိုင်က လူဝင်မှု ထိန်းသိမ်းရေး စခန်းမှာ လောလောဆယ် ဖမ်းထားပြီး လာမယ့် တရက် နှစ်ရက်အတွင်း မြန်မာနိုင်ငံကို ပြန်ပို့မယ်လို့ လူဝင်မှုကြီးကြပ်ရေး အရာရှိ တယောက်က ပြောတာကို AFP သတင်းထဲမှာ ကိုးကား ဖော်ပြထားပါတယ်။

၂၀၀၈ ခုနှစ်ကုန်ပိုင်းတုန်းကတော့ ထိုင်းဘက်ကို ရောက်လာကြတဲ့ လှေစီးပြေး ရိုဟင်ဂျာ ဒုက္ခသည် ရာကျော်ကို ထိုင်းအာဏာပိုင်တွေက အစားအသောက်တွေ မပါဘဲ စက်ပျက်နေတဲ့ သင်္ဘောနဲ့ ပင်လယ်ထဲ ပြန်မျောလိုက်တဲ့ကိစ္စ ပေါ်ထွက်လာခဲ့တာကြောင့် အခုလို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေက လှေစီးပြေး ရိုဟင်ဂျာတွေအပေါ် ထိုင်းလုံခြုံရေးတွေရဲ့ ကိုင်တွယ်မှုနဲ့ ပတ်သက်လို့ တော်တော်လေး ဝေဖန်ခံခဲ့ရဖူးပါတယ်။

XS
SM
MD
LG