သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းပင်လယ်သီးသန့်စီးပွားဇုန်တွင်း အမေရိကန်နိုင်ငံသားနေထိုင်တဲ့ ရေပေါ်အိမ်ကို ထိုင်းရဲဝင်စီး


အမေရိကန်နိုင်ငံသားနဲ့ ထိုင်းနိုင်ငံသူစုံတွဲတို့ နေထိုင်တဲ့ ရေပေါ်အိမ် (ဧပြီ၊ ၂၀၊ ၂၀၁၉)
အမေရိကန်နိုင်ငံသားနဲ့ ထိုင်းနိုင်ငံသူစုံတွဲတို့ နေထိုင်တဲ့ ရေပေါ်အိမ် (ဧပြီ၊ ၂၀၊ ၂၀၁၉)

ထိုင်းရေမိုင် ၂၀၀ သီးသန့် စီးပွားဇုန်အတွင်း အမေရိကန်နိုင်ငံသားနဲ့ ထိုင်းနိုင်ငံသူစုံတွဲ နေထိုင်တဲ့ ရေပေါ်အိမ်ကို ထိုင်းရေတပ်က စနေနေ့က ဝင်ရောက်စီးနင်း သိမ်းယူလိုက်ပါတယ်။ အဲဒီစုံတွဲကို နိုင်ငံပိုင်နက်ကျုးလွန်မှု၊ အချုပ်အခြာအာဏာထိပါးမှုနဲ့ တရားစွဲမယ်ဆိုရင် သေဒဏ် ကျခံနိုင်ဖွယ် ရှိနေပါတယ်။

ဒီဂျစ်တယ်ငွေကြေး bitcoin ရောင်းဝယ်သူ အမေရိကန်နိုင်ငံသား Chad Elwartowski နဲ့ ထိုင်းနိုင်ငံသူ စုံတွဲ ဟာ ဖူးကက်ကမ်းခြေနဲ့ ၁၄ မိုင်အကွာ ပင်လယ်ထဲမှာ လှေကို အိမ်အဖြစ် သတ်မှတ်ပြီး နေထိုင်ကြတဲ့အတွက် ထိုင်းနိုင်ငံရဲ့ ပိုင်နက်နယ်မြေနဲ့ အချုပ်အခြာအာဏာကို ထိပါးတာလို့ ထိုင်းအစိုးရက ဆိုပါတယ်။

နိုင်ငံတွေရဲ့ ပိုင်နက်နဲ့ လွတ်ကင်းတဲ့ အပြည်ပြည်ဆိုင်ရာ ရေနယ်နိမိတ်ထဲမှာ လှေကို အမြဲတမ်းနေတဲ့ အိမ်အဖြစ် နေထိုင်လိုသူတွေအတွက် ဆောက်ပေးနေတဲ့ Ocean Builders ကုမ္ပဏီက ဆောက်ပေးတဲ့ ရေပေါ်အိမ်မှာ ဒီစုံတွဲက နေထိုင်နေတာ ဖြစ်ပြီး Ocean Builders ကုမ္ပဏီနဲ့ ဒီစုံတွဲကတော့ သူတို့အိမ်ဟာ ထိုင်းနိုင်ငံရေပိုင်နက်အပြင်မှာ ရှိတယ်လို့ ဆိုပါတယ်။

ထိုင်းအစိုးရကတော့ သူတို့အဆိုကို ငြင်းဆိုပါတယ်။ ထိုင်းနိုင်ငံရဲ့ ရေမိုင် ၂၀၀ သီးသန့်စီးပွားရေးဇုန်တွင်းမှာ လှေအိမ်ရှိနေတဲ့အတွက် ထိုင်းနိုင်ငံ အချုပ်အခြာအာဏာကို ထိပါးရာရောက်တယ်လို့ ထိုင်းတာဝန်ရှိသူတွေက ဆိုပါတယ်။

ထိုင်းရဲတွေ ဝင်စီးတဲ့အချိန်မှာတော့ ဒီစုံတွဲက အိမ်မှာ ရှိမနေပါဘူး။ ဒီလှေအိမ်ကို သက်သေအထောက်အထားအဖြစ် ပြဖို့အတွက် ကမ်းပေါ်တင်ဖို့ ထိုင်းရေတပ်က စီစဉ်နေပါတယ်။

XS
SM
MD
LG