သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အွန်လိုင်းငွေလိမ်ဂိုဏ်းတွေလက်က လူ ၇,၀၀၀ ထိုင်းနိုင်ငံ လက်ခံမည်


ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra
ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra

မြန်မာနိုင်ငံအတွင်း အွန်လိုင်းငွေလိမ်ဂိုဏ်းတွေလက်က ကယ်တင်ထားသူ ၇,၀၀၀ ရှိပြီး သူတို့ကို ထိုင်းနိုင်ငံကိုလွှဲပြောင်းပေးဖို့ စောင့်ဆိုင်းနေကြောင်း ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra က ဒီနေ့ ဖေဖေါ်ဝါရီ ၁၉ ရက်နေ့မှာ ပြောပါတယ်။ ဒါပေမယ့်လည်း အဲဒီလို ပြန်ပို့သူတွေထဲ လူမှောင်ခို ကူးခံရသူတွေကိုသာ တွေ့ရလေ့ရှိပြီး ဒီ ကျားဖြန့်လုပ်ငန်းကို ထူထောင်လုပ်ကိုင်သူတွေကို ဖမ်းဆီးရမိ တယ်ဆိုတာမျိုးကိုတော့ ခုချိန်ထိ ထုတ်ဖေါ်ပြောကြားတာမျိုး မတွေ့ရသေးပါဘူး။​

ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေရဲ့ ပြသာနာကို ထိုင်းအစိုးရအနေနဲ့ အမြန်ဆုံးဖြေရှင်း ဆောင်ရွက်နေတယ် လို့လည်း ထိုင်း ဝန်ကြီးချုပ်ပြောတာကို ရိုက်တာသတင်းမှာ ဖေါ်ပြပါတယ်။ မြန်မာနိုင်ငံ မြဝတီမြို့အနီး ကျားဖြန့်ဂိုဏ်းတွေမှာ အဓမ္မအလုပ်ခိုင်းစေခံရတဲ့သူ နိုင်ငံ ၁၂ နိုင်ငံက လူ ၁,၂၁၉ ယောက်ကို ကယ်တင် ထားပြီး အများစုဟာ တရုတ်နိုင်ငံသားတွေဖြစ်ကြောင်းနဲ့ တရုတ်နိုင်ငံသား ၁,၀၄၁ ယောက် ပါဝင်တဲ့ အကြောင်း ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ ကယ်တင်ထားသူတွေထဲမှာ အင်ဒိုနီးရှား နိုင်ငံသား ၇၁ ယောက်နဲ့ ဗီယက်နမ်နိုင်ငံသား ၄၀ ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် မြန်မာနိုင်ငံက လွှဲပြောင်းပေးခဲ့တဲ့ ဖမ်းဆီးရမိသူ ၂၆၀ ထဲမှာတော့ နိုင်ငံ ၂၀ က လူတွေပါဝင်ပြီး အီသီယိုပီးယားနိုင်ငံသား ၁၃၈ ယောက် ပါဝင်တဲ့အကြောင်း ထိုင်းစစ်တပ်က သတင်းထုတ်ပြန်ပါတယ်။

ကုလသမဂ္ဂက ထုတ်ပြန်တဲ့အစီရင်ခံစာတွေအရ မြန်မာနိုင်ငံက အွန်လိုင်းငွေကြေးလိမ်လည်တဲ့ ဂိုဏ်းတွေမှာ လူ တသိန်း နှစ်သောင်းလောက် အတင်းအဓမ္မ ခိုင်းစေခံနေရပြီး ကမ္ဘောဒီးယားနိုင်ငံက အွန်လိုင်းငွေကြေး လိမ်လည်တဲ့ဂိုဏ်းမှာ လူ တသိန်းလောက် အဓမ္မ ခိုင်းစေခံနေရတယ်လို့ ခန့်မှန်းထားကြပါတယ်။

အွန်လိုင်းငွေလိမ်ဂိုဏ်းတွေလက်က လူ ၇,၀၀၀ ထိုင်းနိုင်ငံ လက်ခံမည်
please wait

No media source currently available

0:00 0:01:27 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG