သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အွန်လိုင်းငွေလိမ်ဂိုဏ်းမှာ ခိုင်းစေခံရသူ ဂျပန်နိုင်ငံသားတချို့ရှိ

အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ လူကုန်ကူးခံရပြီး အလုပ်လုပ်ကိုင်နေကြရတဲ့ တရုတ်နိုင်ငံသားလို့ ယူဆရသူများကို ကယ်ဆယ်ပြီးနောက် မြဝတီခရိုင်အတွင်းမှာတွေ့ရစဉ် (ဖေဖော်ဝါရီ ၁၇၊ ၂၀၂၅)
အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ လူကုန်ကူးခံရပြီး အလုပ်လုပ်ကိုင်နေကြရတဲ့ တရုတ်နိုင်ငံသားလို့ ယူဆရသူများကို ကယ်ဆယ်ပြီးနောက် မြဝတီခရိုင်အတွင်းမှာတွေ့ရစဉ် (ဖေဖော်ဝါရီ ၁၇၊ ၂၀၂၅)

မြန်မာနိုင်ငံက အွန်လိုင်းကေနငွေလိမ်တဲ့လုပ်ငန်းတွေမှာ ခိုင်းစေခံရသူတွေထဲ ဂျပန်နိုင်ငံသား ၁၀ ယောက်လောက်ကျန်နေသေးတဲ့အကြောင်း မကြာခင်ကလွတ်မြောက်လာသူ ဂျပန်လူငယ်တဦး ပြောပြတာကို The Japan Times သတင်းစာမှာ ရေးသားပါတယ်။

အသက် ၁၆ နှစ်အရွယ် ဂျပန်လူငယ်ဟာ လူမှုကွန်ယက်ကအလုပ်တခုကိုလျှောက်ရင်း ပြီးခဲ့တဲ့ ဒီဇင်ဘာလက ထိုင်းနိုင်ငံကို ရောက်လာခဲ့သူ ဖြစ်ပါတယ်။ သူ့ကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို လွှဲပြောင်းပေးခဲ့ပါတယ်။ ကရင်ပြည်နယ်ထဲကို ခေါ်သွားခံရပြီး အွန်လိုင်းကနေ ငွေလိမ်တဲ့အလုပ်တွေကို ခိုင်းစေခံခဲ့ရတယ်လို့ ပြန်ပြောပြတဲ့အကြောင်း ထိုင်းစစ်တပ်သတင်းရပ်ကွက်ကိုကိုးကားပြီး သတင်းစာမှာ ရေးသားထားပါတယ်။

ဒီအတောအတွင်း ဖေဖော်ဝါရီတလတည်း မြန်မာနိုင်ငံမှာဖမ်းဆီးထားတဲ့ အွန်လိုင်းလောင်းကစားမှု၊ လိမ်လည်မှုနဲ့ ဒုစရိုက်မှုကျူးလွန်သူ နိုင်ငံခြားသား ၁,၃၀၃ ယောက်ရှိပြီး သူတို့ကိုနေရပ်ပြန်ပို့နိုင်ရေး မြန်မာ၊ ထိုင်းနဲ့ တရုတ်နိုင်ငံက တာဝန်ရှိသူတွေနဲ့ စစ်ကောင်စီအရာရှိတွေ မနေ့က မြဝတီမြို့မှာ ဆွေးနွေးကြပါတယ်။

တရုတ်ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန လက်ထောက်ဝန်ကြီး Liu Zhongyi နဲ့ ထိုင်းနိုင်ငံ အမျိုးသား ကာကွယ်ရေးဌာန အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး Trisak Indararusmi တို့ တက်ရောက်တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

ဖမ်းဆီးရမိတဲ့သူတွေဟာ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်နိုင်ငံတချို့ကို တဆင့်ခံဖြတ်သန်းပြီး မြန်မာနိုင်ငံ အတွင်းကို နယ်စပ်လမ်းကြောင်းတွေကတဆင့် တရားမဝင်,ဝင်ရောက်ခဲ့သူတွေ၊ ရွေကုက္ကိုနဲ့ KK Park နယ်မြေတွေမှာ တရားမဝင် အလုပ်လုပ်ခဲ့သူတွေ ဖြစ်တယ်လို့ စစ်ကောင်စီသတင်းမှာ ဖေါ်ပြပါတယ်။

This item is part of

Forum

XS
SM
MD
LG