သုံးရလွယ်ကူစေသည့် Link များ

site logo site logo
 
ထိုင်းတောင်ပိုင်းတိုက်ခိုက်မှု ၈ ယောက်သေ
နောက်ဆုံးရသတင်း

ထိုင်းတောင်ပိုင်းတိုက်ခိုက်မှု ၈ ယောက်သေ


မူစလင်ခွဲထွက်ရေးသမားတွေရဲ့တိုက်ခိုက်မှု မကြာမကြာရှိနေတဲ့ ထိုင်းနိုင်ငံ တောင်ပိုင်းမှာ လုံခြုံရေးကင်းတခုကို တိုက်ခိုက်ခံရလို့ လူ ၈ ယောက် သေဆုံး သွားပါတယ်။

ကြာသပတေးနေ့နှောင်ပိုင်းက နာရာသီဝတ်ခရိုင်မှာ စစ်ကားတစင်းကို လမ်းဘေးကနေ ဗုံးထောင်ဖောက်ခွဲပြီး ပစ်ခတ်ခဲ့တဲ့အတွက် လူ ၅ ယောက် သေဆုံးခဲ့ရပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်းမှာ လက်နက်တွေကိုလဲ တိုက်ခိုက် သူတွေက ယူသွားကြပါတယ်။ သေဆုံးသူတွေထဲမှာ ရွာသူကြီးတယောက်လဲ ပါတယ်လို့ သတင်းတွေမှာ ဖော်ပြနေပါတယ်။

ဒီနေ့ သောကြာနေ့မှာလည်း ယာလာခရိုင်မှာ နောက်ထပ် ကားဗုံးထောင် ဖောက်ခွဲမှုကြောင့် စစ်သား ၃ ယောက် သေဆုံးသွားပါတယ်။
မူစလင် အများစုနေထိုင်တဲ့ ထိုင်းနိုင်ငံတောင်ပိုင်းမှာ လွန်ခဲ့တဲ့ ၆ နှစ်အတွင်း ခွဲထွက်ရေးဝါဒီ လက်နက်ကိုင်တွေရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသူပေါင်း ၄,၀၀၀ ကျော်သွားပါပြီ။

တောင်ပိုင်းက ခွဲထွက်ရေးမူစလင်တွေကို နှိမ်နှင်းဖို့ အားထုတ်မှုတွေဟာ ဘန်ကောက်မြို့တော်မှာ လတ်တလောဖြစ်ခဲ့တဲ့ နိုင်ငံရေးပြဿနာတွေကြောင့် ခရီးမရောက်နိုင်ဖြစ်နေပါတယ်။

XS
SM
MD
LG