သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္းႏိုင္ငံမွာ ေဆးေျခာက္ေရာင္းဝယ္အသုံးျပဳမႈ ကန႔္သတ္ခ်က္မ်ား ေျဖေလွ်ာ့


ထိုင္းႏိုင္ငံအေရွ႕ပိုင္း ေခ်ာင္ဘူရီခ႐ိုင္က ေဆးေျခာက္စိုက္ခင္းတခု။ (ဇြန္ ၅၊ ၂၀၂၂)

[[Zawgyi/Unicode]]

ထိုင္းႏိုင္ငံမွာ ေဆးေျခာက္ေရာင္းဝယ္အသုံးျပဳမႈေတြကို ေလွ်ာ့ေပးလိုက္ပါၿပီ။ ေဆးေျခာက္ကို ေဆးဝါးအျဖစ္နဲ႔ တရားဝင္စိုက္ပ်ိဳး သုံးစြဲခြင့္ ေပးလိုက္တာပါ။ ေဆးေျခာက္ကို မွန္မွန္ကန္ကန္အသုံးျပဳႏိုင္ဖို႔ ရည္႐ြယ္တယ္လို႔ ထိုင္းက်န္းမာေရးဝန္ႀကီး Anutin Charnvirakul က ေျပာပါတယ္။

“ဒီေဆးေျခာက္ကို ဘယ္လို အသုံးခ်ႏိုင္တာကို က်ေနာ္တို႔ သိထားသင့္ ပါတယ္။ အခုလို မွန္မွန္ကန္ကန္သိထားမယ္ဆိုရင္ ေဆးေျခာက္က ေ႐ႊလို တန္ဖိုးရွိတာမို႔ သုံးဖို႔ အားေပးသင့္ပါတယ္။” လို႔ ေျပာသြားတာပါ။ ထိုင္းႏိုင္ငံတြင္း ေဆးေျခာက္ကို ေဆးကုသမႈအတြက္ တရားဝင္ စိုက္ပ်ိဳး၊ သုံးစြဲခြင့္ေပးလိုက္ေပမယ့္ အေပ်ာ္မသုံးဖို႔ေတာ့ ဆက္ၿပီး ကန႔္ထားပါတယ္။

ၾကာသပေတးေန႔ ဇြန္လ ၉ ရက္ေန႔ကစၿပီး ခုလို တရားဝင္ခြင့္ျပဳလိုက္တာေၾကာင့္ ထိုင္းစီးပြားေရးအတြက္ အေထာက္အကူျဖစ္ေစဖို႔ ေမွ်ာ္လင့္တယ္လို႔ ဝန္ႀကီး Anutin က ေျပာပါတယ္။ ဟိုးေရွးေရွးက ထိုင္းမွာ ေဆးေျခာက္ေဆးျပင္းလိပ္ ႐ိုးရာသုံးစြဲခဲ့တာ အမွတ္ရခဲ့သူေတြအတြက္ေတာ့ အိပ္မက္ေတြ တကယ္ျဖစ္သြားၿပီလို႔ ေဆးေျခာက္ကို ေျပာင္းနဲ႔႐ႉခဲ့တဲ့ အသက္အ႐ြယ္ရလာသူတဦးက ဆိုပါတယ္။

အကန႔္အသတ္နဲ႔ စိုက္ပ်ိဳးခြင့္ျပဳလိုက္တာေၾကာင့္လည္း ေဆးေျခာက္ႀကိဳက္တဲ့ ႏိုင္ငံျခားသားေတြအျပင္ ထိုင္းတခ်ဳိ႕အတြက္ပါ စီးပြားျဖစ္ စိုက္ပ်ိဳး ေရာင္းခ်လိုသူေတြ ရွိလာပါတယ္။ Sri Racha ျပည္နယ္မွာဆိုရင္ လယ္သမား ၄၀ ေလာက္ ေဆးေျခာက္စိုက္နည္းသင္တန္းတက္ေနၾကပါၿပီ။

ဒါေပမယ့္ အခုခြင့္ျပဳခ်က္က ေဆးဝါးအျဖစ္သုံးဖို႔ျဖစ္ၿပီး လူအမ်ားသြားလာရာေနရာေတြမွာ အေပ်ာ္ေသာက္သုံးခြင့္မရွိဘူးလို႔ ထိုင္းအစိုးရက သတိေပးထားပါတယ္။ ဒါကို က်ဴးလြန္ရင္ေတာ့ ေထာင္ဒဏ္ ၃ လ နဲ႔ ဒဏ္ေငြ ဘတ္ ၂၅,၀၀၀ ခ်မွတ္ႏိုင္တယ္လို႔ ဆိုပါတယ္။

အခု ေဆးေျခာက္ တရားဝင္ခြင့္ျပဳခ်က္ေၾကာင့္ ထိုင္းမွာ အရင္ ေဆးေျခာက္မႈနဲ႔ ေထာင္က်ေနသူ အနည္းဆုံး ၄,၀၀၀ လည္း ျပန္လြတ္လာဖို႔ ေမွ်ာ္လင့္ခ်က္ေတြရွိလာသလို လက္ရွိတရာစြဲထားတာေတြလည္း ပ,လပ္လိုက္ဖို႔ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

ထိုင်းနိုင်ငံမှာ ဆေးခြောက်ရောင်းဝယ်အသုံးပြုမှု ကန့်သတ်ချက်များ ဖြေလျှော့

ထိုင်းနိုင်ငံမှာ ဆေးခြောက်ရောင်းဝယ်အသုံးပြုမှုတွေကို လျှော့ပေးလိုက်ပါပြီ။ ဆေးခြောက်ကို ဆေးဝါးအဖြစ်နဲ့ တရားဝင်စိုက်ပျိုး သုံးစွဲခွင့် ပေးလိုက်တာပါ။ ဆေးခြောက်ကို မှန်မှန်ကန်ကန်အသုံးပြုနိုင်ဖို့ ရည်ရွယ်တယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီး Anutin Charnvirakul က ပြောပါတယ်။

“ဒီဆေးခြောက်ကို ဘယ်လို အသုံးချနိုင်တာကို ကျနော်တို့ သိထားသင့် ပါတယ်။ အခုလို မှန်မှန်ကန်ကန်သိထားမယ်ဆိုရင် ဆေးခြောက်က ရွှေလို တန်ဖိုးရှိတာမို့ သုံးဖို့ အားပေးသင့်ပါတယ်။” လို့ ပြောသွားတာပါ။ ထိုင်းနိုင်ငံတွင်း ဆေးခြောက်ကို ဆေးကုသမှုအတွက် တရားဝင် စိုက်ပျိုး၊ သုံးစွဲခွင့်ပေးလိုက်ပေမယ့် အပျော်မသုံးဖို့တော့ ဆက်ပြီး ကန့်ထားပါတယ်။

ကြာသပတေးနေ့ ဇွန်လ ၉ ရက်နေ့ကစပြီး အခုလို တရားဝင်ခွင့်ပြုလိုက်တာကြောင့် ထိုင်းစီးပွားရေးအတွက် အထောက်အကူဖြစ်စေဖို့ မျှော်လင့်တယ်လို့ ဝန်ကြီး Anutin က ပြောပါတယ်။ ဟိုးရှေးရှေးက ထိုင်းမှာ ဆေးခြောက်ဆေးပြင်းလိပ် ရိုးရာသုံးစွဲခဲ့တာ အမှတ်ရခဲ့သူတွေအတွက်တော့ အိပ်မက်တွေ တကယ်ဖြစ်သွားပြီလို့ ဆေးခြောက်ကို ပြောင်းနဲ့ရှူခဲ့တဲ့ အသက်အရွယ်ရလာသူတဦးက ဆိုပါတယ်။

အကန့်အသတ်နဲ့ စိုက်ပျိုးခွင့်ပြုလိုက်တာကြောင့်လည်း ဆေးခြောက်ကြိုက်တဲ့ နိုင်ငံခြားသားတွေအပြင် ထိုင်းတချို့အတွက်ပါ စီးပွားဖြစ် စိုက်ပျိုး ရောင်းချလိုသူတွေ ရှိလာပါတယ်။ Sri Racha ပြည်နယ်မှာဆိုရင် လယ်သမား ၄၀ လောက် ဆေးခြောက်စိုက်နည်းသင်တန်းတက်နေကြပါပြီ။

ဒါပေမယ့် အခုခွင့်ပြုချက်က ဆေးဝါးအဖြစ်သုံးဖို့ဖြစ်ပြီး လူအများသွားလာရာနေရာတွေမှာ အပျော်သောက်သုံးခွင့်မရှိဘူးလို့ ထိုင်းအစိုးရက သတိပေးထားပါတယ်။ ဒါကို ကျုးလွန်ရင်တော့ ထောင်ဒဏ် ၃ လ နဲ့ ဒဏ်ငွေ ဘတ် ၂၅,၀၀၀ ချမှတ်နိုင်တယ်လို့ ဆိုပါတယ်။

အခု ဆေးခြောက် တရားဝင်ခွင့်ပြုချက်ကြောင့် ထိုင်းမှာ အရင် ဆေးခြောက်မှုနဲ့ ထောင်ကျနေသူ အနည်းဆုံး ၄,၀၀၀ လည်း ပြန်လွတ်လာဖို့ မျှော်လင့်ချက်တွေရှိလာသလို လက်ရှိတရာစွဲထားတာတွေလည်း ပ,လပ်လိုက်ဖို့ ရှိနေပါတယ်။

=============

XS
SM
MD
LG