သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ခရီးသြားေတြအတြက္ COVID-19 ဆိုင္ရာ ထိုုင္းႏုိင္ငံ ကန္႔သတ္ခ်က္ေတြ ေရွ႕လမွာ ပယ္ဖ်က္ေတာ့မယ္ 


Virus Outbreak Thailand

[[Zawgyi/Unicode]]

ထိုင္းႏိုင္ငံကိုလာေရာက္တဲ့ COVID-19 ကာကြယ္ေဆးထိုးၿပီးသား ခရီးသြားေတြအေနနဲ႔ ေရာက္္တဲ့အခ်ိန္မွာ COVID-19 စစ္ေဆးတာနဲ႔ ရက္တို သီးျခားခြဲေနရမယ့္ သတ္မွတ္ခ်က္ေတြကို ေရွ႕လကစၿပီး ႐ုပ္သိမ္း ဖယ္ရွားေတာ့မယ္လို႔ ထိုင္းတာဝန္ရွိသူတဦးက ဒီကေန႔ေျပာပါတယ္။

ကပ္ေဘးေၾကာင့္ ထိခိုက္ခဲ့ရတဲ့ ခရီးသြားလုပ္ငန္း ျပန္ၿပီး ထူေထာင္လာဖို႔ ႀကိဳးစားတဲ့အေနနဲ႔ အခုလို ပယ္ဖ်က္ဖို႔ စီစဥ္တာပါ။ လက္ရွိအခ်ိန္အထိကေတာ့ ထိုင္းကိုေရာက္လာသူေတြအေနနဲ႔ ေရာဂါပိုး ရွိမရွိ စမ္းသပ္ စစ္ေဆးၿပီးမွ ေလဆိပ္က ထြက္ခြာႏိုင္တာ ျဖစ္သလို ေရာဂါပိုးမရွိဘူးဆိုတဲ့ အေျဖမထြက္ခင္အထိလည္း မျဖစ္မေန ဟိုတယ္မွာ သီးျခားခြဲေနရပါတယ္။

ဒါေပမယ့္ အဲဒီကန္႔သတ္ခ်က္ကိုလည္း ေရွ႕လကစ ပယ္ဖ်က္လိုက္ၿပီး ခရီးသြားေတြကို ကိုယ့္သေဘာဆႏၵနဲ႔ကိုယ္ ေရာဂါပိုး စစ္ေဆးတာေတြလုပ္ဖို႔ပဲ တိုက္တြန္းထားပါတယ္။

အရင္တုန္းကေတာ့ ခရီးသြားေတြအေနနဲ႔ မိခင္ႏိုင္ငံက မထြက္ခြာခင္ကတည္းက ေရာဂါပိုးမရွိေၾကာင္း စစ္ေဆးခ်က္ ယူလာၿပီးမွ ထိုင္းႏိုင္ငံကို လာေရာက္ႏိုင္တဲ့ ကန္႔သတ္ခ်က္ကိုလည္း ၿပီးခဲ့တဲ့လက ျပန္႐ုပ္သိမ္းခဲ့တာပါ။ ခရီးသြားလုပ္ငန္း ဝင္ေငြကို အဓိက မွီခိုတဲ့ ထိုင္းႏိ္ုင္ငံအေနနဲ႔ အားလပ္ရက္ရာသီမွာ ႏိုင္ငံျခားသား ခရီးသြားေတြ ျပန္လည္ လာေရာက္ႏိုင္ေအာင္ ႀကိဳးစားေနတာျဖစ္ပါ တယ္။

တိုက္႐ိုက္ လင့္ခ္

================

[[Unicode]]

ခရီးသွားတွေအတွက် COVID-19 ဆိုင်ရာ ထိုင်းနိုင်ငံ ကန့်သတ်ချက်တွေ ရှေ့လမှာ ပယ်ဖျက်တော့မယ်

ထိုင်းနိုင်ငံကိုလာရောက်တဲ့ COVID-19 ကာကွယ်ဆေးထိုးပြီးသား ခရီးသွားတွေအနေနဲ့ ရောက်တဲ့အချိန်မှာ COVID-19 စစ်ဆေးတာနဲ့ ရက်တို သီးခြားခွဲနေရမယ့် သတ်မှတ်ချက်တွေကို ရှေ့လကစပြီး ရုပ်သိမ်း ဖယ်ရှားတော့မယ်လို့ ထိုင်းတာဝန်ရှိသူတဦးက ဒီကနေ့ပြောပါတယ်။

ကပ်ဘေးကြောင့် ထိခိုက်ခဲ့ရတဲ့ ခရီးသွားလုပ်ငန်း ပြန်ပြီး ထူထောင်လာဖို့ ကြိုးစားတဲ့အနေနဲ့ အခုလို ပယ်ဖျက်ဖို့ စီစဉ်တာပါ။ လက်ရှိအချိန်အထိကတော့ ထိုင်းကိုရောက်လာသူတွေအနေနဲ့ ရောဂါပိုး ရှိမရှိ စမ်းသပ် စစ်ဆေးပြီးမှ လေဆိပ်က ထွက်ခွာနိုင်တာ ဖြစ်သလို ရောဂါပိုးမရှိဘူးဆိုတဲ့ အဖြေမထွက်ခင်အထိလည်း မဖြစ်မနေ ဟိုတယ်မှာ သီးခြားခွဲနေရပါတယ်။

ဒါပေမယ့် အဲဒီကန့်သတ်ချက်ကိုလည်း ရှေ့လကစ ပယ်ဖျက်လိုက်ပြီး ခရီးသွားတွေကို ကိုယ့်သဘောဆန္ဒနဲ့ကိုယ် ရောဂါပိုး စစ်ဆေးတာတွေလုပ်ဖို့ပဲ တိုက်တွန်းထားပါတယ်။

အရင်တုန်းကတော့ ခရီးသွားတွေအနေနဲ့ မိခင်နိုင်ငံက မထွက်ခွာခင်ကတည်းက ရောဂါပိုးမရှိကြောင်း စစ်ဆေးချက် ယူလာပြီးမှ ထိုင်းနိုင်ငံကို လာရောက်နိုင်တဲ့ ကန့်သတ်ချက်ကိုလည်း ပြီးခဲ့တဲ့လက ပြန်ရုပ်သိမ်းခဲ့တာပါ။ ခရီးသွားလုပ်ငန်း ဝင်ငွေကို အဓိက မှီခိုတဲ့ ထိုင်းနိုင်ငံအနေနဲ့ အားလပ်ရက်ရာသီမှာ နိုင်ငံခြားသား ခရီးသွားတွေ ပြန်လည် လာရောက်နိုင်အောင် ကြိုးစားနေတာဖြစ်ပါ တယ်။
================

XS
SM
MD
LG