သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္းဝန္ႀကီးခ်ဳပ္နဲ႔ အေမရိကန္ကာကြယ္ေရးဝန္ႀကီးတို႔ ျမန္မာ့အေရးေဆြးေႏြး


အေမရိကန္ကာကြယ္ေရးဝန္ႀကီး Lloyd Austin က ထိုင္းဝန္ႀကီးခ်ဳပ္နဲ႔ေတြ႔ဆံုစဥ္။ (ဇြန္ ၁၃၊ ၂၀၂၂)

[[Zawgyi/Unicode]]

ျမန္မာနဲ႔ ေတာင္တ႐ုတ္ပင္လယ္ျပင္အေရးေတြဟာ အေရွ႕ေတာင္အာရွ လုံၿခဳံေရး ရဲ႕ ထိပ္တန္းကိစၥေတြအျဖစ္ အေမရိကန္ ကာကြယ္ေရးဝန္ႀကီး Lloyd J Austin နဲ႔ ထိုင္းႏိုင္ငံဝန္ႀကီးခ်ဳပ္နဲ႔ ကာကြယ္ေရးဝန္ႀကီး Prayut Chan-o-cha တို႔ရဲ႕ တနလၤာ ေန႔ အစည္းအေဝးမွာ ပါဝင္ခဲ့ပါတယ္။ ႏွစ္ႏိုင္ငံကာကြယ္ေရးဆိုင္ရာ အႀကီးအကဲေတြဟာ ကာကြယ္ေရးနဲ႔ လုံၿခဳံေရးဆိုင္ရာ အျပည့္အဝ ပူးေပါင္း ေဆာင္႐ြက္ၾကဖို႔လည္း သေဘာတူခဲ့ၾကတယ္လို႔ ကာကြယ္ေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ႀကီး Kongcheep Tantrawanit က တနလၤာေန႔ ညေန က ေျပာၾကားပါတယ္။

ျမန္မာျပည္က ထြက္ေျပးလာခဲ့ၾကတဲ့ ဒုကၡသည္ေတြ ကို ေနစရာေပးတာ နဲ႔ အကူအညီေပးတာ အပါအဝင္ ထိုင္းႏိုင္ငံရဲ႕ဝန္းက်င္မွာ ျဖစ္ပ်က္ေနတဲ့ကိစၥရပ္ေတြနဲ႔ ပတ္သက္ၿပီး ထိုင္းႏိုင္ငံဟာ ႏိုင္ငံတကာဥပေဒေတြနဲ႔ လူသားခ်င္းစာနာမႈ မူေတြ ကို ကိုင္စြဲထားပါတယ္လို႔ ထိုင္းႏိုင္ငံဝန္ႀကီးခ်ဳပ္ Prayut Chan-o-cha က ေျပာခဲ့ပါတယ္။

စစ္ေရးေလ့က်င့္မႈ၊ စစ္လက္နက္ပစၥည္းမ်ား ပံ့ပိုးမႈနဲ႔ ဆိုက္ဘာလုံၿခဳံေရးနဲ႔ ေဝဟင္ ကာကြယ္ေရးနယ္ပယ္ေတြအပါအဝင္ ကာကြယ္ေရးဆိုင္ရာ စက္မႈလုပ္ငန္း ဖြံ႔ၿဖိဳးတိုးတက္ေရးေတြနဲ႔အတူ ထိုင္းစစ္တပ္ ေခတ္မီေရးကို ျမႇင့္တင္ ပံ့ပိုးေပးဖို႔ အေမရိကန္က ကတိကဝတ္ျပဳခဲ့တယ္လို႔ ေျပာေရးဆိုခြင့္ရွိသူက ဆိုပါတယ္။ ခုလို Prayut နဲ႔ Austin တို႔ ေတြ႕ဆုံ သေဘာတူၾကတာရဲ႕အဓိပၸါယ္က ေဒသတြင္းမွာ တ႐ုတ္က စစ္ပြဲ ဆင္ႏႊဲလာခဲ့ရင္ ထိုင္းႏိုင္ငံက အေမရိကန္ဘက္က ရပ္မယ္ဆိုတဲ့ သေဘာ ကို ျပေနတယ္လို႔ ရွပ္နီေခါင္းေဆာင္ Jatuporn Prompan က ဆိုပါတယ္။ သူ႔ ရဲ႕ စိုးရိမ္ခ်က္ကို စာတေစာင္ေရးသားၿပီး ကာကြယ္ေရးဝန္ႀကီးဌာနကို ပို႔ခဲ့တယ္လို႔ သိရွိရပါတယ္။ ဒါေပမယ့္ ဒီကိစၥနဲ႔ ပတ္သက္ၿပီး ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ႀကီး Kongcheep က သတင္းစာရွင္းလင္းပြဲမွာ ဘာမွ ေျပာၾကားမသြားခဲ့ပါဘူး။

ထိုင္းႏိုင္ငံဆီ ၃ ရက္ၾကာခရီးကို မလာမီ၊ အေမရိကန္ ကာကြယ္ေရးဝန္ႀကီး Lloyd J Austin ဟာ စကၤာပူ ႏိုင္ငံမွာ က်င္းပခဲ့တဲ့ အာရွ ပစိဖိတ္ လုံၿခဳံေရးညီလာခံကို တက္ေရာက္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

ထိုင်းဝန်ကြီးချုပ်နဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီးတို့ မြန်မာ့အရေးဆွေးနွေး

မြန်မာနဲ့ တောင်တရုတ်ပင်လယ်ပြင်အရေးတွေဟာ အရှေ့တောင်အာရှ လုံခြုံရေး ရဲ့ ထိပ်တန်းကိစ္စတွေအဖြစ် အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd J Austin နဲ့ ထိုင်းနိုင်ငံဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး Prayut Chan-o-cha တို့ရဲ့ တနင်္လာ နေ့ အစည်းအဝေးမှာ ပါဝင်ခဲ့ပါတယ်။ နှစ်နိုင်ငံကာကွယ်ရေးဆိုင်ရာ အကြီးအကဲတွေဟာ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ အပြည့်အဝ ပူးပေါင်း ဆောင်ရွက်ကြဖို့လည်း သဘောတူခဲ့ကြတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး Kongcheep Tantrawanit က တနင်္လာနေ့ ညနေ က ပြောကြားပါတယ်။

မြန်မာပြည်က ထွက်ပြေးလာခဲ့ကြတဲ့ ဒုက္ခသည်တွေ ကို နေစရာပေးတာ နဲ့ အကူအညီပေးတာ အပါအဝင် ထိုင်းနိုင်ငံရဲ့ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံဟာ နိုင်ငံတကာဥပဒေတွေနဲ့ လူသားချင်းစာနာမှု မူတွေ ကို ကိုင်စွဲထားပါတယ်လို့ ထိုင်းနိုင်ငံဝန်ကြီးချုပ် Prayut Chan-o-cha က ပြောခဲ့ပါတယ်။

စစ်ရေးလေ့ကျင့်မှု၊ စစ်လက်နက်ပစ္စည်းများ ပံ့ပိုးမှုနဲ့ ဆိုက်ဘာလုံခြုံရေးနဲ့ ဝေဟင် ကာကွယ်ရေးနယ်ပယ်တွေအပါအဝင် ကာကွယ်ရေးဆိုင်ရာ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးတွေနဲ့အတူ ထိုင်းစစ်တပ် ခေတ်မီရေးကို မြှင့်တင် ပံ့ပိုးပေးဖို့ အမေရိကန်က ကတိကဝတ်ပြုခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။ ခုလို Prayut နဲ့ Austin တို့ တွေ့ဆုံ သဘောတူကြတာရဲ့အဓိပ္ပါယ်က ဒေသတွင်းမှာ တရုတ်က စစ်ပွဲ ဆင်နွှဲလာခဲ့ရင် ထိုင်းနိုင်ငံက အမေရိကန်ဘက်က ရပ်မယ်ဆိုတဲ့ သဘော ကို ပြနေတယ်လို့ ရှပ်နီခေါင်းဆောင် Jatuporn Prompan က ဆိုပါတယ်။ သူ့ ရဲ့ စိုးရိမ်ချက်ကို စာတစောင်ရေးသားပြီး ကာကွယ်ရေးဝန်ကြီးဌာနကို ပို့ခဲ့တယ်လို့ သိရှိရပါတယ်။ ဒါပေမယ့် ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး Kongcheep က သတင်းစာရှင်းလင်းပွဲမှာ ဘာမှ ပြောကြားမသွားခဲ့ပါဘူး။

ထိုင်းနိုင်ငံဆီ ၃ ရက်ကြာခရီးကို မလာမီ၊ အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd J Austin ဟာ စင်္ကာပူ နိုင်ငံမှာ ကျင်းပခဲ့တဲ့ အာရှ ပစိဖိတ် လုံခြုံရေးညီလာခံကို တက်ရောက်ခဲ့ပါတယ်။
============

XS
SM
MD
LG