သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထန္တလန္မွာ ေနာက္ထပ္ ေနအိမ္ ၅၀ နီးပါး မီးေလာင္


ထန္တလန္ၿမိဳ႕ မီးေလာင္ျပင္ျမင္ကြင္း။ (ယခင္ပံုေဟာင္း)

{{Zawgyi/Unicode}}

ၿမိဳ႕လုံးကြၽတ္ ထြက္ေျပးတိမ္းေရွာင္ေနရတဲ့ ခ်င္းျပည္နယ္၊ ထန္တလန္ၿမိဳ႕ထဲမွာ စစ္ေကာင္စီတပ္ေတြနဲ႔ ခ်င္းျပည္ကာကြယ္ေရး ထန္တလန္ CDF အဖြဲ႕တို႔ ႏိုဝင္ဘာ ၂၄ ရက္ ေန႔လည္ပိုင္းမွာ တိုက္ပြဲျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း ေနအိမ္ ၅၀ နီးပါး မီးေလာင္ကြၽမ္းခဲ့ပါတယ္။ ေဘးလြတ္ရာခိုလႈံေနရတဲ့ စစ္ေဘးဒုကၡသည္ေတြမွာလည္း အစားအေသာက္ အခက္အခဲရွိၿပီး အဝတ္အထည္ေတြလည္း လိုအပ္ေနပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

တိုက္ပြဲေတြေၾကာင့္ စက္တင္ဘာလကတည္းက ၿမိဳ႕လုံးကြၽတ္ ထြက္ေျပးတိမ္းေရွာင္ေနရတဲ့ ခ်င္းျပည္နယ္ ထန္တလန္ၿမိဳ႕မွာ မေန႔ ႏိုဝင္ဘာ ၂၄ ရက္ ေန႔လည္ပိုင္းမွာ စစ္ေကာင္စီတပ္ေတြနဲ႔ ထန္တလန္ CDF တို႔ တိုက္ပြဲျဖစ္ခဲ့တာပါ။

စစ္ေကာင္စီတပ္ေတြ တပ္စြဲထားတဲ့ ထန္တလန္ရဲစခန္းကို ထန္တလန္ CDF က သြားေရာက္ တိုက္ခိုက္တာေၾကာင့္္ အျပန္အလွန္ပစ္ခတ္မႈေတြျဖစ္ခဲ့တဲ့ၿပီးေနာက္ ထန္တလန္ၿမိဳ႕ထဲက ေနအိမ္ေတြ မီးေလာင္ကြၽမ္းခဲ့တယ္လို႔ ထန္တလန္ CDF တာဝန္ရွိသူတဦးက ေျပာပါတယ္။

“ေန႔လည္ ၁ နာရီမွာ တိုက္ပြဲ အေသးစားျဖစ္တာေပါ့ေနာ္။ ပစ္ခတ္မႈ နည္းနည္းရွိတယ္။ အဲ့ဒီမွာ စစ္ေကာင္စီဘက္က ၂ ေယာက္က်ဆုံးတယ္။ ၃ နာရီခြဲေလာက္မွာ မီးက စေလာင္တယ္။ က်ေနာ္တို႔လူေတြက ၁ နာရီနဲ႔ ၁ နာရီခြဲၾကားေလာက္ပဲ ပစ္ခတ္မႈက။ က်ေနာ္တို႔ဘက္က အႀကိမ္ နည္းနည္းပဲပစ္တယ္ေပါ့ေနာ္။ ၃ နာရီခြဲေလာက္ကေန မီးကစေလာင္တာေပါ့။ ၁ ေနရာ ကေန စေလာင္တယ္။ ၿပီးရင္ ၆ နာရီခြဲေလာက္မွာ ေနာက္တေနရာကေန စေလာင္တယ္။ ည ၁၁ ခြဲေလာက္မွာ ေနာက္တေနရာ ေလာင္တယ္။ အကုန္လုံး မေန႔က မီးေလာင္တဲ့ အိမ္ေျခက ၄၉ အိမ္ေျခရွိတယ္။ စက္တင္ဘာလကတည္းက အခုခ်ိန္ထိ စစ္ေကာင္စီဘက္က က်ဆုံးတဲ့သူရွိတိုင္း အိမ္ေတြမီးေလာင္တာေပါ့ေနာ္။”

အခုလို တိုက္ပြဲျဖစ္အၿပီး မီးေလာင္တာနဲ႔ပတ္သက္လို႔ စစ္ေကာင္စီဘက္က သတင္းထုတ္ျပန္ျခင္းမရွိေသးပါဘူး။ စက္တင္ဘာ ၁၈ ရက္က စစ္ေကာင္စီတပ္နဲ႔ ထန္တလန္ CDF တို႔ ထန္တလန္ၿမိဳ႕တြင္းမွာ တိုက္ပြဲျဖစ္ပြားၿပီး ေနအိမ္ ၂၀ ေက်ာ္ မီးေလာင္ကြၽမ္းခဲ့ပါတယ္။ အဲဒီအခ်ိန္ကတည္းက ေဒသခံေတြဟာ ၿမိဳ႕လုံးကြၽတ္ ေဘးလြတ္ရာကို တိမ္းေရွာင္ေနၾကပါတယ္။

အဲ့ဒီေနာက္ ေအာက္တိုဘာ ၂၉ ရက္မွာေတာ့ ဒုတိယအႀကိမ္ ေနအိမ္ အလုံး ၁၀၀ ေက်ာ္ မီးေလာင္ကြၽမ္းခဲ့ပါတယ္။ ေဒသခံေတြကေတာ့ စစ္ေကာင္စီဘက္က မီးရႈိ႕တာလို႔ ေျပာပါတယ္။ စစ္ေကာင္စီဘက္ကေတာ့ PDF ေတြေနာက္ကို လိုက္ၿပီးရွင္းလင္းခ်ိန္ PDF ေတြက ေနအိမ္ေတြကို မီးရႈိ႕ ခဲ့တာလို႔ဆိုပါတယ္။

ထန္တလန္ေဒသခံေတြဟာ ၿမိဳ႕လုံးကြၽတ္ စစ္ေဘးတိမ္းေရွာင္ေနရတာ ႏွစ္လေက်ာ္ ၾကာျမင့္လာၿပီျဖစ္တဲ့အတြက္ အကူအညီေတြလည္း လိုအပ္ေနပါတယ္။ ထန္တလန္နဲ႔ ဟားခါးၿမိဳ႕ၾကားမွာ စစ္ေကာင္စီက တပ္စြဲထားတဲ့အျပင္ ျဖတ္သန္းသြားလာလို႔ မရတဲ့အတြက္ စားေရရိကၡာ အခက္အခဲျဖစ္ေနတယ္လို႔ စစ္ေဘးဒုကၡသည္ေတြကို ကူညီေဆာင္႐ြက္ေပးေနတဲ့ ဆလိုင္းလ်န္က ေျပာပါတယ္။

“သူတို႔ အဓိက ျပႆနာက ဘာျဖစ္ေနလဲဆိုေတာ့ အခုက ေဆာင္းရာသီဆိုေတာ့ေလ သူတို႔ က ထန္တလန္ကို စြန႔္ခြါကတည္းက သူတို႔ယူထားတဲ့ ပစၥည္းေတြက အေႏြးထည္ေတြမပါဘူး။ ေျပာခ်င္တာက ေဆာင္းရာသီ ေရာက္ေနၿပီဆိုေတာ့ သူတို႔က အရမ္းေအးေနၿပီဆိုေတာ့ေလ ပထမတခ်က္က အေႏြးထည္လိုတယ္။ ၿပီးရင္ ေနာက္တခ်က္က ဘာျဖစ္ေနလဲဆိုေတာ့ ထန္တလန္နဲ႔ ဟားခါးၾကားက လမ္းကသြားလို႔မရဘူးဆိုေတာ့ စစ္ေကာင္စီတပ္ေတြက တပ္စြဲထားတယ္ဆိုေတာ့ ျဖတ္လို႔မရေတာ့ စားနပ္ရိကၡာပိုင္းမွာ ဒုကၡေရာက္ေနတယ္။”

အစားအေသာက္နဲ႔ အဝတ္အထည္ေတြအျပင္ ေဆးဝါးအကူအညီေတြလည္း လိုအပ္ေနပါတယ္။ စစ္ေဘးဒုကၡသည္ အမ်ားစုဟာ နီးစပ္ရာ ေက်း႐ြာေတြမွာ ခိုလႈံေနရၿပီး တခ်ိဳ႕ဒုကၡသည္ေတြကေတာ့ အိႏၵိယႏိုင္ငံဘက္ကို ထြက္ေျပးတိမ္းေရွာင္ေနရပါတယ္။

တိုက္႐ိုက္ လင့္ခ္


=============

{{Unicode}}

ထန်တလန်မှာ နောက်ထပ် နေအိမ် ၅၀ နီးပါး မီးလောင်

မြို့လုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ချင်းပြည်နယ်၊ ထန်တလန်မြို့ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ချင်းပြည်ကာကွယ်ရေး ထန်တလန် CDF အဖွဲ့တို့ နိုဝင်ဘာ ၂၄ ရက် နေ့လည်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း နေအိမ် ၅၀ နီးပါး မီးလောင်ကျွမ်းခဲ့ပါတယ်။ ဘေးလွတ်ရာခိုလှုံနေရတဲ့ စစ်ဘေးဒုက္ခသည်တွေမှာလည်း အစားအသောက် အခက်အခဲရှိပြီး အဝတ်အထည်တွေလည်း လိုအပ်နေပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

တိုက်ပွဲတွေကြောင့် စက်တင်ဘာလကတည်းက မြို့လုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ချင်းပြည်နယ် ထန်တလန်မြို့မှာ မနေ့ နိုဝင်ဘာ ၂၄ ရက် နေ့လည်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ထန်တလန် CDF တို့ တိုက်ပွဲဖြစ်ခဲ့တာပါ။

စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ ထန်တလန်ရဲစခန်းကို ထန်တလန် CDF က သွားရောက် တိုက်ခိုက်တာကြောင့်် အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့တဲ့ပြီးနောက် ထန်တလန်မြို့ထဲက နေအိမ်တွေ မီးလောင်ကျွမ်းခဲ့တယ်လို့ ထန်တလန် CDF တာဝန်ရှိသူတဦးက ပြောပါတယ်။

“နေ့လည် ၁ နာရီမှာ တိုက်ပွဲ အသေးစားဖြစ်တာပေါ့နော်။ ပစ်ခတ်မှု နည်းနည်းရှိတယ်။ အဲ့ဒီမှာ စစ်ကောင်စီဘက်က ၂ ယောက်ကျဆုံးတယ်။ ၃ နာရီခွဲလောက်မှာ မီးက စလောင်တယ်။ ကျနော်တို့လူတွေက ၁ နာရီနဲ့ ၁ နာရီခွဲကြားလောက်ပဲ ပစ်ခတ်မှုက။ ကျနော်တို့ဘက်က အကြိမ် နည်းနည်းပဲပစ်တယ်ပေါ့နော်။ ၃ နာရီခွဲလောက်ကနေ မီးကစလောင်တာပေါ့။ ၁ နေရာ ကနေ စလောင်တယ်။ ပြီးရင် ၆ နာရီခွဲလောက်မှာ နောက်တနေရာကနေ စလောင်တယ်။ ည ၁၁ ခွဲလောက်မှာ နောက်တနေရာ လောင်တယ်။ အကုန်လုံး မနေ့က မီးလောင်တဲ့ အိမ်ခြေက ၄၉ အိမ်ခြေရှိတယ်။ စက်တင်ဘာလကတည်းက အခုချိန်ထိ စစ်ကောင်စီဘက်က ကျဆုံးတဲ့သူရှိတိုင်း အိမ်တွေမီးလောင်တာပေါ့နော်။”

အခုလို တိုက်ပွဲဖြစ်အပြီး မီးလောင်တာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။ စက်တင်ဘာ ၁၈ ရက်က စစ်ကောင်စီတပ်နဲ့ ထန်တလန် CDF တို့ ထန်တလန်မြို့တွင်းမှာ တိုက်ပွဲဖြစ်ပွားပြီး နေအိမ် ၂၀ ကျော် မီးလောင်ကျွမ်းခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက ဒေသခံတွေဟာ မြို့လုံးကျွတ် ဘေးလွတ်ရာကို တိမ်းရှောင်နေကြပါတယ်။

အဲ့ဒီနောက် အောက်တိုဘာ ၂၉ ရက်မှာတော့ ဒုတိယအကြိမ် နေအိမ် အလုံး ၁၀၀ ကျော် မီးလောင်ကျွမ်းခဲ့ပါတယ်။ ဒေသခံတွေကတော့ စစ်ကောင်စီဘက်က မီးရှို့တာလို့ ပြောပါတယ်။ စစ်ကောင်စီဘက်ကတော့ PDF တွေနောက်ကို လိုက်ပြီးရှင်းလင်းချိန် PDF တွေက နေအိမ်တွေကို မီးရှို့ ခဲ့တာလို့ဆိုပါတယ်။

ထန်တလန်ဒေသခံတွေဟာ မြို့လုံးကျွတ် စစ်ဘေးတိမ်းရှောင်နေရတာ နှစ်လကျော် ကြာမြင့်လာပြီဖြစ်တဲ့အတွက် အကူအညီတွေလည်း လိုအပ်နေပါတယ်။ ထန်တလန်နဲ့ ဟားခါးမြို့ကြားမှာ စစ်ကောင်စီက တပ်စွဲထားတဲ့အပြင် ဖြတ်သန်းသွားလာလို့ မရတဲ့အတွက် စားရေရိက္ခာ အခက်အခဲဖြစ်နေတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ဆလိုင်းလျန်က ပြောပါတယ်။

“သူတို့ အဓိက ပြဿနာက ဘာဖြစ်နေလဲဆိုတော့ အခုက ဆောင်းရာသီဆိုတော့လေ သူတို့ က ထန်တလန်ကို စွန့်ခွါကတည်းက သူတို့ယူထားတဲ့ ပစ္စည်းတွေက အနွေးထည်တွေမပါဘူး။ ပြောချင်တာက ဆောင်းရာသီ ရောက်နေပြီဆိုတော့ သူတို့က အရမ်းအေးနေပြီဆိုတော့လေ ပထမတချက်က အနွေးထည်လိုတယ်။ ပြီးရင် နောက်တချက်က ဘာဖြစ်နေလဲဆိုတော့ ထန်တလန်နဲ့ ဟားခါးကြားက လမ်းကသွားလို့မရဘူးဆိုတော့ စစ်ကောင်စီတပ်တွေက တပ်စွဲထားတယ်ဆိုတော့ ဖြတ်လို့မရတော့ စားနပ်ရိက္ခာပိုင်းမှာ ဒုက္ခရောက်နေတယ်။”

အစားအသောက်နဲ့ အဝတ်အထည်တွေအပြင် ဆေးဝါးအကူအညီတွေလည်း လိုအပ်နေပါတယ်။ စစ်ဘေးဒုက္ခသည် အများစုဟာ နီးစပ်ရာ ကျေးရွာတွေမှာ ခိုလှုံနေရပြီး တချို့ဒုက္ခသည်တွေကတော့ အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

#WhatIsHappeningInMyanmar #MyanmarMilitaryCoup #Thantalang #voaburmese #စစ်အာဏာသိမ်းမှု #ထန်တလန် #ဗွီအိုအေမြန်မာပိုင်း

=============

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG