မကွေးတိုင်းက ‘လျှို့ဝှက်ဓာတုလက်နက်စက်ရုံ’ ဆိုတဲ့ သတင်းဆောင်းပါးကို ဓာတ်ပုံနဲ့အတူ ဖော်ပြတဲ့ Unity အပတ်စဉ်ဂျာနယ်ရဲ့ အမှုဆောင်အရာရှိချုပ်နဲ့ သတင်းထောက် ၄ ဦးကို မကြာ မီက ဖမ်းဆီးပြီး စစ်ဆေးနေပါတယ်။ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေအရ အရေးယူမယ်လို့ သိရပါတယ်။ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ (Burma Official Secrets Act) ဟာ ကိုလိုနီ ခေတ် ၁၉၂၃ မှာ ပြဌာန်းတဲ့ဥပဒေဖြစ်ပါတယ်။ တားမြစ်ထားတဲ့ နေရာအနီးကိုချဉ်းကပ်မယ်၊ စူးစမ်းမယ်၊ ပုံဆွဲမယ်၊ အမှတ်အသားလုပ်မယ်၊ မှတ်စုရေးမယ်ဆိုရင် ဘယ်သူမဆို အရေးယူခံရ မယ်လို့ အက်ဥပဒေ ပုဒ်မ (၃) ကဆိုပါတယ်။
တိုင်းသူပြည်သားရဲ့ အခြေခံအခွင့်အရေးကို ကန့်သတ်ချုပ်ခြယ်တဲ့ အာဏာရှင်စရိုက်ကို ရောင်ပြန်ဟပ်တဲ့ ဥပဒေတစ်ခုဖြစ်ပါတယ်။ မြန်မာပြည်မှာကျင့်သုံးနေတဲ့ ဥပဒေအများစုဟာ အာဏာရှင်ကိုလိုနီအစိုးရနဲ့ အာဏာရှင်စစ်အစိုးရ ပြဌာန်းတဲ့ဥပဒေတွေဖြစ်လို့ နိုင်ငံသား အခွင့် အရေးကို အဓိကမထားဘဲ ငြိမ်ဝပ်ပိပြားရေးနဲ့ အာဏာစက်ခိုင်မာရေးကို ဦးစားပေးကြပါတယ်။ ဒီမိုကရေစီစနစ်မှာ နိုင်ငံသားရဲ့အခွင့်အရေးနဲ့ လွတ်လပ်မှုကို အာမခံပြီး အစိုးရလုပ်ပိုင်ခွင့်ကို ကန့်သတ်ပါတယ်။ ကန့်ကွက်ဆန္ဒပြခွင့်၊ စုဝေးခွင့်နဲ့ လွတ်လပ်စွာပြောဆိုရေးသားခွင့်ကို တန်ဖိုး ထားတဲ့ နိုင်ငံရေးစနစ်ဖြစ်ပါတယ်။
လူ့ဆက်ဆံရေးကို ဥပဒေက စည်းကမ်းဘောင် သတ်မှတ်ပေးတာကြောင့် နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးလောကကို ပုံဖော်နိုင်စွမ်းရှိပါတယ်။ အင်္ဂလိပ်ကိုလိုနီအုပ်ချုပ်ရေးဟာ စီးပွားရေး အကျိုး အမြတ်ကိုသာ ရည်ရွယ်တာမို့ မြန်မာတပြည်လုံး ငြိမ်ဝပ်ပိပြားနေအောင် ဥပဒေတွေ ပြဌာန်းပါ တယ်။ လွတ်လပ်ရေးရပြီးဖွဲ့စည်းတဲ့ အရပ်သားအစိုးရကလည်း သက်တမ်း ၁၄ နှစ်မှာ ကိုလိုနီ ခေတ်ဥပဒေတွေကို ဆက်လက်ကျင့်သုံးပါတယ်။ စစ်အာဏာရှင် အနှစ် ၅၀ ကြီးစိုးတဲ့အခါမှာ ကိုလိုနီခေတ်ဥပဒေတွေကို ဆက်လက်ကျင့်သုံးတဲ့အပြင် အမိန့်ဥပဒေအမျိုးမျိုးကိုလည်း ပြဌာန်း ပါတယ်။ အနှစ်သာရကိုကြည့်ရင် အင်္ဂလိပ်ကိုလိုနီအုပ်ချုပ်ရေးနဲ့ မြန်မာအစိုးရအုပ်ချုပ်ရေးဟာ အသွင်တူကြပါတယ်။ စစ်တပ်နဲ့ရဲတပ်ဖွဲ့ကို ဖိနှိပ်ရေးယန္တရားအဖြစ် အသုံးပြုပြီး တိုင်းသူပြည် သားကို ဖိနှိပ်ချုပ်ခြယ်တဲ့စနစ်ဖြစ်ပါတယ်။
အင်္ဂလိပ်ကိုလိုနီအစိုးရ ၁၉ ရာစုနှစ်ကပြဌာန်းခဲ့တဲ့ ရာဇသတ်ကြီးနဲ့ ရာဇဝတ်ကျင့်ထုံးဥပဒေဟာ မြန်မာအစိုးရအဆက်ဆက်ရဲ့ လက်သုံးတော်ဥပဒေတွေဖြစ်ပါတယ်။ ဥပဒေပါ အသုံးအနှုန်း အချို့ကို ၂၀၁၂ မှာ ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်ထားပေမယ့် ရာဇသတ်ကြီးဟာ အစွမ်း ထက်နေတုန်းပါပဲ။ ရာဇသတ်ကြီး အခန်း ၈ မှာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကိုပျက်စေတဲ့ ပြစ်မှု တွေကို ဖော်ပြပါတယ်။ အများပြည်သူအကျိုးကို ပျက်စီးစေတယ်လို့ အာဏာပိုင်ကယူဆရင် အရေးယူနိုင်တဲ့ဥပဒေပါပဲ။ နိုင်ငံတော်အစိုးရကိုဆန့်ကျင်တဲ့ ပြစ်မှုတွေကို အခန်း (၆) မှာ ဖော်ပြ ပါတယ်။ အစိုးရဆန့်ကျင်သူကို လက်ခံရင်၊ အားပေးရင်၊ ထိမ်ချန်ရင်လည်း အရေးယူနိုင်ပါ တယ်။ အစိုးရကို အကြည်ညိုပျက်အောင် ပြောဆိုရေးသားရင်၊ အမှတ်အသားပြရင်လည်း အရေးယူနိုင်တာမို့ ဒီပုဒ်မတွေကို ဖျက်သိမ်းသင့်တယ်လို့ ယူဆကြပါတယ်။
ငြိမ်ဝပ်ပိပြားရေး ပျက်ပြားအောင်လုပ်တယ်လို့ အာဏာပိုင်ကယူဆရင် ထောင်ဒဏ် ငွေဒဏ် ချမှတ်နိုင်အောင် သီးသန့်ပြဌာန်းထားတဲ့ ဥပဒေတွေလည်းရှိပါတယ်။ ၁၉၅၀ ပြည့်နှစ် ‘အရေးပေါ်စီမံမှု အက်ဥပဒေ’ နဲ့ ၁၉၇၅ မဆလခေတ်မှာပြဌာန်းတဲ့ ‘နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့်ဥပဒေ’ ဟာ အလွန်ကျယ် ပြန့်တာကြောင့် နိုင်ငံသားကို အလွယ်တကူ ဖမ်းဆီးနိုင်ပါတယ်။ ဥပမာ နိုင်ငံတော် ငြိမ်ဝပ်ပိပြား ရေးအတွက် ဆောင်ရွက်နေတဲ့ အစိုးရတပ်နဲ့ ရဲတပ်ဖွဲ့ကိုနှောင့်ယှက်ရင် သေဒဏ် (သို့မဟုတ်) ထောင်ဒဏ် တသက်တကျွန်းအထိ ကျနိုင်တယ်လို့ ၁၉၅၀ အရေးပေါ်စီမံမှုဥပဒေက ဆိုပါတယ်။ ၁၉၀၈ မတရားအသင်းဥပဒေနဲ့ ၁၉၂၃ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဟာ မရှိသင့်တော့ တဲ့ ပြဌာန်းချက်တွေဖြစ်တယ်လို့ နိုင်ငံခြားပညာရှင်တွေက ယူဆပါတယ်။
ဥပဒေဟာ ပြဌာန်းထားတဲ့အဆင့်မှာသာရှိရင် အကျိုးသက်ရောက်မှု မရှိပါဘူး။ လက်တွေ့ ကျင့်သုံးတဲ့အခါကျမှ သက်ဝင်လှုပ်ရှားလာတာဖြစ်ပါတယ်။ ကိုလိုနီခေတ်က လွတ်လပ်ရေး ခေတ် ၁၉၅၅ အထိ ဥပဒေပေါင်း ၇၀၀ နီးပါးရှိခဲ့ပြီး ၄၀၀ နီးပါးကို ပြင်ဆင်ကြောင်းသိရပါတယ်။ ဒီဥပဒေတွေကို Burma Code ခေါ် မြန်မာနိုင်ငံဥပဒေ ၁၃ တွဲမှာ တွေ့နိုင်ပါတယ်။ ၁၉၀၈ ခုနှစ် က ပြဌာန်းတဲ့ The Unlawful Associations Act အရ မတရားအသင်းအဖြစ် ကြေညာခံရတဲ့ အဖွဲ့အစည်းနဲ့ ပတ်သက်သူကို ဗမာအစိုးရ အရေးယူလေ့ရှိပါတယ်။ ဦးသိန်းစိန်အစိုးရကလည်း KIA ကချင်လွတ်လပ်ရေးတပ်နဲ့ ပတ်သက်တယ်လို့ ယူဆသူတွေကို အရေးယူအပြစ်ပေးတဲ့ နေရာမှာ ‘မတရားအသင်းဥပဒေ’ ကို သုံးနေပါတယ်။
အစိုးရလုပ်သမျှကို ပြည်သူပြည်သား သိပိုင်ခွင့်ရှိတဲ့ခေတ်မှာ ကိုလိုနီခေတ် ၁၉၂၃ ခုနှစ်က ပြဌာန်းတဲ့ နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေ၊ Burma Official Secrets Act ကို ကျင့်သုံး တာဟာ အလွန်သရုပ်ပျက်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ကိုလိုနီအာဏာရှင်ခေတ်က ဥပဒေတွေကို အများဆုံးကျင့်သုံးသူဟာ ဦးသိန်းစိန်အစိုးရရဲ့ပြုပြင်ရေး လက်လှမ်းမမီတဲ့ စစ်တပ် လက်အောက်ခံ ပြည်ထဲရေးနဲ့ ကာကွယ်ရေးဌာနတွေဖြစ်ပါတယ်။ ကိုလိုနီအာဏာရှင်ခေတ်က ဥပဒေတွေကို ကျင့်သုံးလေလေ ဦးသိန်းစိန်အစိုးရရဲ့ ပြုပြင်ရေးကို အယုံအကြည်နည်းလေလေ ဖြစ်လာဖို့သာ အလားအလာရှိနေပါတယ်။