သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထင်ကရ ပုဂ္ဂိုလ် The Elders အဖွဲ့ဝင် ၂ ဦး မြန်မာပြည်သွားမည်


The Elders အဖွဲ့ သတင်းစာရှင်းလင်းပွဲ၊ အမေရိကန် သမ္မတဟောင်း Jimmy Carter ၊ ရန်ကုန်မြို့ Strand Hotel ။ စက်တင်ဘာလ ၂၆၊
ကမ္ဘာ့အထင်ကရပုဂ္ဂိုလ်များအဖွဲ့ The Elders ရဲ့ အဖွဲ့ဝင်နှစ်ဦးဟာ ရှေ့သီတင်းပတ် အတွင်း မြန်မာနိုင်ငံဆီ လာရောက်ဖို့ ရှိပါ တယ်။ နော်ဝေး၀န်ကြီးချုပ်ဟောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ညွှန်ကြားရေးမှူးချုပ်ဟောင်းနဲ့ The Elders အဖွဲ့ ဒုတိယဥက္ကဋ္ဌ Gro Harlem Brundtland နဲ့ ဖင်လန်သမ္မတဟောင်းနဲ့ နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် Martti Ahtisaari တို့ဟာ မတ်လ ၂၄ ရက်နေ့ ကနေ ၂၆ ရက်နေ့အထိ လာကြမှာဖြစ်ပါတယ်။

ငြိမ်းချမ်းရေး၊ တရားမျှတမှုနဲ့ လူ့အခွင့်အရေးတွေအတွက် အခိုင်အမာသန္နိဋ္ဌာန်ချထားတဲ့ သီးခြားလွတ်လပ်တဲ့ ခေါင်းဆောင်တွေ အနေနဲ့ မြန်မာ့ နိုင်ငံရေးနဲ့ စီးပွားရေးပွင့်လင်းမှုအတွက် အထူးအရေးကြီိးတဲ့အချိန်ကာလမှာ လူမှုစီးပွားတရားမျှတမှုရဲ့ အကျိုး ကျေးဇူးတွေကို မီးမောင်းထိုးပြောဆိုဖို့၊ အားလုံးပါဝင်တဲ့ ဆုံးဖြတ်ချက်ချမှတ်ခြင်း လုပ်ငန်းစဉ်ကို အားပေးမြှင့်တင်ဖို့ ရည်ရွယ်တယ် လို့ မတ်လ ၂၁ ရက်နေ့စွဲနဲ့ အဖွဲ့ရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

The Elders ကိုယ်စားလှယ်အဖွဲ့ဟာ အစိုးရတာဝန်ရှိသူတွေ၊ လွှတ်တော်ခေါင်းဆောင်တွေနဲ့ နေပြည်တော်ဆီ သွားရောက်မှာဖြစ် သလို ကချင်ပြည်နယ်က လက်ရှိပဋိပက္ခအခြေအနေကို ဒေသခံတွေဆီကနေ နားထောင်ဖို့ မြစ်ကြီးနားမြို့ဆီ သွားရောက်ပါမယ်။

မြန်မာနိုင်ငံခရီးစဉ်အပြီး မတ်လ ၂၇၊ ၂၈ ရက်တွေမှာ ထိုင်းနိုင်ငံဆီ ခရီးဆက်ပြီး ထိုင်း-မြန်မာနယ်စပ်တလျှောက် ဒေသတွေဆီ သွားရောက်ပါမယ်။ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားလူမျိုးစုတွေအပေါ် နှစ် ၆၀ ကျော်ကြာ သက်ရောက်နေခဲ့တဲ့ ပြည်တွင်းစစ်ပွဲရဲ့ ရေရှည်ထိခိုက်မှုတွေကို သူတို့လေ့လာကြမှာဖြစ်သလို အကူအညီပေးနေသူတွေနဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။

အခုခရီးစဉ်ဟာဖြင့် The Elders အဖွဲ့ရဲ့ ဒုတိယအကြိမ်မြောက် ခရီးစဉ်ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလတုန်းက အမေရိကန်သမ္မတဟောင်း ဂျင်မီ ကာတာ၊ Martti Ahtisaari နဲ့ Gro Harlem Brundtland တို့ ပထမအကြိမ် လာရောက်ခဲ့ကြပါ တယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG