သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိင်တမူကွဲတွေအပေါ် မုန်းတီးမှု တိုက်ဖျက်ရေးနေ့


ဂျပန်နိုင်ငံ တိုကျိုမြို့မှာပြုလုပ်တဲ့ လိင်စိတ်ဝိဝေသကွဲပြားသူတွေရဲ့ ချီတက်ပွဲအတွင်း သက်တန့်ရောက်ပိတ်စကြီးတခုကို ကိုင်ဆောင်ချီတက်လာကြစဉ် (ဧပြီ ၂၁၊ ၂၀၂၄)
ဂျပန်နိုင်ငံ တိုကျိုမြို့မှာပြုလုပ်တဲ့ လိင်စိတ်ဝိဝေသကွဲပြားသူတွေရဲ့ ချီတက်ပွဲအတွင်း သက်တန့်ရောက်ပိတ်စကြီးတခုကို ကိုင်ဆောင်ချီတက်လာကြစဉ် (ဧပြီ ၂၁၊ ၂၀၂၄)

ဒီနေ့ မေလ ၁၇ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ လိင်တူ ချစ်သူ၊ လိင်တူ လိင်ကွဲ ချစ်သူနဲ့၊ လိင်ပြောင်းထားသူတွေအပေါ် မုန်းတီးမှုတိုက်ဖျက်ရေးနေ့ဖြစ်တာကြောင့် အဲဒီလို လိင်တမူကွဲနေသူတွေရဲ့ မွေးရာပါအခွင့်အရေးကို အသိအမှတ်ပြုတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။

အဲဒီလို လိင်စိတ်ကွဲပြားသူ LGBTQI+ တွေကို လိင်စိတ်မကွဲအောင် ကမ္ဘာတဝန်းမှာ ကုထုံးနဲ့ အတင်းပြောင်းလဲကုသမှုတွေဟာ စိတ်ပိုင်း၊ ရုပ်ပိုင်း ထိခိုက်တဲ့အတွက် အဆုံးသတ်အောင် အမေရိကန်အစိုးရက ဆောင်ရွက်နေတာကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လိင်တမူကွဲသူတွေကို ဥပဒေနဲ့ ရာဇဝတ်မှုကျူးလွန်သူတွေလို အရေးယူနေတဲ့အပေါ်လည်း ဆန့်ကျင်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ပြောကြားထားပါတယ်။

လိင်တူ ချစ်သူ၊ လိင်တူ လိင်ကွဲ ချစ်သူနဲ့၊ လိင်ပြောင်းထားသူတွေအပေါ် မုန်းတီးမှုတိုက်ဖျက်ရေးနေ့မှာ LGBTQI+ အသိုင်းအဝန်းတွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ၊ သူတို့နဲ့ပတ်သက်တဲ့ အသိပညာပေး လှုပ်ရှားမှုမှာ တခြားသံရုံးတွေနဲ့ အတူ ပါဝင်ခွင့်ရတဲ့ အပေါ် ဂုဏ်ယူတယ်လို့ ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးကလည်း ထုတ်ပြန်ပါတယ်။ လူမျိုး၊ အသားအရောင်၊ လိင်ဝိသေသကွဲပြားမှုကြောင့် ဘယ်သူမှခွဲခြား ဆက်ဆံ မခံရသင့်ဘူးလို့ အမေရိကန်သံရုံးရဲ့ Facebook စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ လိင်တူချစ်သူတွေ နဲ့ လိင်စိတ်ကွဲပြားသူတွေ အပေါ်မှာ တိကျတဲ့ ကာကွယ်ပေးမှုတွေ လိုအပ်နေသေးသလို ကာကွယ်ပေးနိုင်တဲ့ ဥပဒေတွေ မရှိတာကြောင့် အခွင့်အရေး ချိုးဖောက်ခံရတာတွေ ရှိတဲ့အကြောင်း အခွင့်အရေး လှုပ်ရှားသူတွေ မကြာခဏ ထောက်ပြ ပြောဆိုလေ့ရှိပါတယ်။ တချို့လူမှု အသိုင်းအဝိုင်းတွေထဲမှာ လိင်တူစုံမက်သူတွေအပေါ် မတရား အနိုင်ကျင့်တာမျိုးနဲ့ ခွဲခြား ဆက်ဆံမှုမျိုးတွေရှိနေတယ်လို့ LGBTQI+ အသိုင်းအဝိုင်းက ပြောပါတယ်။ မြန်မာနိုင်ငံမှာ လိင်တူဆက်ဆံရင် ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရနိုင်တဲ့ ဥပဒေလည်း ရှိနေသေးဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG