သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kim Jong Un ရုပ်ရှင် ခရစ္စမတ်အမီ ရုံတင်ဖို့ Sony ဆုံးဖြတ်


အမေရိကန်ပြည်ထောင်စုအခြေစိုက် ဆိုနီရုပ်ရှင်ထုတ်လုပ်ရေးကနေ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း အကြောင်းရိုက်ကူးတင်ပြထားတဲ့ သူတို့ရုပ်ရှင်ကားကို ရုံတင်ပြသသွားမှာ ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

Kim Jong Un ကို လုပ်ကြံသတ်ဖြတ်တဲ့အကြောင်း ရိုက်ကူးထားတဲ့ The Interview ဇာတ်ကားကို လာမယ့် ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ ရုပ်ရှင်ရုံတချို့မှာ ပြသမယ်လို့ ဆိုနီထုတ်လုပ်ရေးက ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ဒီဇာတ်ကားကို ရုပ်ရှင်ရုံတွေမှာ ပြသမှာမဟုတ်ဘူးလို့ ဆိုနီရုပ်ရှင်ထုတ်လုပ်ရေးက ကြေညာခဲ့တာပါ။ သူတို့ရဲ့ ကွန်ပျူတာတွေကို အမည်မသိ အင်တာနက်ဆိုက်ဘာ တိုက်ခိုက်သူတွေက ဖောက်ထွင်းဝင်ရောက်ပြီး စိတ်အနှောင့်အယှက်ဖြစ်ဖွယ် အီးမေးလ်တွေနဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို အင်တာနက်ပေါ်မှာ ဖြန့်ဝေခဲ့တဲ့အပြင် တကယ်လို့များ ဒီရုပ်ရှင်ဇာတ်ကားကို သတ်မှတ်ထားတဲ့ရက်မှာ ရုံတင်ပြသမယ်ဆိုရင် အခြေအနေတွေ ဒီထက်ပိုဆိုးရွားသွားစေမယ်လို့ ခြိမ်းခြောက်ထားခဲ့တာပါ။

တက္ကဆက်ပြည်နယ် အော်စတင်မြို့က The Alamo Drafthouse ရုပ်ရှင်ရုံနဲ့ ဂျော်ဂျီယာပြည်နယ် အတ္တလန်တာမြို့က the Plaza စတဲ့ နေရာနှစ်နေရာမှာ The Interview ဇာတ်ကားကိုပြသဖို့ စီစဉ်ထားကြောင်း တာဝန်ရှိသူတွေက ကြေညာထားပါတယ်။

XS
SM
MD
LG